Home / ကဝမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ကဝမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ကဝမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

kawa1

တည်နေရာအကျယ်အဝန်း

၁။        ကဝမြို့နယ်သည် မြန်မာနိုင်ငံ၏တောင်ပိုင်းတွင်ရှိ၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တွင်တည်ရှိ ပါသည်။ကဝမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆မိနစ်နှင့် ၁၇ဒီဂရီ ၁၁မိနစ်ကြား အရှေ့ လောင်ဂျီတွဒ်၉၆ ဒီဂရီ၂၂မိနစ် နှင့် ၉၇ဒီဂရီ၀၃မိနစ်အကြားတွင်တည်ရှိပါသည်။ မြို့နယ်နှင့် မြို့၏ ဧရိယာ အကျယ်အဝန်းမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် မြို့နယ် မြို့နယ်ခွဲ ဧရိယာ

စတုရန်းမိုင်

မြို့ ဧရိယာ

စတုရန်းမိုင်

ကဝ ၆၄၇.၆၈ ကဝ ၀.၃၉၀၆
သက္ကလ ၀.၃၀၉၃
မြို့နယ်ချုပ် ၆၄၇.၆၈ ၀.၆၉၉၉

 

မြေမျက်နှာသွင်ပြင် ၊ ရာသီဥတု

၂။      ကဝမြို့နယ်သည် မြေပြန့်လွင်ပြင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် (၁၃.၃၈)ပေတွင် တည်ရှိ ပါသည်။

          ကဝမြို့နယ်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုဖြစ်ပါသည်။

၃။     အုပ်ချုပ်ရေးဆိုင်ရာ

        အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

        မြို့နယ်                   –        (၁)မြို့နယ်

          မြို့               –        (၁)မြို့

          ရပ်ကွက်        –        (၁၂)ရပ်ကွက်

          ကျေးရွာအုပ်စု –        (၉၀)အုပ်စု

          ကျေးရွာပေါင်း –        (၁၅၇)ရွာ

ဌာနဆိုင်ရာရုံးများအခြေအနေ

            ကဝမြို့နယ်ရှိဌာနဆိုင်ရာရုံးများအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ဌာနဆိုင်ရာအမည်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်တရားရုံး
မြို့နယ်ဥပဒေရုံး
မြို့နယ်ကော်မရှင်ရုံး
မြို့နယ်စာရင်းစစ်ရုံး
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံး
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန
မြို့နယ်မီးသတ်ဦးစီးဌာန
၁၀ မြို့နယ်စည်ပင်သာယာရေးအဖွဲ့
၁၁ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၁၂ မြို့နယ်ပြည်သူ့ဆောက်လုပ်ရေး
၁၃ မြို့နယ်သမဝါယမဦးစီးဌာန
၁၄ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
၁၅ မြို့နယ်လယ်ယာမြေစိစစ်ရေးနှင့်စာရင်းအင်းဦးစီးဌာန
၁၆ မြို့နယ်ဆည်မြောင်းဦးစီးဌာန
၁၇ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန
၁၈ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
၁၉ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
၂၀ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၂၁ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အော်တိုအိတ်ချိန်း)
၂၂ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(စာတိုက်)
၂၃ မြို့နယ်အားကာစားနှင့်ကာယပညာဦးစီးဌာန
၂၄ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန
၂၅ မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း
၂၆ မြန်မာ့စီးပွားရေးဘဏ်
၂၇ မြို့နယ်ပညာရေးမှူးရုံး
၂၈ မြို့နယ်ကျန်းမာရေးဦးစီးဌာန
၂၉ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန

 

မြို့နယ်အတွင်းရှိရဲစခန်းများ

            (၁)       က၀မြို့မရဲစခန်း

            (၂)       အုန်းနှဲကျေးရွာရဲစခန်း

            (၃)       သက္ကလအသင်းကျေးရွာရဲစခန်း

            (၄)       ကဒတ်စိန်ကျေးရွာရဲစခန်း

            (၅)       သက္ကလမြို့ရဲကင်းစခန်း

စီးပွားရေး

၄။      ကဝမြိုနယ်သည်ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီးစီးပွားရေးအရ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူ လူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ကဝမြို့နယ်သည် ကုန်းလမ်းဆုံရာ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆန်စပါး နှင့် ပဲမျိုးစုံဖြစ်ပြီး ပဲခူးမြို့၊ ရန်ကုန်မြို့များသို့ အများဆုံး တင်ပို့ ရောင်းချပါသည်။

