• ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှုစခန်း ဖွင့်ပွဲအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားစဉ်

  • ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှုစခန်း ဖွင့်ပွဲအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်မှ ကဝမြို့နယ်၊ သက္ကလမြို့တွင် စိုက်ပျိုးရေးပညာပေးရေး ရှေ့တန်းစခန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားစဉ်

  • ဒေသခံတောင်သူများ၏ မေးမြန်ချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်မှ ပြန်လည်ဖြေကြားစဉ်

Home / ကဝမြို့နယ် / ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှုစခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှုစခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

စက်တင်ဘာလ ၁၇

IMG_3120

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၈:၃၀) အချိန်က ကဝမြို့နယ်၊ သက္ကလမြို့တွင် လူထုအခြေပြုလေ့လာမှု စခန်း (Community Learning Center)ဖွင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဝန်ကြီးဦးအောင်ဇော်နိုင်မှ တက်ရောက် ခဲ့သည်။

အဆိုပါအခမ်း၌ ပဲခူးတိုင်းကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်က ဒေသခံတောင်သူများအနေဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်များ စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး တို့အတွက် လူထုအခြေပြုလေ့လာမှုစခန်း (Community Learning Center) ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်မှ ကဝမြို့နယ်၊ သက္ကလမြို့တွင် စိုက်ပျိုးရေးပညာပေးရေး ရှေ့တန်းစခန်းဖွင့်လှစ်ခြင်းဖြင့် တောင်သူများ၏ စိုက်ပျိုးရေးအခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် တောင်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး၊ ဦးအောင်ဇော်နိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့် တို့မှ ပြန်လည်ဖြေကြားခဲ့သည်။