Home / ကျောက်တံခါးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ကျောက်တံခါးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ကျောက်တံခါးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

 တည်နေရာ နှင့်အကျယ်အဝန်း

KTG 1

၁။      ကျောက်တံခါးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တွင် တည်ရှိပါသည်။ကျောက်တံခါးမြို့နယ် သည် မြောက်လတ္တီတွဒ် ၁၇ဒီဂရီ ၅၅မိနှစ်နှင့် ၁၈ဒီဂရီ၅၅မိနစ်အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၅မိနစ်နှင့် ၉၆ဒီဂရီ၄၅မိနစ်အကြားတွင်တည်ရှိပြီး၊အရှေ့မှ အနောက်သို့ အကျယ်ဆုံး(၃၄)မိုင်၊ အကျဉ်းဆုံး(၂၁)မိုင်နှင့် တောင်မှမြောက်သို့ အကျယ်ဆုံး (၄၀)မိုင်အကျဉ်းဆုံး(၂၈)မိုင် ရှည်လျားပါသည်။ကျောက်တံခါးမြို့နယ်နှင့် မြို့တို့၏ ဧရိယာ စတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် စတုရန်းမိုင် မြို့ စတုရန်းမိုင်
ကျောက်တံခါး ၁၀၉၃ ကျောက်တံခါး ၄.၁၆
ပဲနွယ်ကုန်း ၃.၈၅
ဖဒို ၃.၂၉
မြို့နယ်ချုပ် ၁၀၉၃ ၁၁.၃၀

 

နယ်နမိတ်

၂။      ကျောက်တံခါးမြို့နယ်၏ အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ်၊ တောင်ဘက်တွင်ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်၊ အနောက်ဘက်တွင်ပဲခူးရိုးမ၊မြောက်ဘက်တွင် တောင်ငူခရိုင်၊  ဖြူးမြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

၃။ကျောက်တံခါးမြို့နယ်အနောက်ဘက်တွင် ပဲခူးရိုးမရှိသည်မှအပအများအားဖြင့် မြေပြန့်ချိုင့်ဝှမ်း၊ မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများရှိပါသည်။

ရာသီဥတု

၄။      ကျောက်တံခါးမြို့နယ်သည် ပူအိုက်စွတ်စိုသော မုတ်သုန်ရာသီဥတုရှိပါသည်။

အုပ်ချုပ်ရေးဆိုင်ရာ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၅။     မြို့နယ်               –       ၁မြို့နယ်

        မြို့                    –       ၃မြို့

        ရပ်ကွက်             –       ၁၈ရပ်ကွက်

        ကျေးရွာအုပ်စု       –       ၄၆အုပ်စု

        ကျေးရွာ              –       ၃၁၂ရွာ

ဌာနဆိုင်ရာရုံးများ

၆။      ဌာနဆိုင်ရာရုံး           –        ၃၇ရုံး

ကျောက်တံခါးမြို့နယ်ရှိဌာနဆိုင်ရာရုံးများအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်တရားရုံး
မြို့နယ်ဥပဒေရုံး
မြို့နယ်ကော်မရှင်ရုံး
မြို့နယ်စာရင်းစစ်ရုံး
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံး
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန
မြို့နယ်မီးသတ်ဦးစီးဌာန
၁၀ မြို့နယ်စည်ပင်သာယာရေးအဖွဲ့
၁၁ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၁၂ မြို့နယ်ပြည်သူ့ဆောက်လုပ်ရေး
၁၃ မြို့နယ်သမဝါယမဦးစီးဌာန
၁၄ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
၁၅ မြို့နယ်လယ်ယာမြေစိစစ်ရေးနှင့်စာရင်းအင်းဦးစီးဌာန
၁၆ မြို့နယ်ဆည်မြောင်းဦးစီးဌာန
၁၇ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန
၁၈ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
၁၉ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
၂၀ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၂၁ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အော်တိုအိတ်ချိန်း)
၂၂ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(စာတိုက်)
၂၃ မြို့နယ်အားကာစားနှင့်ကာယပညာဦးစီးဌာန
၂၄ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန
၂၅ မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း
၂၆ မြန်မာ့စီးပွားရေးဘဏ်
၂၇ မြို့နယ်ပညာရေးမှူးရုံး
၂၈ မြို့နယ်ကျန်းမာရေးဦးစီးဌာန
၂၉ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန
၃၀ မြို့နယ်သစ်တောဦးစီးဌာန
၃၁ မြို့နယ်တိုင်းရင်းဆေး
၃၂ မြို့နယ်ဗဟိုစာရင်းအင်းဦးစီးဌာန
၃၃ ၉၁သစ်စက်
၃၄ ရထားပို့ဆောင်ရေး
၃၅ ပဲနွယ်ကုန်းမြို့အုပ်ချုပ်ရေးမှူးရုံး
၃၆ ဖဒိုမြို့အုပ်ချုပ်ရေးမှူးရုံး
၃၇ မျိုးသန့်ခြံ

