Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဇူလိုင် ၈ (ပဲခူး)
===================================

ဇူလိုင်လ(၈)ရက်နေ့ နံက်(၇)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၃)ရပ်ကွက်ရှိ ဥဿ ာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပဲခူးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ သယံဇာတ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်နှင့် သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှုး ဆရာကြီးဦးကျော်ဆင့်၊ ဒုတိယညွှန်ကြားရေးမှုး(စီမံ) ဆရာမကြီးဒေါ်မေသက်နွယ်နှင့် ဆရာ/မများ၊ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘများတက်ရောက်ပြီး ပိတောက်၊ စိန်ပန်း၊ ခရေ၊ ကျွန်း၊ ပျဉ်းမငူ၊ ဗန်ဒါ၊ ကန့်ကော် စသည့် အပင်ပေါင်း(၂၀၀)ကျော်အားစိုက်ပျိုးပေးကြသည်။
ပညာရေးပြက္ခဒိန်ပါ ပညာသင်နှစ်အလိုက် ဇူလိုင်လ ဒုတိယပတ်၏ တနင်္ဂနွေနေ့အား ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့သတ်မှတ်ပြီး တစ်နိင်ငံလုံးအတိုင်းအတာအရ အခြေခံပညာကျောင်းအလိုက် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ ဆောင်ရွက်ရမည့်လုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါနေ့တွင် သစ်ပင်များ၊ အရိပ်ရပင်များ၊ လေကာပင်များ၊ ရာသီအလိုက်သီးပင်၊ စားပင်၊ ပန်းအလှပင်၊ စီမံကိန်းဝင်အပင်များ တိုးချဲ့စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးထားသောအပင်များ စိမ်းလန်းစိုပြေရှင်သန်ရန် ပြုစုပျိုးထောင်ခြင်းတို့ကို ဆောင်ရွက်ကြကြောင်း တိုင်းဒေသကြီးပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး(စီမံ)ဆရာမကြီးဒေါ်မေသက်နွယ် ကပြောသည်။
ပဲခူးတိုင်းဒေသကြီး ပညာရေးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနေ့ လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အား မိမိကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရန်၊ စိုက်ပျိုးထားသော အပင်များစိမ်းလန်းစိုပြည်ရေး ရှင်သန်ရန်၊ ပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်ရန်နှင့် အရိပ်အာဝါသရရှိရန်၊ သစ်ပင်စိုက်ပျိုးရေး အသိပညာများလက်တွေ့ရရှိရန်နှင့် မိမိစိုက်ပျိုးထားသော အပင်များကို ပြုစုပျိုးထောင်တတ်ရန် စသည်တို့ကိုရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။