လူမှုရေး

၅။      အခြေခံပညာကျောင်းများ

          အထက်တန်းကျောင်း                    (၁၀)ကျောင်း

          အလယ်တန်းကျောင်း                    (၁၂)ကျောင်း

          မူလတန်းကျောင်း                         (၁၄၉)ကျောင်း

          မူလတန်းကြိုကျောင်း                    (၃၃)ကျောင်း

          ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၇)ကျောင်း

          ဆေးရုံများ

          မြို့နယ်ပြည်သူ့ဆေးရုံ                     (၂၅)ကုတင်ဆံ

          သက္ကလတိုက်နယ်ဆေးရုံ                (၁၆)ကုတင်ဆံ

          အုန်းနှဲတိုက်နယ်ဆေးရုံ                            (၁၆)ကုတင်ဆံ

          သရက်ကုန်းတိုက်နယ်ဆေးရုံ           (၁၆)ကုတင်ဆံ

          ဝဲပတန်တိုက်နယ်ဆေးရုံ                           (၁၆)ကုတင်ဆံ

          သပြေကန်အသင်းတိုက်နယ်ဆေးရုံ   (၁၆)ကုတင်ဆံ

          ကျေးလက်ကျန်းမာရေးဌာန

        အုန်းနှဲတိုက်နယ်ကျန်းမာရေးဌာန

          သက္ကလတိုက်နယ်ကျန်းမာရေးဌာန

          သရက်ကုန်းတိုက်နယ်ကျန်းမာရေးဌာန

          သပြုကျန်းမာရေးဌာန

          မကျက်ကြီးကျန်းမာရေးဌာန

          ဝဲပတန်ကျန်းမာရေးဌာန

အောင်ဇေယျကျန်းမာရေးဌာန

          နိဗ္ဗာန်ကျန်းမာရေးဌာန

          ရစ်ကံကြီးကျန်းမာရေးဌာန

          တကောကနုတ်ကျန်းမာရေးဌာန

 အသင်းအဖွဲ့များ

၆။      က၀မြို့နယ်တွင်အသင်းအဖွဲ့များမရှိပါ-

ထင်ရှားသည့်ဘုရားပုထိုးစေတီများ

၇။      မဟာမုနိငါးထပ်ကြီးဘုရား             က၀မြို့

          ကျိုက်မတ်ကော်စေတီတော်မြတ်                ဖလေးကျေးရွာ

          ခမဲပြင်အောင်မြေကျွန်းမြတ်ဘုရား    အုန်းနှဲကျေးရွာ

ဘာသာရေးအဆောက်အဦးများ

၈။      ဘုန်းကြီးကျောင်းများ          (၂၂၀)ကျောင်း

          ဘုရားစေတီ                       (၃၂)ဆူ

အစ္စလာမ်ဝတ်ပြုကျောင်း      (၂)

ဟိန္ဒူဘုရားကျောင်း            (၁၁)

ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၄)

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၉။      ကဝမြို့နယ်၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ် ပါသည်-

        (က)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများ

          (၁)     သက္ကလမြို့ကန်တော်မင်္ဂလာရပ်ကွက်၊         ၈၀၀’ × ၈’  × ၀ ‘× ၆”         (၂၀)သိန်းကျပ် ၁၅.၃.၂၀၁၆             ပတ္တမြားလမ်းဂဝံခင်းခြင်း

(၂)     အုန်းနှဲကျေးရွာ၊         ဓမ္မာသတ်       ၂၀၀၀’ × ၄’  × ၀ ‘× ၆” (၄၀)သိန်းကျပ် ၁၅.၃.၂၀၁၆ ကျေးရွာကျောင်းလမ်း၊
ဂဝံခင်းခြင်း

(၃)     က၀-ကြာတောလမ်းကွန်ကရစ်ခင်းခြင်း           ၇၂၅၀’×၂’×၆’×၀’×၄'(၂၀)သိန်းကျပ် ၁၅.၃.၂၀၁၆

