Home / ကဝမြို့နယ် / ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု

ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု

ဇန်နဝါရီ ၉ (ပဲခူး)

========================

ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးသိန်းဌေးအောင်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်လှိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင် ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျှက် ပဲခူးခရိုင် ကဝမြို့နယ်အတွင်း ဒေသဖွံဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ကူညီဆောင်ရွက်ပေးခဲ့သည်။

ယခုခရီးစဉ်သည် ကဝမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရေး၊ နွေရာသီ သောက်သုံးရေရှားပါးမှု လျော့နည်းသက်သာစေရန်၊ ရေချိုထိန်းသိမ်းနိုင်ရေးအတွက်ရေထိန်းတံခါးများ ထပ်မံတပ်ဆင်နိုင်ရန်နှင့် မြစ်ကမ်းပါးပြိုကျခြင်းမှ ကာကွယ်နိုင်ရေးစသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း သိရှိရသည်။