Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကျောင်းကျန်းမာရေးစံပြဆုရ အခြေခံပညာကျောင်းများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကျောင်းကျန်းမာရေးစံပြဆုရ အခြေခံပညာကျောင်းများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

သြဂုတ် ၂၈ (ပဲခူး)

===================================

ပဲခူးတိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ပညာသင်နှစ် ကျောင်းကျန်းမာရေးစံပြဆုရ အခြေခံပညာကျောင်းများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အမှာစကားပြောကြားရာတွင် “အမျိုးသားကျန်းမာရေးအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း နိုင်ငံတော်အတွက်အ ရေးပါလှသော အင်အားစုတစ်ရပ်ဖြစ်သည့် နိုင်ငံ့ရတနာ ကျောင်းသားလူငယ်များအတွက် ဆောင်ရွက်နေသည့် ကျောင်းကျန်းမာရေးလုပ်ငန်းသည် အလွန်အရေးပါလှသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များကို ငယ်စဉ်ကတည်းက ထိရောက်သည့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုနှင့် မူမှန်သည့် ကျန်းမာရေး အလေ့အကျင့်ကောင်းများ အခြေချပေးနိုင်မှသာ တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စိတ်အေးရမှာဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းက ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းပြောကြားပြီး ကျောင်းကျန်းမာရေး စံပြဆုရ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းများအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းပြီး ပြသထားသော ကျောင်းကျန်းမာရေး လှုပ်ရှားမှုပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအား အခြေခံပညာစာသင်ကျောင်းများအနေဖြင့် ကျောင်းနှင့် ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ကျောင်းကျန်းမာရေး စစ်ဆေးရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်စေရန်၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ဆောင်မှုအပေါ် ပညာသင်နှစ်အလိုက် ခရိုင်(၄)ခရိုင်မှ ခရိုင်တစ်ခုစီတွင် ထက်/လယ်/မူ အဆင့်တို့၌ ပထမ/ ဒုတိယ/တတိယ (၁)ကျောင်းစီ ရွေးချယ်ကာ ကျောင်းကျန်းမာရေး စံပြကျောင်းများအဖြစ် စီစစ်ရွေးချယ် ချီးမြှင့်ပေးခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် ကျောင်းကျန်းမာရေး စံပြဆု အခြေခံပညာအထက်တန်းဆင့် ကျောင်းများအနေဖြင့် ပထမဆု အထက(၃)ပဲခူး၊ အထက-ထန်းတပင်၊ အထက-ရွာကလေး(လက်ပံတန်း)၊ အထက-ကျီးသဲ(ရွှေတောင်)တို့ကလည်းကောင်း၊ ဒုတိယဆုအနေဖြင့် အထက(ဝေါ)၊ အထက(၁)ဖြူး၊ အထက(အုတ်ဖို)၊ အထက(ပေါက်ခေါင်း)တို့ကလည်းကောင်း၊ တတိယဆုအနေဖြင့် အထက-ဖလေး(ကဝ)၊ အထက-နတ်စင်ကုန်း(တောင်ငူ)၊ အထက-မြို့မ(နတ်တလင်း)၊ အထက-ကမြိုင်(ပန်းတောင်း)တို့က လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းအဆင့်တွင် ပထမအထက(ခွဲ)မြို့အနောက်(ခ)ပဲခူး၊အလက-ကန်သုံးဆင့်(အုတ်တွင်း)၊ အလက-ပွတ်စု(နတ်တလင်း)၊ အလက-ချည်မျှင်(ရွှေတောင်)တို့ကလည်းကောင်း ဒုတိယဆုအနေဖြင့် အထက(ခွဲ)ထိန်တော (ကျောက်တံခါး)၊ အထက(ခွဲ)ပဲခူးရပ်(ကျောက်ကြီးစု)၊ အလက-လယ်တွင်း(ဇီးကုန်း)၊ အထက(ခွဲ)ကပစ(၃) ပန်းတောင်းတို့က လည်းကောင်း၊ တတိယဆုအနေဖြင့် အထက(ခွဲ)ချောင်းရင်း(ညောင်လေးပင်)၊ အထက(ခွဲ)အင်းကျော်(ထန်းတပင်)၊ အလက-ဗောဓိရုက္ခ (ကြို့ပင်ကောက်)၊ အထက(ခွဲ)ဓမ္မသော် (ပေါက်ခေါင်း)တို့မှလည်းကောင်း၊ အခြေခံပညာမူလတန်း ကျောင်းအဆင့်တွင် ပထမအလက(ခွဲ) အိုးဘို(ပဲခူး)၊ မူလွန်-ကပ်ကျေးဆိပ်(ကျောက်ကြီး)၊ အလက(ခွဲ)ရွှေညောင်ပင်(သာယာဝတီ)၊ အမက-ယင်းရွာ(ပန်းတောင်း) တို့ကလည်းကောင်း၊ ဒုတိယဆုအနေဖြင့် အလက(ခွဲ)မကျည်းတန်း (ရွှေကျင်)၊ မူလွန်-မဟင်(တောင်ငူ)၊ မူလွန်-ဇေယျဝတီ (မင်းလှ)၊ အမက-ပျဉ်းမအိုင်(ပြည်) တို့ကလည်းကောင်း၊ တတိယဆုအနေဖြင့် အမက-ရွာတန်းရှည် (ဒိုက်ဦး)၊ အလက(ခွဲ)စက္ကူစက်(ရေတာရှည်)၊ အလက(ခွဲ) ငှက်ပျောတုံး(မိုးညို)၊ အမက-သခွတ်ကုန်း(ရွှေတောင်) တို့ကလည်းကောင်း အသီးသီးရရှိကြပြီး အထူးဆုအနေဖြင့် အထက(ခွဲ) စာလေးကွင်းကျောင်းမှ ရရှိကြောင်း သိရသည်။