(၄)     ညောင်ပင်ကျေးရွာသောက်သုံးရေကန်             ၄၀၀’×၂’ ၊ ၄၈၀’×၂’  (၂၀)သိန်းကျပ် ၁၅.၃.၂၀၁၆

        (ခ)    ဒေသဖွံဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရ                အဖွဲ့ရန်ပုံငွေ(ကျပ်သိန်း ၁၆၀)ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ

        (၁)     ရှမ်းကန်-ဘုမ္မစိုးရွှေရတု၊         ၁၂၀’ × ၁၂’  × ၂၃ ‘ (၃၀)သိန်းကျပ်     ၁၅.၃.၂၀၁၆

                   တံတားပြုပြင်ခြင်း

(၂)     ပိုင်ကျုံသစ်သားတံတား                     ၅၆’×၁၂’×၁၄’     (၃၀)သိန်းကျပ်        ၁၅.၃.၂၀၁၆

          အစားကွန်ကရစ်တံတားပြုပြင်

(၃)     သံဒင်းကွန်ကရစ်တံတား           ၄၀’×၁၂’×၈’       (၄၀)သိန်းကျပ်      ၁၅.၃.၂၀၁၆

(၄)     ခနီးကွန်ကရစ်တံတား                       ၂၀’×၁၂’ ×၇’       (၄၀)သိန်းကျပ်        ၁၅.၃.၂၀၁၆

(၅)     အင်း၀-သခွတ်ကန်ရွာတွင်း       ၂၅၀၀’×၃’ ×၃’       (၂၀)သိန်းကျပ်        ၁၅.၃.၂၀၁၆

          အုတ်ချောလမ်း

(ဂ)     ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ သိန်း(၁၀၀၀)ဖြင့်  ဆောင်ရွက်သည့်   လုပ်ငန်းများ

