Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / ခရိုင်အဆင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ခရိုင်အဆင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဖေဖော်ဝါရီ ၁၄ (ပဲခူး)

=========================

          (၁၄.၂.၂၀၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့တွင် ကျင်းပပြုလုပ်သော ခရိုင်အဆင့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

          အခမ်းအနား၌ ဝန်ကြီးချုပ်က  ဒီကနေ့ ကျင်းပတဲ့ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် မြန်မာနိုင်ငံမှာ သမိုင်းပေးတာဝန်အရ အရေးပါတဲ့ ဒုတိယပင်လုံရဲ့ အစိတ်အပိုင်းတစ်ခု သို့မဟုတ် ရေသောက်မြစ်တစ်ခုဆိုရင်လဲ မမှားနိုင်ကြောင်း၊ ဒေသလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်ရန်အလို့ငှာ ရေရည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲသည် တိုင်းပြည်နဲ့ လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံ တကာနဲ့ ပုခုံးချင်းယှဉ်ပြိုင်နိုင်စေဘို့ ပုံရိပ်တစ်ခုပဲဖြစ်ကြောင်း၊ (၂၁)ရာစုပင်လုံမှ အစပြုပြီး တိုင်းရင်းသားပြည်သူများလိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းကြဖို့အတွက် တောင်ငူခရိုင် ဒေသအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ စိတ်အားထက်သန်စွာ မူဝါဒများအား ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

            အဆိုပါအစည်းအဝေးသည် တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထား ဆန္ဒများကို အခြေခံပြီး  ပါဝင်သင့်သူများအားလုံးပါဝင်သည့် လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ အမြင်သဘာထားများကို စုစည်းကာ (၁၂)ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တင်ပြသွားရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ဖေဖော်ဝါရီလ(၂၆-၂၇-၂၈)ရက်နေ့များတွင် တောင်ငူမြို့၊ ပညာရေးကောလိပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။