Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်ကြီးမှ အ​ဆောက်​အဦ​ဆောက်​လုပ်​​ပြီးစီးမှုအ​ခြေအ​နေအား ကွင်းဆင်းစစ်​​ဆေး

စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်ကြီးမှ အ​ဆောက်​အဦ​ဆောက်​လုပ်​​ပြီးစီးမှုအ​ခြေအ​နေအား ကွင်းဆင်းစစ်​​ဆေး

မတ် ၁၄ (ပဲခူး)
===================================

မတ်လ(၁၄) ရက်နေ့ နံနက် (၀၉:ဝ၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေသည် သက်ဆိုင်ရာဦးစီးဌာနမှ တင်ဒါစိစစ်ရေးကော်မတီဝင်များနှင့်အတူ ၂၀၁၇ -၂၀၁၈ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် တည်ဆောက်လျှက်ရှိသော
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ထားရှိမှု (၁၀၀%)ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ဝန်ကြီးမှ တာဝန်ရှိဌာနဆိုင်ရာကော်မတီဝင်များ၊ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာများအား စံချိန်စံညွန်းနှင့်အညီ ဆောက်လုပ်မှု၊ အရည်အသွေးစစ်ဆေးရေးကော်မတီ၏ ထောက်ခံချက်၊ BRCCA ၏ ထောက်ခံချက်များနှင့် အမှန်တကယ်အရည်အသွေးပြည့်ဝသော အဆောက်အဦကောင်း ဖြစ်/မဖြစ် သွားရောက်စစ်ဆေး၍ စိစစ်လက်ခံရန် မှာကြားခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဌာန ဝန်ထမ်းအိမ်ယာသည် အလျား(၇၁)ပေ၊ အနံ(၂၈)ပေ (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦဖြစ်ပြီး ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် (၁၇၅.၅)သန်းဖြင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ MAX TRUST COMPANY LIMITEDမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။