        လမ်း(၁၆)လမ်း                  (၄၉၅)သိန်း

          တံတား(၁၅)ခု          (၄၇၅)သိန်း

          ရေပြွန်(၆)ခု              (၃၀)သိန်း

          စုစုပေါင်း             ၁၀၀၀သိန်း

ယဉ်ကျေးမှုနယ်မြေများ

၁၀။    ကဝမြို့နယ်တွင် ယဉ်ကျေးမှု နယ်မြေများ မရှိပါကြောင်း တင်ပြအပ်ပါသည်။

ဒေသသမိုင်းအကျဉ်း

၁၁။    ကဝမြို့နယ်သည် ရှေးမြန်မာဘုရင်များအုပ်စိုးစဉ်က ထင်ရှားသော ကျေးရွာကြီးဖြစ်ခဲ့ ပါသည်၊ ရေလမ်းဖြင့်လှေ၊သမ္ဗာန်၊ပိန်းကော၊ သစ်ဖေါင်၊ ဝါးဖောင်များမှအစ ပင်လယ်ရေအတက် အကျကို စောင့်ဆိုင်းနားခိုရန် ကျေးရွာကြီးတစ်ရွာဖြစ်ခဲ့ပါသည်၊ နှစ်ရှည်ပင်များပေါက်ရောက် လျက် ရှိပြီး ကုက္ကိုလ်ပင်များ၌ရာသီမရွေး လင်းဆွဲငှက်များ တွဲလောင်းခို၍အမြဲစေ နေထိုင်ကြသည်ကို အစွဲပြု၍ လင်းဆွဲဂါမရွာဟု အမည်စတင်ခဲ့ ပါသည်။၄င်းနောက်မွန်ဘုရင်လက်ထက်တွင် လင်းဆွဲ ကို မွန်ဘာသာ ဖြင့် ကွပ်ဟုခေါ်ခဲ့သဖြင့် ကွပ်ရွာကွပ်မြို့ဟုခေါ်ခဲ့ရာမှကာလရွေ့လျားကာ ကဝမြို့ဟု ပြောင်းလဲဖြစ်ပေါ်လာကြောင်း သိရပါသည်။၁၈၈၅ခုနှစ် အဂ်လိပ်-မြန်မာ စစ်ပွဲအပြီး ဗြိတိသျှတို့က ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် ကဝမြို့အား ဒါးပိန် (ယခုလှည်းကူးမြို့နယ်နှင့် တွဲဘက်အုပ်ချုပ် ခဲ့သည်၊ ထို့နောက်မှ တဆင့် ကဝမြို့အား ပဲခူးစီရင်စုအတွင်း တိုက်နယ်အဆင့် သတ်မှတ်၍ တိုက် သူကြီး၊ ကျေးရွာသူကြီးများနှင့် ဂါတ်ကင်းများဖွင့်လှစ်၍အုပ်ချုပ်ခဲ့ သည်၊ ထို့နောက်ကဝတိုက်နယ် အတွင်းကျေးရွာမြေများနှင့်စိုက်ပျိုးမြေများ တိုးတက်လာသည့်အတွက် က၀မြိုနယ်အဆင့် မြို့အဖြစ် သတ်မှတ်ကာမြို့ အုပ်ရုံး၊တရာမရုံး၊ရဲဌာန၊ အချုပ် ထောင်၊ ငွေတိုက် စသည်များတိုးချဲ့ဖွင့်လှစ် လာခဲ့ပါသည်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ၁၉၃၄ခုနှစ်တွင် အုပ်ချုပ်ရေးအားလုံး သနပ်ပင် မြို့နယ်သို့ပြောင်းရွေ့သွားကြသည်။ ၁၉၄၅ ခုနှစ်တွင် ကဝမြို့ပိုင်ရုံးနှင့် အခြားရုံးများကို ကဝမြို့၌ဖွင့် လှစ်ခဲ့ပါသည်၊ လွတ်လပ်ရေးရပြီးနောက်အစိုးရရုံးဌာနများ ဖွင့်လှစ်လာခဲ့သည့် နောက်ပိုင်းတွင် မြို့နယ် နှင့်ပတ်သက်သည့်အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာရုံးများ ဖွင့်လှစ်လာခဲ့ပြီး နယ်မြေအုပ်ချုပ်ရေးတွင်လည်း(၁)အုန်းနှဲ၊(၂) မမောက်၊ (၃) ကဒါတ်စိန် စသည့် တိုက်နယ် ကျေးရွာ ကြီးများကို   မြို့နယ်ခွဲအဖြစ်  သတ်မှတ်ကာ  လက်ထောက်မြို့ပိုင်ရုံးများ  ဖွင့်လှစ်အုပ်ချုပ်ခဲ့ပါသည်။ ကဝမြို့နယ်တွင်ရပ်ကွက် (၁၂)ခု၊ကျေးရွာအုပ်စု (၉၀)အုပ်စု၊ ကျေးရွာ ပေါင်း (၁၅၇)ရွာရှိပါသည်။

၁၂။    မြို့နယ်အတွင်းရှိ  အထင်ကရပွဲတော်များ

(က)    ကဝမြို့နယ် ၊ ဖလေးကျေးရွာအုပ်စု ၊ ဖလေးကျေးရွာတွင် တည်ထားကိုးကွယ် လျှက်ရှိ သော ဆံတော်ရှင် ကျိုက်မတ်ကော် စေတီမြတ်ဘုရားပွဲတော်ကို နှစ်စဉ် တပို့လဆန်း       (၁၄)ရက်၊ တပို့လပြည့်(၁၅)ရက်နှင့်လပြည့်ကျော်(၁) ရက်နေ့ထိ(၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ပါသည်။

