Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စိုက်ပျိုးစရိတ်ချေးငွေ တောင်သူလက်ဝယ်သို့ အချိန်မီရောက်ရှိစေရေး ဝန်ကြီးဦးညွန့်ရွှေမှာကြား

စိုက်ပျိုးစရိတ်ချေးငွေ တောင်သူလက်ဝယ်သို့ အချိန်မီရောက်ရှိစေရေး ဝန်ကြီးဦးညွန့်ရွှေမှာကြား

သြဂုတ် ၂၀ (ရွှေတောင်)

=============================

သြဂုတ်လ (၂၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်ကရွှေတောင်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ စိုက်ပျိုးစရိတ် ချေးငွေများ လယ်ယာလုပ်တောင်သူများထံသို့ အချိန်မီ ပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီး ဦးညွန့်ရွှေက စိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အသက်သွေးကြောတစ်ခုဖြစ်သလို၊ ပဲခူးတိုင်းဒေသကြီးအတွက် အဓိကအားထားနေရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တောင်သူများအတွက် အဓိကလိုအပ်ချက်သည် စိုက်ပျိုးချိန်အမီ စိုက်ပျိုးစရိတ်ချေးငွေ ရရှိရန်ဖြစ်ကြောင်း၊ ဒါကြောင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်ဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသိန်းထိုက်၊ ရွှေတောင်မြို့ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။