Home / ညောင်လေးပင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

ညောင်လေးပင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

ညောင်လေးပင်မြို့၏ ဒေသဆိုင်ရာအချက်အလက်များ

NLP

 

၁။     တည်နေရာအကျယ်အဝန်း

တည်နေရာ

ညောင်လေးပင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ၅၉မိနစ်နှင့် ၁၈ဒီဂရီ၁၂မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ၃၆မိနစ်နှင့် ၉၆ဒီဂရီ ၅၃မိနစ်တွင်တည်ရှိပါသည်။

ညောင်လေးပင်မြို့ကွက်မြေပုံ

NLP(Myo Kyut)

အကျယ်အဝန်း

၁။      ဧရိယာစတုရန်းမိုင်              –        ၂၈၂.၈၇ စတုရန်းမိုင်

၂။      အရှေ့မှအနောက်                 –        (၂၁) မိုင်

တောင်မှမြောက်                  –        (၂၀) မိုင်

၃။      မြို့နယ်ဧရိယာစတုရန်းမိုင်     –        ၂၈၂.၈၄ စတုရန်းမိုင်

၄။      မြို့ဧရိယာစတုရန်းမိုင်          –        ၂.၀၁၄ စတုရန်းမိုင်

နယ်နိမိတ်

                   ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် ရွှေကျင် မြို့နယ်၊ တောင်ဘက်တွင် ဝေါမြို့နယ် နှင့်ဒိုက်ဦး မြို့နယ် ထိစပ်လျှက်ရှိပါသည်။ အနောက်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် ကျောက်တံခါးမြို့နယ်နှင့် နယ်နိမိတ်စပ်ဆက်လျှက်ရှိပါသည်။

၂။      မြေမျက်နှာသွင်ပြင်၊ရာသီဥတု

မြေမျက်နှာသွင်ပြင်

                ညောင်လေးပင်မြို့နယ်၏မြေမျက်နှာသွင်ပြင်မှာ ပင်လယ်ရေမျက်နှာပြင်အောက်(၅၀)

ပေနိမ့်သော ဒေသများဖြစ်ပြီး၊ ရန်ကုန်- မန္တလေးမီးရထားလမ်းတို့သည် အနိမ့်ဘက်

ခြမ်းတွင်တည်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်

ညောင်လေးပင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အောက် (၅၀)ပေနိမ့်သော ဒေသ တွင်တည်ရှိပါသည်။

ရာသီဥတု

                ညောင်လေးပင်မြို့နယ်သည် ပူနွေးစိုစွတ်သော ရာသီဥတုရှိပြီးအမြင့်ဆုံးအပူချိန် ၄၂

ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၁၃ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။