မြို့နယ်အတွင်းရှိရဲစခန်းများ

          (၁)     မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

          (၂)     မြို့နယ်ရဲစခန်း

          (၃)     ဖဒိုမြို့ရဲစခန်း

          (၄)     ပဲနွယ်ကုန်းမြို့ရဲစခန်း

          (၅)     အောင်မြင်ရဲစခန်း

စီပွားရေး

စီပွားရေးဆိုင်ရာ ခြုံငုံသုံးသပ်ချက်

၇။      ကျောက်တံခါးမြိုနယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး၊ စီးပွားရေးအရ အချက်အခြာ ကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ကျောက်တံခါးမြို့နယ်သည် ရန်ကုန် – မန္တလေးမော်တော်ကား လမ်း ၊ မီးရထားလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါး နှင့် ပဲအမျိုးမျိုး တို့ဖြစ်ပြီး ၊ ဆန်စပါးကို မြန်မာပြည် အထက်ပိုင်း နှင့် ပဲမျိုးစုံအား အောက်မြန်မာပြည်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

လူမှုရေး

အခြေခံပညာကျောင်းများ

          အထက်တန်းကျောင်း                    –        (၆)ကျောင်း

          အလယ်တန်းကျောင်း                    –        (၁၅)ကျောင်း

          မူလတန်းကျောင်း                         –        (၁၉၂)ကျောင်း

          မူလတန်းကြိုကျောင်း                    –        (၂၃)ကျောင်း

          ဘုန်းတော်ကြီးသင်ပညာရေးကျောင်း –        (၃)ကျောင်း

ဆေးရုံများ

          (၁)     မြို့နယ်ဆေးရုံ                    –        (၅၀)ကုတင်ဆံ့

          (၂)     ဖဒိုတိုက်နယ်ဆေးရုံ             –        (၁၆)ကုတင်ဆံ့

          (၃)     ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ   –        (၁၆)ကုတင်ဆံ့

          (၄)     အောင်မြင်တိုက်နယ်ဆေးရုံ    –        (၁၆)ကုတင်ဆံ့

          (၅)     ကညင်ကျိုးတိုက်နယ်ဆေးရုံ  –        (၁၆)ကုတင်ဆံ့

          (၆)     မြို့ချောင်း(အထူးအမြန်လမ်း) –        (၁၆)ကုတင်ဆံ့

ဆေးပေးခန်းများ

          (၁)     အနာကြီးရောဂါတိုက်ဖျက်ရေး

          (၂)     ငှက်ဖျားတိုက်ဖျက်ရေး

          (၃)     TB တိုက်ဖျက်ရေး

          (၄)     ဆေးပေးခန်း

          (၅)     မိင်နှင့်ကလေးသားဖွားခန်း

ကျေးလက်ကျန်းမာရေးဌာန

          (၁)     ကျေးလက်ကျန်းမာရေးဌာန  –        (၁၀)ခု

          (၂)     ကျေးလက်ကျန်းမာရေးဌာနခွဲ          –        (၃၇)ခု

အသင်းအဖွဲ့များ

          (၁)     ကျောက်တံခါးမြို့နယ်နာရေးကူညီမှုအသင်း

ထင်ရှားသည့်စေတီပုထိုးများ

          ကျောက်တံခါးမြို့နယ်တွင်ထင်ရှားသည့်စေတီပုထိုးများမရှိပါ။

ဘာသာရေးအဆောက်အဦများ

          (၁)     ဘုန်းကြီးကျောင်းများ          –        (၂၃၆)ကျောင်း

          (၂)     အစ္စလမ်ဝတ်ပြုကျောင်း                 –        (၄)ကျောင်း

          (၃)     ဟိန္ဒူဘုရားကျောင်း            –        (၁၂)ကျောင်း

          (၄)     တရုတ်ဘုရားကျောင်း                   –        (၃)ကျောင်း

          (၅)     ခရစ်ယာန်ဘုရားကျောင်း      –        (၂၃)ကျောင်း

ကျေးလက်ဒေသဖွံ့ဖြိုးရေး

          ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကျောက်တံခါးမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခွင့်ပြုငွေ)

