Home / မီဒီယာ / ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲ ကျင်းပ

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲ ကျင်းပ

yaydashae3  yaydashae4

ရေတာရှည် သြဂုတ် ၂ဝ။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာ ကွင်းအမှတ် (၆၇ဝ-ခ)တောင်သူ ဦးချို၏ လယ်ကွက်၌ စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၄၈)စက်မှု လယ်ယာစခန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပကြောင်း သိရသည်။

yaydashae5  yaydashae6

 

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု သရုပ်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေတာရှည်မြို့နယ် ဝန်းကျင်မှ တောင်သူ ၄ဝဝ ဦးခန့် စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြသည်။
ထို့နောက် လာရောက် လေ့လာကြသော တောင်သူများကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်က စပါးပျိုးထောင်နည်း စနစ်၊ ပျိုးပင်များ ထားသိုပုံ စနစ်များကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဆန်းအောင်က ကောက်စိုက်စက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ လာရောက် လေ့လာကြသော တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားကြောင်း သိရသည်။