(ခ)     ဆံတော်ရှင်ကျိုက်မတ်ကော်စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းဖြစ်စဉ်မှာ ဖလေးကျေးရွာဆံတော်ရှင် ကျိုက်မတ်ကော်စေတီတော်မြတ်ကြီးကို သထုံပြည် ပြည့်ရှင်စူဠသီရိမာသောကာမင်း ပြန်လည်တည်ဆောက်ရာတွင် လုပ်ငန်းကိစ္စ အဝဝကို မိမိ၏အမတ်ကြီးကော်ကိုဝန်ပြု၍  လုပ်ဆောင်စေခဲ့ပါသည်။ အမတ်ကြီး ကော်သည် စေတီတော်မြတ်ကြီး၏အောက်ခြေ ဖိနပ်တော်ကို သံတောင်(၂၀၀) ဖွဲ့စည်း၍  အမြင့်ဉာဏ်တော်ကို ( ၁၇၅ ) တောင်အထိ  တည်ဆောက်ခဲ့ပါသည်။  ပြန် လည်တွေ့ရှိသော    ဗုဒ္ဓမြတ်စွာ ၏ မူလဆံတော်( ၁ )ဆူနှင့်  ဓါတ်တော် မွေတော်( ၃ ) ထောင်တို့ကိုလည်း ထည့်သွင်းဌာပနာ ပြုခဲ့ပါသည်။  ထိုစဉ် ကျိုက်မတ်ကော် စေတီ တော်မြတ်ကြီးပြန် လည်တည်ဆောက်သည့် ကာလအား  သာသနာနှစ်(၂၃၇) ဝန်းကျင်ဟု ခန့်မှန်းရပါသည်။ စေတီတော်မြတ်ကြီးကိုလည်း ပြန်လည်တည်ဆောက် ရေး ကြီ:မှူးခဲ့သူ အမတ်ကြီးကော်ကို အစွဲပြု၍ ကျိုက်ဒေးကော်မှ ကာလရွေ့လျား သောအခါ ကျိုက်မတ်ကော်ဟူ၍ ခေါ်တွင်လာစေခဲ့ပါသည်။

(ဂ)     ကဝမြို့နယ် ၊ အုန်းနှဲကျေးရွာအုပ်စု ၊ ခမဲပြင်ကျေးရွာတွင် တည်ထားကိုးကွယ် လျှက်ရှိသော အောင်မြေကျွန်းမြတ်အတုလအောင် ဆုတောင်းပြည့်စေတီတော်မြတ် ကြီး၏ ပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း(၆၊၇၊၈၊၉) (၄)ရက်တိုင်တိုင် ကျင်းပပြု လုပ်ခဲ့ပါသည်။

(ဃ)    ခမဲပြင်အောင်မြေ ကျွန်းမြတ်စေတီမြတ်ကြီး၏ သမိုင်းကြောင်းဖြစ်စဉ်မှာ ခမဲပြင်အောင်မြေကျွန်းမြတ်  အတုလအောင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ရှိရာ ခမဲပြင်ကုန်းတော်သည် မွန်နှင့်မြန်မာ အကြိမ်ကြိမ်စစ်ဖြစ်ပွားခဲ့ရာ ပဲခူးဘုရင် ရာဇရာဇ် နှင့် မြန်မာဘုရင်မင်းခေါင်  မင်းသားမင်းရဲကျော်စွာတို့ ဒလ/ပန်းကျော် စစ်ပွဲများတိုက် ခိုက်စစ်ချီရာ လမ်းကြောင်း အနီးတွင် တည်ရှိပြီး မွန်ဘုရင်သည် မြန်မာဘုရင်တို့နှင့် စစ်ရှုံးသည်ရှိသော် ဒလတပ်ဖွဲ့ မှ တပ်ဆုပ်၍ စစ်တစ်ခေါက်နားရာ  စစ်ရေးပြန်လည် လေ့ကျင့်ရာပဲခူးတောင်ဘက် ” ကမာပြင်” အရပ်သည် ယခု” ခမဲပြင်” နေရာဖြစ်ပါ သည်။ သက္ကရာဇ်(၈၃၇)ခုနှစ်တွင် ဒုတိယ မင်းရဲ ကျော်စွာစံ(စောရွှေခက်)၏   သားမင်းရဲကျော်စွာငယ် (ရမည်းသင်းစ) မွန်ကျေး-  ကောလိယ တွင် စစ်နိုင်၍  ၎င်းပုန်း      အောင်းခဲ့ရာ အုန်းနှဲပင်ကြီး သစ်ခေါင်းမှ ပြဒါးရှင် လုံးပါသည်။ ရုပ်ပွားတော်(၁)ဆူကိုလည်း ထို ” ဒင်းဘဲလ်” အရပ်ရှိ စေတီတွင် ဌာပနာခဲ့ပြီး ထိုစေတီတော် မြတ်အမည်ကို လည်း မဟာအတုလ ဆံတော်ရှင် စေတီတော်မြတ်ကြီးဟု ခေါ်တွင်စေခဲ့ပါသည်။

