Home / ညောင်လေးပင်မြို့နယ် / ညောင်လေးပင်မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ

ညောင်လေးပင်မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ

ဖေဖော်ဝါရီလ ၁၀ (ပဲခူး)

================

       (၁၀.၂.၂၀၁၇)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်က ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦ:ဝင်းသိန်းနှင့် ညောင်လေးပင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

            ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံမှ ညောင်လေးပင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များနှင့် လက်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

        ထို့နောက် ဝန်ကြီးချုပ်က “ယခုတက်ရောက်လာ ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့များအနေဖြင့် ပြည်တိုင်း၏ ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုအပေါ် လိုက်ပါပြောင်းလဲဘို့လိုကြောင်း၊ (၂၁)ရာစုပင်လုံရဲ့ အဓိကအချက်များဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကိစ္စရပ်များအား ဝိုင်ဝန်းအဖြေရှာကြဘို့လိုကြောင်း၊ (၂၁)ရာစုပင်လုံသည် ငြိမ်းချမ်းရေးအတွက် ဦးတည်ကျင်းပနေခြင်းဖြစ်၍ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်ကြောင်း၊ ပါတီတစ်ခုချင်း သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း တိုင်းပြည်တိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ စည်းကမ်း၊ ဥပဒေများ၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ပါတီနှင့်တစ်ပါတီ လေးစားကြရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီယဉ်ကျေးမှုကို သွားတဲ့အခါမှာ လူ့အဖွဲ့အစည်း တိုးတက်ဘို့ မိမိတို့အနေနဲ့ ဘယ်အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ရမလဲ၊ ဘယ်လိုအကောင်းဆုံး ပံ့ပိုးပေးရမလဲဆိုတဲ့ စိတ်ဓာတ်မျိုး မွေးကြဘို့လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

                    အခန်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

Leave a Reply