၃။      အုပ်ချုပ်ရေးဆိုင်ရာ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

မြို့               –        ၄ မြို့

ရပ်ကွက်        –        ၁၃ ရပ်ကွက်

ကျေးရွာအုပ်စု –        ၄၈ အုပ်စု

ကျေးရွာ        –        ၁၅၁ ရွာ

 ဌာနဆိုင်ရာရုံးများ

ညောင်လေးပင်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

၁။      မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

၂။      မြို့နယ်တရားရုံး

၃။      မြိုနယ်ဉပဒေရုံး

၄။      မြိုနယ်ကော်မရှင်ရုံး

၅။      မြိုနယ်စာရင်းစစ်ရုံး

၆။      မြန်မာနိုင်ငံရဲတပ်ဖွဲ့

၇။      အထူးစုံစမ်းရေးဌာန

၈။      မြိုနယ်မီသတ်ဦးစီးဌာန

၉။      မြို့နယ်စည်ပင်သာယာရေးအဖွဲ့

၁၀။    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

၁၁။    မြို့နယ်သာသနာရေးဦးစီးဌာန

၁၂။    မြို့နယ်သမဝါယမဦးစီးဌာန

၁၃။    မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန

၁၄။    မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

၁၅။    ဆည်မြောင်းဦးစီးဌာန

၁၆။    စက်မှုလယ်ယာဦးစီးဌာန

၁၇။    ရေအရင်းအမြစ်

၁၈။    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁၉။    ဆက်သွယ်ရေး

၂၀။    ရထားပို့ဆောင်ရေး

၂၁။    မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန

၂၂။     သစ်တောဦးစီးဌာန

၂၃။    မြန်မာ့လျှပ်စစ်လုပ်ငန်း

၂၄။    သစ်ထုတ်လုပ်ငန်း

၂၅။    လူ၀င်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန

၂၆။    မြိုနယ်ပညာရေးမှူးရုံး

၂၇။    မြိုနယ်ကုသရေးဦးစီးဌာန

၂၈။    တိုင်းရင်းဆေးကုဌာန

၂၉။    ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန

၃၀။    မြန်မာ့စီးပွားရေးဘဏ်

၃၁။    ပြည်တွင်းအခွန်ဦးစီးဌာန

၃၂။    မြို့နယ်လယ်ယာမြေဖွံ့ဖြိုးရေးဘဏ်

၃၃။    မြို့နယ်စီမံကိန်းဦးစီးဌာန

၃၄။    လမ်းဦးစီးဌာန

၃၅။    အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

၃၆။    မီးရထား

၃၇။    ငါးလုပ်ငန်းဦးစီးဌာန

၃၈။    အလုပ်ရုံနှင့် အလုပ်ဉပဒေ

၃၉။    လူမှုဖူလုံရေး

၄၀။    သံလမ်းအုပ်ကြီး

၄၁။    ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန

၄၂။    ကွန်ကရစ်/ဇလီဖား

၄၃။    ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ

၄၄။    အားကစားနှင့်ကာယပညာဦးစီးဌာန

မြို့နယ်အတွင်းရှိရဲစခန်းများ

ညောင်လေးပင်မြို့နယ်ရှိ ရဲစခန်းများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

၁။      မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး

၂။      ညောင်လေးပင်မြို့မရဲစခန်း

၃။      ပိန်းဇလုပ်ရဲစခန်း

၄။      ပြွန်တန်ဆာရဲစခန်း

၅။      မဒေါက်ရဲစခန်း

 

၄။      စီးပွားရေး

ညောင်လေးပင်မြို့နယ်၏   စီးပွားရေးမှာ    လယ်ယာစိုက်ပျိုးရေးနှင့်   လယ်ယာစိုက်ပျိုးရေး အထောက်အကူပြု ကုန်စည်လုပ်ငန်းများ ဖြစ်ပါသည်။  လယ်ယာစိုက်ပျိုးရေးတွင်မိုးစပါး၊  နွေစပါး၊ဆောင်းသီးနှံ၊ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်ရာသီအလိုက် မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက်စိုက်ခင်းများစိုက်ပျိုးကြပါသည်။လယ်ယာစိုက်ပျိုးရေးအထောက်အကူပြုအဖြစ်  ဂွတ်ဘရားသား၊ရီရှင်း၊ရွှေထွန်းကုမ္ပဏီတို့မှ လယ်ယာသုံး စက်ကိရိယာအရောင်းပြခန်းများ ဖွင့်လှစ်ထားရှိပါသည်။  ဆန်စက်ကြီး ၊ဟာလာဆန်စက်၊  ဆီစက်၊ သစ်စက်၊ ရေသန့်စက်၊ စျေးများအနေဖြင့် စည်ပင်သာယာစျေး  အဖွဲ့ပိုင်၊ညောင်လေးပင်မြို့၊ပြွန်တန်ဆာမြို့၊ မဒေါက်မြို့၊ ပိန်းဇလုပ်မြို့တို့တွင် စျေး(၁)စျေးစီရှိပါ သည်။ဘဏ်များအနေဖြင့် အစိုးရဌာန၊ မြန်မာ့စီးပွားရေးဘဏ်(၁)ခု၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်(၁)ခု၊ပုဂ္ဂလိကဘဏ်အနေဖြင့် CB ဘဏ်၊ AGDဘဏ်၊ KBZ ဘဏ်၊ ရိုးမဘဏ်၊ကမ္ဘာ့ရတနာဘဏ်တို့ ရှိပါသည်။မွေးမြူရေးကဏ္ဌအနေဖြင့် မွေးမြူရေးဇုန်မရှိပါ။ပုဂ္ဂလိက ကြက်၊ ဘဲ မွေးမြူရေးခြံများရှိ ပါသည်။သဘာဝအင်းအိုင် ချောင်းမြောင်းများမှ ထွက်ရှိသော ရေချိုငါး၊ပုဇွန်လုပ်ငန်း ရှိပါသည်။

