Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

သြဂုတ် ၁၅(နေပြည်တော်)

====================================

သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က နေပြည်တော်၊ ရုံးအမှတ်(၁)၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၁၇) ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။