Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ခရိုင်အဆင့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ

ခရိုင်အဆင့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ

ဖေဖော်ဝါရီ ၁၅ (ပဲခူး)

==================

                 (၁၅.၂.၂၀၁၇)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် တောင်ငူမြို့၊ ပညာရေးကောလိပ် အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့အား ဆက်လက်ကျင်းပသည်။

                 အဆိုပါအခမ်းအနားတွင် နိုင်ငံရေးစာတမ်း အနှစ်ချုပ် ပြန်လည်ဖတ်ကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ စီးပွားရေး စာတမ်း အနှစ်ချုပ် ပြန်လည်ဖတ်ကြားခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ မြေယာနှင့်သယံဇာတ စာတမ်းအနှစ်ချုပ် ပြန်လည်ဖတ်ကြား ခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီးနောက် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

                        အခမ်းနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အခမ်းအနား နာယကများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Leave a Reply