၅။      လူမှုရေး

အခြေခံပညာကျောင်းများ

အထက်တန်းကျောင်း                    –        ၉ ကျောင်း

အထက(ခွဲ)                                  –        ၈ ကျောင်း

အလယ်တန်းကျောင်း                    –        ၃ ကျောင်း

မူလတန်းကျောင်း                         –        ၁၅၂ ကျောင်း

မူလတန်းကြိုကျောင်း                    –        ၆ ကျောင်း

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း –        ၅ ကျောင်း

ဆေးရုံများ

(၁)     မြို့နယ်ဆေးရုံ                              –        ၅၀ ကုတင်ဆံ့

(၂)     ပြွန်တန်ဆာတိုက်နယ်ဆေးရုံ            –        ၁၆ ကုတင်ဆံ့

(၃)     မဒေါက်တိုက်နယ်ဆေးရုံ                –        ၁၆ ကုတင်ဆံ့

(၄)     ပိန်းဇလုပ်တိုက်နယ်ဆေးရုံ              –        ၁၆ ကုတင်ဆံ့

(၅)     ရွှေရည်လင်းပုဂ္ဂလိကအထူးကုဆေးရုံ-         ၁၆ ကုတင်ဆံ့

(၆)     အာယုသုခပုဂ္ဂလိကဆေးရုံ              –        ၁၆ ကုတင်ဆံ့

ဆေးပေးခန်းများ   

        (၁)     အနာကြီးရောဂါတိုက်ဖျက်ရေး

(၂)     ငှက်ဖျားတိုက်ဖျက်ရေး

(၃)     တီဘီရောဂါတိုက်ဖျက်ရေး

(၄)     မိခင်နှင့်ကလေးကျန်းမာရေး

ကျေးလက်ကျန်းမာရေးဌာန

(၁)     ကျေးလက်ကျန်းမာရေးဌာန                      –        ၉ ခု

(၂)     ကျေးလက်ကျန်းမာရေးဌာနခွဲ                   –      ၃၅  ခု

အသင်းအဖွဲ့များ

(၁)     ရွှေဇာမြေအသင်း

(၂)     စေတနာအသင်း

(၃)     မွန်မြတ်သုခအသင်း

(၄)     ဂရုဏာအသင်း

(၅)     သစ္စာရှင်အသင်း

(၆)     မေတ္တာရှင်အသင်း

ထင်ရှားသည့်ဘုရားစေတီပုထိုးများ

(၁)     မဟာတိလောကသယမ္ဘူဘုရား                 ညောင်လေးပင်မြို့

(၂)     ရောင်တော်ပြန်ဘုရား                              တော်ဝိကျေးရွာ

ဘာသာရေးအဆောက်အဦများ   

(၁)     ဘုန်းကြီးကျောင်းများ                    –        ၂၂၉ ကျောင်း

(၂)     အစ္စလာမ်ဝတ်ပြုကျောင်း                –            ၆ ကျောင်း

(၃)     ဟိန္ဒူဘုရားကျောင်း                      –            ၇ ကျောင်း

(၄)     တရုတ်ဘုရားကျောင်း                   –            ၅ ကျောင်း

(၅)     ခရစ်ယာန်ဘုရားကျောင်း               –            ၅ ကျောင်း

၆။    ကျေးလက်ဒေသဖွံ့ဖြိုးရေး     

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်ညောင်လေးပင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သောကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခွင့်ပြုငွေ)