ကဝမြို့နယ် ၊ သက္ကလမြို့၏ဒေသဆိုင်ရာအချက်အလက်များ

 

တည်နေရာအကျယ်အဝန်း

၁။         သက္ကလမြို့သည်‌ မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၅၅မိနစ် ၈၄ စက္ကန့် နှင့်အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၃၅မိနစ် ၃၂ စက္ကန့်တွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၁.၅)မိုင်ခန့်နှင့်် တောင်မှမြောက်သို့ (၁)မိုင်ခန့်ရှည်လျား ပါသည်။သက္ကလမြို့၏ဧရိယာစတုရန်းမိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် မြို့ စတုရန်းမိုင်
သက္ကလမြို့ ၆.၇၂ ဧရိယာ
မြို့ချုပ် သက္ကလမြို့ ၆.၇၂ ဧရိယာ

နယ်နိမိတ်

           သက္ကလမြို့၏ အရှေ့ဘက်တွင် ကသစ်ပင်ကျေးရွာနှင့် တကောကနုတ် ကျေးရွာ၊ တောင်ဘက်တွင် မက္ကဘင်းကျေးရွာ ထိစပ်လျက်ရှိပါသည်။အနောက်ဘက်တွင် ခမွန်ကံကြီး ကျေးရွာနှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင်မုဒု ကျေးရွာ တို့နှင့်နယ်နိမိတ် ထိစပ် လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်ရာသီဥတု

မြေပြင်အခြေအနေ

          ညီညာပြန့်ပြူးသောမြေမျက်နှာပြင်အနေအထားရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့်

          သက္ကလမြို့၏ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ(၁၃.၃၈)ပေ ဖြစ်ပါသည်။

 ရာသီဥတု

၂။       သက္ကလမြို့သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန်(၄ဝံc)နှင့်အနိမ့်ဆုံး အပူချိန်မှာ (၁၄ံc ) ဖြစ်ပါသည်။

 

 

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၃။     သက္ကလမြို့၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ် မြို့ ရပ်ကွက် မှတ်ချက်
သက္ကလမြို့

အုပ်ချုပ်ရေးမှူးရုံးများ

          သက္ကလမြို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ် မြို့

အုပ်ချုပ်ရေးမှူး

အမည်

မြို့ ရုံး ရပ်ကွက်

ရုံး

ဦးခွန်နိုင်ထက်အောင်

 

ဌာနဆိုင်ရာရုံးများ

        ဌာနဆိုင်ရာရုံးများ  –       (၄)ရုံး

 

မြို့အတွင်းရှိရဲစခန်းများ

          (၁)     သက္ကလမြို့ရဲစခန်း

စီပွားရေးဆိုင်ရာအချက်အလက်

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်

၄။      သက္ကလမြို့သည် အမှတ်(၆)လမ်းမကြီးပေါ်တွင်တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု ရှိသောမြို့ တစ်ခုဖြစ်ပါသည်။ မြို့အတွင်း ရှိဒေသခံ ပြည်သူလူထုသည် ဈေးရောင်းဈေးဝယ်၊ ကုန်သည်ပွဲစား လုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း များကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြပါသည်။ သက္ကလမြို့သည် အမှတ်(၆) လမ်းမကြီးပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ဖြစ်ပါသည်။ မြို့၏အဓိက ထွက်ကုန်များမှာ ဆန်စပါး နှင့် ပဲမျိုးစုံဖြစ်ပြီး ပဲခူးမြို့၊ ရန်ကုန်မြို့များ သို့အများဆုံး တင်ပို့ရောင်း ချပါသည်။

လူမှုရေးဆိုင်ရာအချက်အလက်များ

ပညာရေးကဏ္ဍ

၅။      သက္ကလမြို့တွင်ရှိသော ပညာရေးဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖော်ပြအပ် ပါသည်-   