          (၁)     အောင်မြင်၊ရင်းတိုက်ကုန်း၊ကမ္ဘေဇကျေးရွာအုပ်စု၊     (၁၀၀)သိန်းကျပ်  ၃၀.၁.၂၀၁၆

ကျောက်ချောလမ်း

          (၂)     ကင်းကျေးရွာအုပ်စု၊ကွန်ကရစ်လမ်း                     (၃၅)သိန်းကျပ်   ၂၅.၁.၂၀၁၆

          (၃)     ဖဒိုကျေးရွာအုပ်စု၊ကွန်ကရစ်တံတား                     (၂၅)သိန်းကျပ်            ၃၀.၇.၂၀၁၅

ယဉ်ကျေးမှုနယ်မြေများ

၈။      ကျောက်တံခါးမြို့နယ်တွင်ယဉ်ကျေးမှုနယ်မြေမရှိပါ။

ဒေသသမိုင်းအကျဉ်း

၉။      ရန်ကုန်မှနေ၍ အင်္ဂလိပ်အစိုးရ ဘားမားမီးရထားကုမ္ပဏီမှ  မီးရထားလမ်း ဖောက်လုပ်ခဲ့ရာ အင်္ဂလိပ်-မြန်မာဒုတိယစစ်အပြီး ရန်ကုန် – အင်းစိန် လမ်းဖောက်လုပ်ပြီးနောက် ရန်ကုန် – ပြွန်တံဆာ မီးရထားလမ်း ဖောက်လုပ်ခဲ့ပါသည်။ ၁၈၈၅ – ခုနှစ်ပိုင်းတွင် ပြွန်တံဆာ -တောင်ငူ မီးရထားလမ်းပိုင်းကို ဖောက်လုပ်သည်။  ‌မြေတူးမြေသယ်လုပ်ငန်းကို အိန္ဒိယမှဝေရီယာကုလားများပါလာသည်။ အင်္ဂလိပ် အစိုးရ နှင့် မြန်မာအစိုးရ ဆက်ဆံရေးမပြေဖြစ်ခဲ့ရသည်။ ဘုံဘေဘားမား သစ်ထုတ်လုပ်ရေးမှစတင်ပြီး ၊ အင်္ဂလိပ် အစိုးရမှ မြန်မာများအပေါ် အကြောင်းအမျိုးမျိုးပြပြီး ၊ ဧရာ၀တီမြစ်ကြောင်းအတိုင်း သင်္ဘောနှင့် စစ်ချီ တက်လာပြီး၊ သီပေါမင်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အခါ မန္တလေးနှင့် အထက်မြန်မာပြည်တဝှမ်းလုံး ကြိမ်မီးအိုးကဲ့သို့ ယူကြုံးမရဖြစ်ကြသည့်အပြင် မိုးခေါင်မှု၀င်လာသောကြောင့် အောက်ပြည်အောက်ရွာသို့ တစစရွှေ့ပြောင်းလာကြသည်။ မိတ္ထီလာနယ် ၊ သဲတော ၊ ဝမ်းတွင်းဘက်မှလူများ ဇရပ်ကုန်းရွာတွင် ခြေချ နေထိုင်သည်။ မိတ္ထီလာမြောက်အရပ်နှင့် အနောက်အရပ်မှလူများ စဉ့်အိုးလဟာရွာတွင် အခြေချနေထိုင် ကြသည်။ စဉ့်အိုးလဟာရွာမှာ ရွာတည်စဉ်က အိမ်တိုင်တူးသည့်အခါ စဉ့်အိုးတစ်လုံးတွေ့၍  ဖော်ယူကြည့် ကြသည့်အခါ  အထဲတွင်ဘာမျှမပါဘဲ  တွေ့ရသောကြောင့် စဉ့်အိုးလဟာရွာဟု အမည်တွင်လာသည်။

          စူးအက်တူးမြောင်း ဖောက်လုပ်ပြီးစီးပြီဖြစ်သောကြောင့် အရှေ့နှင့် အနောက် ကမ္ဘာ့ကူးသန်း သွားလာမှု ရောင်း၀ယ်ဖောက်ကားမှု  ကောင်းမွန်လာသောကြောင့် ဆန်စပါးကို အရင်းရှင်ကုမ္ပဏီများက နိုင်ငံခြား ပို့ကုန်အဖြစ် ၀ယ်ယူလာကြသည့်အခါ လယ်ယာလုပ်ငန်းကိုအားစိုက်ပြီး တောထွင်ကာ လုပ်ကိုင် လာကြသည်။ အင်္ဂလိပ်ငွေဒင်္ဂါးများ  စတင်ကိုင်တွယ်လာကြသည်။