စဉ် ကျေးရွာအုပ်စု လုပ်ငန်းအမျိုးအစား ခွင့်ပြုရန်ပုံငွေ

ပြည်သူထည့်ဝင်ငွေ

+

ပစ္စည်းတန်ဖိုး

မုက္ခမူ ကျေးရွာအုပ်စု ဂဝံခင်းခြင်း

၁၂၀၀၀၀၀

၉၈၂၄၀၀

 ၇။    ယဉ်ကျေးမှုနယ်မြေများ

        ညောင်လေးပင်မြိုနယ်တွင် ယဉ်ကျေးမှုနယ်မြေများမရှိပါ။

၈။      ဒေသ သမိုင်းအကြောင်း

ညောင်လေးပင်မြို့ကို မည်သူမည်ဝါ တည်ထောင်ခဲ့သည်ဟု ခိုင်လုံ သောအထောက်အထား မရရှိသေးပါ။ ရှေးအစဉ်အဆက်စကားအရ ဥသြ ဥထိုက်ညောင်ပင် စိုက်ထို၌မြို့ရွာတည်လတ္တံဟု တစ်ဘောင်တစ်ခုရှိခဲ့သဖြင့် ၁၁၁၇ခုနှစ်၌မြို့ရွာတည်ခဲ့သည်ဟု ယူဆရပါသည်။ ညောင်လေးပင်မြို့ တည်သောနှစ်သည် ကုန်းဘောင်ခေတ် ထက်၂နှစ်ခန့် နောက်ကျတည် ခဲ့ကြောင်း မြို့နယ် သမိုင်းလေ့လာရေးပုဂ္ဂိုလ်များ က အဆိုရှိပါသည်။ ညောင်လေးပင်မြို့မှအရှေ့ဘက်(၄)မိုင်အကွာရှိ ပုဇွန် မြောင်းရွာ အနီး အရှေ့ အရပ်၌ တည်ထားသော ရှေးဟောင်း စေတီမှရရှိသည့် ရတနာခေတ် ဟောင်း ဒေါင်းဒင်္ဂါးများတွေ့ရှိခဲ့မှုအရ ၄င်းစေတီ(၃)ဆူကို တည်ထားသော ဘိုးတော်တပ်မှူးမှာ မင်းတုန်းမင်း ၏တပ်မှူး(၁)ဦးဖြစ်ခြင်း၊မြင်းကွန်းမြင်း ခုံတိုင်ညီနောင်ကို နှိမ် နှင်းရန်စေလွှတ်ရာမှ ပျဉ်းမနားတွင် မင်းသားညီနောင်နှင့် တွေ့ဆုံပြီး သစ္စာရေ သောက်လိုက်ရသဖြင့် နေပြည်တော်သို့ မပြန်ဝံ့ဘဲအောက်ပြည်အောက်ရွာသို့တိမ်းရှောင်ရင်း ညောင်လေးပင်မြို့၊ ပုဇွန်မြောင် ရွာသို့ ရောက်ရှိ ကြောင်း အမှတ်အသားရှိ ပါသည်။သမိုင်း ပညာရှင် အချို့ကလည်း အနောက်ဘက် လွန်မင်း ပေါ်တူဂီ၊ ငဇင်ကာ နှင့်နတ်ရှင်နောင်တို့ကိုနှိမ်နှင်းရန် တောင်ငူမှသန်လျင်သို့ချီတက်ရာတွင် မိုးကျ သဖြင့် ပုဇွန်မြောင်းအရပ်တွင် ရိက္ခာဖြည့်တင်းခဲ့ကြောင်း၊ စစ်သား အချို့ကျန်ရစ်ခဲ့ပြီး အညာဒေသမှအိုး လုပ်သော အတတ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုခဲ့ကြသဖြင့် ယခုတိုင် ပုဇွန်မြောင်းအိုးသည် နာမည်ကြီးဖြစ်၍ အင်းဝခေတ်နောက်ပိုင်း၌ တည်သည်ဟုယူဆနိုင်သည့် အပြင် ယခု တော်ဝိကျေးရွာ ရန်ကုန်-မန္တလေးကားလမ်း အနီး မင်းရဲလှကင်း တပ်မြို့၊ ဟံသာဝတီ ကင်းတပ်မြို့(၃၂)မြို့အပါအဝင်အမှတ်အသားများကျန်ရှိသဖြင့် ဟံသာဝတီခေတ်တွင်ညောင်လေးပင် ဟူ၍မပေါ်ပေါက်သေးကြောင်းယူဆရပါသည်။ညောင်လေးပင်မြို့သည် (၁၉၁၁)ခုနှစ်၊ မြို့ပြဥပဒေ ပုဒ်မ(၄)အရ မြို့မအဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုစဉ်က (၁)ဘုရားကြီးရပ်၊ (၂)စျေးပိုင်း ရပ်၊ (၃)လမ်း သစ်ရပ်၊ (၄)မြို့ပတ်ရပ်၊ (၅)ရွာမ တောင်အရပ်၊ (၆)ရွာမမြောက် အရပ်၊ (၇)ဗိုလ်ချုပ်ရပ်၊ (၈)ရွာမ အနောက်အရပ်ဟူ၍ ရပ်ကွက်(၈)ခုဖွဲ့စည်း ခဲ့ပြီး(၃၁.၁၀.၁၉၇၂) ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာ၏ အမိန့် ကြော်ငြာစာ(၁၀၇၄)အရ  ညောင်လေးပင်မြို့ကို ရပ်ကွက် (၁၊၂၊၃၊ ၄၊၅) ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။

