Home / ကဝမြို့နယ် / ကမ်းပြိုသည့့််ကျေးရွာများသို့ ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

ကမ်းပြိုသည့့််ကျေးရွာများသို့ ဝန်ကြီးချုပ် သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

မေ ၁၉ (ပဲခူး)
===============================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၁၉)ရက်နေ့၊ မွန်းလွှဲ(၁)နာရီအချိန်က အုန္နဲစံပြကျေးရွာ၊ ဇွဲလင်းစိုက်ပျိုးရေးခန်းမ၌ စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် ကဝမြို့နယ်၊ မမောက်ကျေးရွာရှိ မိသားစုများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေတို့မှ နှစ်သိမ့်အားပေးစကား ပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်မှ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် ဝန်ကြီးချုပ်မှ စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော မမောက်ကျေးရွာရှိ မိသားစုဝင်များထံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေများ ကိုလည်ကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပေးအပ်သော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအားလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ တစ်ပတ်စာ ဆန်ရိက္ခာဘိုးငွေများကိုလည်းကောင်း ပေးအပ်ကြသည်။
ယင်းနောက် မမောက်ကျေးရွာ အိမ်ထောင်စုဝင်များကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသည့် မမောက်ကျေးရွာတွင် အိမ်ထောင်စု(၄၂၆)စု၊ လူဦးရေ(၂၃၉၀)ဦးရှိသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် (၄၂၆)သိန်း၊ လူတစ်ဦးလျှင် တစ်နေ့ဆန်(၂)ဗူးနှုန်းဖြင့် တစ်ပတ်စာအတွက် စုစုပေါင်းဆန်ရိက္ခာဘိုးငွေ ကျပ်သိန်း(၅၀)ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအတွက် ငွေကျပ်သိန်း(၈၀)ကျော် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း (၅၅၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် ဧပြီလ(၁)ရက်နေ့မှ မေလ(၁၉)ရက်နေ့အထိ ဘေးဖြစ်ပွားမှုအကြိမ်ရေ (၄၆)ကြိမ်အတွက် ထောက်ပံ့ပေး မှုမှာ ငွေကျပ်သိန်း(၁၃၂၇)ကျော် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။