Home / ကြို့ပင်ကောက်မြို့နယ် / စွန့်လွှတ်မြေများ တောင်သူလက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲကျင်းပ

စွန့်လွှတ်မြေများ တောင်သူလက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲကျင်းပ

ဇူလိုင် ၁၁ (ကြို့ပင်ကောက်)
=================================

ဇူလိုင်လ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က သာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများနိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် တောင်သူများသို့ ပြန်လည် ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီး နှင့် တက်ရောက်လာကြ သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းသိန်း၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က ကရင်ချောင်းကျေးရွာဧရိယာ(၁၈၃.၆၀)ဧက အတွင်းရှိတောင်သူ(၂၃)ဦးတို့၏လက်ဝယ်သို့ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပေးအပ်ကြကြောင်းသိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံလာမှုအပေါ် ကြို့ပင်ကောက်မြို့နယ် ရှားပင်တကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၆)၊ ကရင်ကုန်းကွင်း၊ ကွင်းအမှတ်(၅၂၉) ဒုတ်ရိုက်ကွင်းတို့ရှိ စွန့်လွှတ်မြေဧရိယာ (၂၂၈)ဧကအနက်မှ ဧရိယာ(၁၈၃.၆၀)ကို ဒေသံတောင်သူ(၂၃)ဦးထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ကျန်(၄၄.၄၀)ဧကသည် စိုက်ပျိုးနိုင်ခြင်းမရှိသော မြစ်ချောင်းရေအောက်မြေများအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်းသိရသည်။