Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ညောင်လေးပင်မြို့နယ်အတွင်း အသစ်တည်ဆောက်မည့် ပန်းတာတည်နေရာအား ကြည့်ရှု့စစ်ဆေး

ညောင်လေးပင်မြို့နယ်အတွင်း အသစ်တည်ဆောက်မည့် ပန်းတာတည်နေရာအား ကြည့်ရှု့စစ်ဆေး

အောက်တိုဘာ ၂၅

——————–

1

                ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် စစ်တောင်းမြစ်ရေကြီးမှု ကာကွယ်ရန်အတွက် စစ်တောင်းတာမိုင်( ၃၈/၅ မှ ၃၉/၃ )အတွင်း ပန်းတာအသစ်တည်ဆောက်မည့် တည်နေရာအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

        ထို့နောက် ဝန်ကြီးက တာလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက တာကြံ့ခိုင်ရေး၊ ရေရှည်ထိန်းသိမ်းဆောင်ရွက်ရန်မှာ ဒေသခံပြည်သူများ၏ တာဝန်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ ကွင်းဆင်း၍ အသိပညာပေး စည်းရုံးရန် မှာကြားခဲ့သည်။

Leave a Reply