Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စင်္ကာပူနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့မြို့ကြီးများ ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

စင်္ကာပူနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့မြို့ကြီးများ ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

ဇူလိုင် ၉

====================

စင်္ကာပူနိုင်ငံ၊ Marinda Bay San Hotel တွင် ဇူလိုင်လ (၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ  ကျင်းပပြုလုပ်သည့် (၂)နှစ် တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့မြို့ကြီးများ ထိပ်သီးအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။

ဇူလိုင်လ (၇)ရက်နေ့၊ အစည်းအဝေး ပထမနေ့တွင် စင်္ကာပူနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Tharman Shanmugaratnam ၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Prof; Tommy Koh ၊ သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mr. Ranil Wickremesinghe တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ကောင်းမွန်သော လုပ်ငန်းဆောင်ရွက်မှုနည်းစနစ်များ၊ နည်းပညာများ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ မျှဝေခြင်း၊ ခိုင်မာသော မူဝါဒများ၊ ရေအသုံးချမှုနှင့် အညစ်အကြေး စွန့်ပစ်မှု စီမံခွဲရေး၊ လူမှုဘဝဆိုင်ရာ ဆန်းသစ်တီထွင်မှုများဖြင့် မြို့ပြဒေသများအား စဉ်ဆက်မပြတ် ပိုမို့ဖွံ့ဖြိုးတိုးတက်ရေး သဘာဝဂေဟစနစ်များ ထည့်သွင်းစီမံဆောင်ရွက်နိုင်ရေးစသည့် လုပ်ငန်းစဉ်များအား အကြံပြုဆွေးနွေး တင်ပြခဲ့သည်။

အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံတကာမှ မြို့တော်ဝန်များနှင့် ဒေသဆိုင်ရာဝန်ကြီးချုပ်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဆောက်လုပ်ရေး၊ မြို့ပြ နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၀၀၀)ဦးခန့် တက်ရောက် ခဲ့သည်။