Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန / စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဆည်/ရေ ညွှန်မှူး ဦးကိုကိုဦးနှင့်အတူ တာတမံများအား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဆည်/ရေ ညွှန်မှူး ဦးကိုကိုဦးနှင့်အတူ တာတမံများအား ကြည့်ရှုစစ်ဆေး

သြဂုတ် ၁၁ (ပဲခူး)
***************************************

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် သြဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမောင်မောင်မိုးညွှန့်၊ ဦးစီးအရာရှိ ဦးဇော်မျိုးနိုင်တို့လိုက်ပါလျှက် ပဲခူးမြို့ ပဲခူးမြို့ပတ်တာနေရာများဖြစ်သော ကျောက်တွင်းကုန်း၊ ကျောက်ကြီးစု၊ ညောင်ဝိုင်းရပ်ကွက်နေရာများရှိ တာအခြေအနေ၊ ပဲခူးမြစ် ရေစီးရေလာအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုရာ၊ ဆည်/ရေ ညွှန်မှူး နှင့် တာဝန်ရှိသူများက ပဲခူးမြစ်ရေမြင့်တက်ချိန် တာအခြေအနေ၊ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရမှု၊ ရေပြန်လည်ကျဆင်းချိန် ဆောင်ရွက်ခဲ့မှု၊ တာကြံ့ခိုင်ရေးအတွက် လက်တလော နှင့် ရေရှည်ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအား မှတ်တမ်းဓာတ်ပုံများ၊ မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြရာ ဝန်ကြီးမှ လိုအပ်သည်များ မှာကြားပါသည်။
ထို့နောက် ပဲခူးမြစ်လက်ဝဲဘက်ရပ်ကွက်များ၏ အဓိကရေနုတ်ချောင်းဖြစ်သည့် ကုလားရိုက်ရိုးဖြတ်သန်းရာ ကျောက်တွင်းကုန်း၊ ကျောက်ကြီးစု၊ ရွာသစ်ကျေးရွာနေရာများနှင့် ကုလားရိုက်ရိုးပဲခူးမြစ်အဆုံနေရာတို့ရှိ ရေထုတ်နုတ်မှု အခြေအနေတို့အား ကြည့်ရှုပါသည်။
ဆက်လက်၍ ဝန်ကြီးနှင့် ဆည်/ရေ ညွှန်မှူး၊ လက်ထောက်ညွှန်မှူးတို့သည် ဝေါမြို့သို့သွားရောက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်၊ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းတို့နှင့်အတူ ပဲခူး-စစ်တောင်းတူးမြောင်း၊ ဒိုက်ဦး-ညောင်ခါးရှည်ကားလမ်းပေါ်ရှိ ပုကိုင်တာနေရာ၊ နဂါးပေါက်ချောင်းမှစစ်တောင်းမြစ်အတွင်းသို့ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကွင်းရေထုတ်ထုတ်နေမှု၊ ပုကိုင်တာအပြင်ဘက်ရှိ ကွင်းရေအခြေအနေနှင့် မြစ်ကျိုးရေတံခါးမှ စစ်တောင်းမြစ်သို့ ရေထုတ်ထုတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုပါသည်။
ထို့နောက် စစ်တောင်းမြစ်ကူးတံတား(သိမ်ဇရပ်)သို့ သွားရောက်ပြီး တံတားအထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် အလျား (၁)မိုင်ခန့်နှင့် တံတားရေလမ်း အကျယ်ပေ(၁၀၀၀)ခန့် သောင်ခုံဖြစ်ပေါ်၍ ရေထုတ်နုတ်အား လျော့နည်းနေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုပြီး တာဝန်ရှိသူများအား ဆောင်ရွက်နိုင်မည့် အစီအမံများအား မှာကြားပါသည်။
ဆက်လက်၍ ဝေါမြို့ အဆင့်မြင့်ဈေး သို့သွားရောက်ပြီး ဈေးတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။