         (ခ) အခြေခံပညာ

စဉ် ကျောင်းအမည် တည်နေရာ မှတ်ချက်
အထက(သက္ကလ) မြို့မစံပြရပ်ကွက်  
အထက(ခွဲ)သက္ကလ ဘူတာရပ်ကွက်  
အမက(သက္ကလ) ဈေးကြီးရပ်ကွက်  
အမက(သက္ကလ) ဈေးကြီးရပ်ကွက်  
အမက(သက္ကလ) ဈေးကြီးရပ်ကွက်  
မူကြိုကျောင်း အောင်မင်္ဂလာရပ်ကွက်  
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရွှေပြည်အေးရပ်ကွက်  
အမက(သက္ကလ) ကန်တော်မင်္ဂလာရပ်ကွက်  

ကျန်းမာရေးကဏ္ဍ

          သက္ကလမြို့၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက် များမှာ အောက်ပါအတိုင်းဖြစ် ပါသည်-

          (က) ဆေးရုံများ

စဉ် ဆေးရုံအမည် အစိုးရ/ပုဂ္ဂလိက ကုတင်အရေအတွက်
သက္ကလတိုက်နယ်ဆေးရုံ အစိုးရ ၁၆
မြို့ချုပ် သက္ကလတိုက်နယ်ဆေးရုံ အစိုးရ ၁၆

 

()   ဆေးပေးခန်းများ

စဉ် ဆေးပေးခန်း အမည်  အစိုးရ/

ပုဂ္ဂလိက

ကုသသည့် ရောဂါအမျိုးအစား
Dr: ဝေလင်းဗိုလ် ပုဂ္ဂလိက အထွေထွေ
Dr: အေးပြုံး ပုဂ္ဂလိက အထွေထွေ
မြို့ချုပ် ၂ ခန်း ပုဂ္ဂလိက အထွေထွေ

()   ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ

စဉ် ကျေးလက်ကျန်းမာရေး ဌာနအမည် ကျေးလက်ကျန်းမာရေး ဌာနခွဲအမည် မှတ်

ချက်

သက္ကလ သက္ကလ ၁  
    သက္ကလ ၂  
မြို့ ချုပ်  

() ကျန်းမာရေးစောင့်ရှောက်မှု

စဉ် လူဦးရေ ဆရာဝန်မှ   ကျန်းမာရေး စောင့်ရှောက်မှုနှုန်း   သူနာပြုမှ ကျန်းမာရေး စောင့်ရှောက်မှုနှုန်း လက်ထောက် ကျန်းမာရေးမှူးမှ

ကျန်းမာရေး စောင့်ရှောက်မှုနှုန်း

ဆရာ၀န် ဦးရေ ဆရာ၀န် နှင့် လူဦး ရေ အချိုး သူနာ

ပြု

 ဦးရေ

သူနာပြုနှင့် လူဦး ရေ အချိုး /ထ ကျန်းမာ ရေးမှူး ဦးရေ /ထ ကျန်းမာ ရေးမှူးနှင့် လူဦးရေ အချိုး
၂၄၁၂၄ ၁: ၁၂၀၆၂ ၁:၆၀၃၁
မြို့

ချုပ်

၂၄၁၂၄ ၁: ၁၂၀၆၂ ၁:၆၀၃၁

 

 

လူမှုရေးအသင်းအဖွဲ့များ

၅။      သက္ကလမြို့ရှိလူမှုရေးအသင်းအဖွဲ့များဆိုင်ရာ အချက်အလက် များမှာ အောက်ပါအတိုင်းဖြစ် ပါသည်-

        (က)    INGO      

စဉ် INGO အမည် ရုံး/ ရုံးခွဲ တည်နေရာ ဆောင်ရွက်သည့် လုပ်ငန်း
-မရှိပါ-
မြို့ချုပ်

        (ခ)    NGO (ဦးရေ)

စဉ် အမျိုးသမီး

ရေးရာ

မိခင်နှင့်ကလေး

စောင့်ရှောက်

ရေးအသင်း

စစ်မှုထမ်း

ဟောင်း

ကြက်ခြေနီ အရန်

မီးသတ်

၁၀၀၀ ၁၀၀၀ ၄၂ ၅၅
မြို့ချုပ် ၁၀၀၀ ၁၀၀၀ ၄၂ ၅၅

        (ဂ) အသင်းအဖွဲ့များ

စဉ် အသင်းအဖွဲ့ အမည် ရုံး/ ရုံးခွဲ တည်နေရာ မှတ်ပုံ တင်

အမှတ်

ဆောင်ရွက် သည့်

လုပ်ငန်း

မြို့နာရေးကူညီမှုအသင်း သက္ကလမြို့ လူမှုကူညီရေး

 