          မီးရထားလမ်းကို  ကျောက်တံခါးမြို့မြေနေရာမှ  ဖြတ်ဖောက်လာသည်။  လမ်းလုပ်သားများအဖြစ်  ဝေရီယာများနှင့်မနိုင်သောကြောင့် မြန်မာလုပ်သားများ ၀င်ရောက်လုပ်ကိုင်ကြသည်။ ထိုအချိန်ကာလမှာ  ကျောက်တံခါးမြို့အနောက်ဘက် မြေဧက(၂၈၇၀၀)ဧကကျော်ရှိသောမြေကွက်ကို  အိန္ဒိယမှ အင်္ဂလိပ် မြေပိုင်ရှင်သူဌေး အိပ်ချ်အေမီးလင်းနှင့်  အိန္ဒိယအစိုးရတို့ စာချုပ်ချုပ်ဆိုပြီး ၊ နှစ်(၆၀)ဂရန်အဖြစ်  မီးလင်း အားပေးအပ်လိုက်သည်။မြေခွန်မှာဂရန်မြေနှင့်ပတ်သက်၍ သီးခြားဖော်ပြရာတွင် ပါရှိသည့် အတိုင်းကောက်ခံ ပါသည်။ထိုမြေကိုလယ်ယာမြေ ဖြစ်ပေါ်လာရန်အတွက်  အိန္ဒိယပြည်မှ ဘီယာသြရာဇီဆ ၊အနောက်မြောက် စသည့်နယ်မှစာမတတ်သူ လယ်မြေတကွက်မှမရှိသူ လယ်ကူလီလုပ်စားသူများအား  လယ်ယာမြေရမည်ဟု အကြောင်းပြပြီး၊ သင်္ဘောနှင့်တင်ခေါ်လာကာ  ဂရန်မြေအတွင်း၌  ရွာတည်စေသည်။  မြေကို ဘီဂါဟု ခေါ်သော  တိုင်းတာမှုစံနစ်တစ်မျိုးနှင့် ခွဲဝေပေးခဲ့သည်။  လိုအပ်သောငွေကို  ဘဏ်တစ်ခုဖွင့်ပြီး ငွေချေး စာချုပ်နှင့်ထုတ်ယူ၍ လယ်လုပ်စရိတ်အဖြစ်  အသုံးပြုကြသည်။  ဟိန္ဒူကုလားများရောက်လာပြီး၊ လယ်ယာတောတိုးကြသည့်အခါ နယ်မြေအပြောင်းအလဲဖြစ်သည့်အပြင် သစ်တောကထူ ငှက်ဖျားက ၀င်ရောက်လာပြီး ဟိန္ဒူကုလားများ မကျန်းမမာဖျားနာကြသည်။  သူဌေးဂရန်မဖွင့်မီက တည်ရှိခဲ့သော ရှမ်းရွာမှရှမ်းများသည် ယခု ကျောက်တံခါးမြို့တည်ရာ စျေးပိုင်းရပ်ကွက်၊ ဘုန်းကြီးကျောင်း၀န်းကျင်တွင် ရွာစုကလေးရှိသည်။အထက်အညာ မိတ္ထီလာမှ ပြောင်းလာနေထိုင်ကြသည်။  ထိုရွာကလေးတွင်  မြန်မာဗိန္ဒော ဆရာတစ်ဦး ရောက်ရှိနေထိုင်ပြီး၊ ဆေးဝါးကုသပေးနေသည်ကို  ရှမ်းရွာမှ ရှမ်းလူမျိုးများ သိရှိပြီး၊ မကျန်း မမာနေမကောင်းဖြစ်သူများ  ဆေးဝါးကုသမှုခံယူကြသည်။  ဆေး၀ယ်ယူကြသည်။  ထိုဆရာကြီး၏ မူလအမည်ရင်းကို  ရှမ်းလူမျိုးများမသိကြသဖြင့် အမည်ရင်းကို မခေါ်ကြဘဲ ရှမ်းလူမျိုးတို့၏ အစဉ်အလာ အရ သက်ကြီးပုဂ္ဂိုလ်များ၊ ဆရာသမားများကို ခေါ်ကြသည်မှာ  ဘုရားဒကာကြီး  ကျောင်းဒကာကြီးဟု လေးလေးစားစားခေါ်ကြသည်။  ဆရာကြီးကိုခေါ်သည်မှာ“ကျောင်းဒကာကြီး” ဟုလေးလေးစားစား ခေါ်ကြသည်။ ရှမ်းလူမျိုးတို့နှုတ်ဖျားတွင် အမည်အဖြစ်ခံယူထားကြသည်။  