ထင်ရှားသည့်စေတီပုထိုးများ

        – မရှိပါ –

 

 

ဘာသာရေးအဆောက်အဦများ

        (၁)     ဘုန်းကြီးကျောင်းများ -(၅)ကျောင်း

          (၂)     အစ္စလာမ်ဝတ်ပြုကျောင်း-(၁)ကျောင်း

          (၃)     ဟိန္ဒူဘုရားကျောင်း   -(၉)ကျောင်း

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

၆။     ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်သက္ကလမြို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ် ပါသည်-

စဉ် လုပ်ငန်း အမည် အရွယ်

အစား / အရှည်

ကုန်ကျငွေ ပြီးစီး ရက်
အစိုးရ ပြည်သူ ပေါင်း
ကန်တော်မင်္ဂလာ

ရပ်ကွက် ပတ္တမြားလမ်း ဂဝံခင်းခြင်း

800’×8’×0’×6” ၂၀ ၂၀ ၂၂.၁၂.၂၀၁၅
ဘူတာရပ်ကွက်

ဘူတာအောက်လမ်းဂဝံခင်းခြင်း

600’×10’ ၂၀ ၂၀ ၂၇.၁၂.၂၀၁၅
မြို့ချုပ် ၄၀ ၄၀

 

ယဉ်ကျေးမှုနယ်မြေများ

၇။      သက္ကလမြို့ရှိ သမိုင်းဝင်ထင်ရှားသော ယဉ်ကျေးမှုနယ်မြေများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

စဉ် ယဉ်ကျေးမှုနယ်မြေ တည်နေရာ
မရှိပါ
မြို့ချုပ်

မြို့အတွင်းရှိ သမိုင်းဝင်အထင်ကရပွဲတော်များ

          သက္ကလမြို့အတွင်း သမိုင်းဝင်အထင်ကရပွဲတော်များ မရှိပါကြောင်း တင်ပြအပ်ပါသည်။

 

ဒေသသမိုင်းအကျဉ်း

၈။      သက္ကလမြို့သည် ယခင်အချိန်က ကဝမြို့နယ်အတွင်း သက္ကလစံပြ ကျေးရွာအုပ်စု အဖြစ် သက္ကလ ၊ ကျွဲတဲရိုး ၊ ကံကုန်းကျေးရွာဟူ၍ ကျေးရွာ(၃)ရွာ ဖြင့် ဖွဲ့စည်း တည်ရှိ ခဲ့သော ကျေးရွာအုပ်စု တစ်ခု ဖြစ်ပါသည်။ ၂၀၁၃ခုနှစ် ၊ မေလ (၂၃)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၊ ၄၄၄/၂၀၁၃အရ သက္ကလစံပြ ကျေးရွာအုပ်စုအဖြစ်မှ သက္ကလမြို့အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ သက္ကလမြို့အဖြစ် တည်ရှိပြီးနောက် သက္ကလမြို့တွင် ရပ်ကွက်(၆)ခုဖြင့် ဖွဲ့စည်းတည်ရှိခဲ့ပါသည်။

 

နိဂုံး

          သက္ကလမြို့၏ ဒေသဆိုင်ရာအချက်အလက်အစီရင်ခံစာများကို ဌာနဆိုင်ရာ များမှ ပေးပို့သော အချက်အလက်များ၊ ဒေသဆိုင်ရာအချက်အလက် စာစောင်များ၊ မှတ်တမ်းများအပေါ်တွင် အခြေခံ လျက် အကျဉ်းချုံးပြုစုထားခြင်းဖြစ်ပါသည်။ ဒေသဆိုင်ရာ အချက်အလက်များအား မှတ်တမ်းတင် စုစည်း တင်ပြခြင်းအားဖြင့် သက္ကလမြို့ တစ်ခုလုံး၏ အချက်အလက်နှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာသိရှိနိုင်ပြီး မိမိတို့၏လုပ်ငန်းများကို အထောက်အကူ ပြုမည်ဖြစ်ပါ ကြောင်း  တင်ပြအပ်ပါသည်။