ရှမ်းအုပ်ရှမ်းကုန်းရွာအနီးတွင်  ဟိန္ဒူကုလားများ  မကျန်းမမာဖြစ်လာကြသည်။ ထိုအချိန်တွင် ကျောက်တံခါးတွင် ဆေးရုံမရှိ   ဆေးဝါး ကုသရန်အတွက် ဟိန္ဒူကုလားများ ရှမ်းလူမျိုးများထံစုံစမ်းမေးမြန်းကြသည်။ ထိုအခါ ရှမ်းလူမျိုးများမှက ဟိန္ဒူကုလားများကိုခေါ်၍  ဆေးဆရာကြီးထံ  ပို့အပ်ပေးသည်။ ရှမ်းလူမျိုးများက  ကျောင်းဒကာကြီး ဟုခေါ်သည်ကို  ဟိန္ဒူလူမျိုးများကလည်း အမည်ကိုလိုက်ခေါ်သည့်အခါ “ကျောက်ဒကာ”ဟု အသံဖြစ် ပေါ်လာသည်။ ဟိန္ဒူကုလားအချင်းချင်းတွေ့၍  စကားပြောသည့်အခါ ကျောက်ဒကာ ဘက်ဆီသို့သွား မည်ဟု ဆေးဆရာကြီးကိုအစွဲပြု၍ ရွာစုကလေးကို  ကျောက်ဒကာမှနေ၍  ဟိန္ဒူများခေါ်သလိုကျောက်ဒကာ  ဖြစ်လာသည်။ ထိုမှတဆင့် ကျောက်ဒကားဟု  ခေါ်တွင်လာသည်။  မီးရထားကုမ္ပဏီမှ မီးရထားလမ်း ဖောက်လုပ်ပြီး ၊ ဘူတာရုံဆောက်လုပ်၍  မြို့အမည်သတ်မှတ်သောအခါ  ဟိန္ဒူများခေါ်သလို  ကျောက်ဒကာ မှတဆင့်  ပြောင်းလာသော “ကျောက်တကာ”အမည်နှင့် ဘူတာရုံ သတ်မှတ် ခေါ်တွင် လာခဲ့ သည်။ ဒုတိယ ကမ္ဘာစစ်ပြီး လွတ်လပ်ရေးရသောအခါ  မီးရထားကုမ္ပဏီကို  မြန်မာအစိုးရက လွှဲပြောင်းယူ၍  မီးရထား ၀န်ကြီးဌာနမှ  မီးရထားလမ်းပြင်ဆင်ရေး၊  ဘူတာရုံ ပြန်လည် ပြင်ဆင် တည်ဆောက်ရေး၊ ဘူတာရုံအမည် ပြန်လည် စိုက်ထူခြင်းလုပ်ငန်းများကို ပြုလုပ်လာသည့်အခါ ကျောက်တကား ဟု ခေါ်သော စာနှင့် အမည် သည် ရန်ကုန်မြို့ ၊ ကျောက်တံတား ဒေသစိတ် ၊ ကျောက်တံတားဂါတ်အမည်နှင့် စာရေးသား ခြင်း ၊ ခေါ်ဝေါ် အသံထွက် ဆင်တူနီးစပ်နေသောကြောင့်  ဘူတာအမည်လည်း မပျက်စေရန်  ရေးနည်းတစ်မျိုး ကွဲပြား လာစေရန်  ရည်ရွယ်ပြီး“ကျောက်တံခါး”ဟု သတ်မှတ်လိုက်သည်မှစ၍ စာရေးလျှင် “ကျောက်တံခါး” ဟုရေးကြပြီး၊ နှုတ်မှ အသံထွက်သည့်အခါ “ကျောက်တံကား ” ဟုအသံထွက် ခေါ်ဆိုခဲ့ကြပါသည်။  ၁၉၆၄ – ခုနှစ် ၊ သြဂုတ်လ (၂၈) ရက်နေ့မှစပြီး ၊ ညောင်လေးပင်အနောက်မြို့နယ်မှ  ကျောက်တံခါးမြို့နယ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏  ၃၀ – ၈ – ၁၉၇၂  ရက်စွဲပါစာအမှတ်၊   ၁၀၃/   ၅၉  /  စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ကျောက်တံခါးမြို့နယ်ဟု သတ်မှတ် အတည် ပြုခဲ့ပါသည်။