 ၁၀။    ညောင်လေးပင်မြို့နယ်အတွင်းရှိ ပွဲတော်များ

(က)    အထင်ကရပွဲတော်များနှင့် ကျင်းပသည့်အချိန်

(၁)     ညောင်လေးပင်မြို့ လုဒ်မယ်တော်သခင်မ ပွဲတော်ကြီးကို နှစ်စဉ် ဖေဖော် ဝါရီလအတွင်း ကျင်းပပြုလုပ်လျှက်ရှိပါသည်။

(၂)     ညောင်လေးပင်မြို့နယ် မဒေါက်မြို့တွင်  တန်ဆောင်တိုင်မီးမျှောပွဲတော်ကို တန်ဆောင်မုန်းလအတွင်း နှစ်စဉ် ကျင်းပပြုလုပ်လျှက် ရှိပါသည်။

မဒေါက်မြို့အခြေပြမြေပုံ

NLP(MaDote)

 

( ဂ)    သမိုင်းကြောင်း

(၁)     ညောင်လေးပင်မြို့ လုဒ်မယ်တော်သခင်မ ပွဲတော်ကြီးနှင့် စပ်လျဉ်းသည့် သမိုင်းကြောင်းမှာ လုဒ်မြို့သည် ပြင်သစ်နိုင်ငံ အနောက် ဘက်နယ်စပ်မြို့ကလေး တစ်မြို့ဖြစ်သည်။ဤမြို့တွင် ၁၉၅၈ခုနှစ်၊ဖေဖော်ဝါရီလ(၁၁)ရက်နေ့၌ ဆင်းရဲနွမ်းပါးသော ဘေနဒစ်ရိုဘီရူး ညီအစ်မသုံးယောက်ထံ မယ်တော်ထင်ရှားပြခဲ့သည်။ထိုစဉ်က လုဒ်သည်အလွန်သေးရွယ်သော ကျေးရွာကလေးမှ ယနေ့အလွန်စည်ကား လှပသော မြို့တစ်မြို့ဖြစ်လာသည်။ကမ္ဘာ့အနှမ့်အပြားရှိ ကက်သလစ်ဘာသာဝင်များနှင့် ဘာသာဝင်မဟုတ်သော သဒ္ဒါကြည်ညို ဘုရားဖူး များ နှစ်စဉ်မတ်လမှအောက်တိုဘာလ အတွင်း သန်းပေါင်းများစွာလာရောက်ဘုရားဖူးကြသော ဘုရားဖူးဒေသတစ်ခုဖြစ် သည်။

၁၈၉၂ခုနှစ်မှစတင်၍ ဆရာတော် ဘီဂန်းဒက်က ပဲခူးတိုင်းသို့ သာသနာပြုရန် ဘုန်းတော်ကြီး   Perro အားတာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးPerro ကဒေသခံ ကရင်ဘုန်းတော်ကြီး Andreasနှင့်အတူ ညောင်လေးပင်အနီးရှိ ကျေးရွာများတွင် သာသနာပြုခဲ့သည်။ ၁၈၉၂ခုနှစ်၊သြဂုတ်လ(၃)ရက်နေ့တွင် ဦးပုလု(အသက်၆၀)နှင့် ဇနီးတို့က ကက်သလစ်ဘာသာကို စဝင်ခဲ့သည်။

၁၈၉၂ခုနှစ်တွင် ဆရာတော် ဘီဂန်းဒက်က ဘုန်းတော်ကြီးMignot(ဦးမီးညို) အားညောင်လေးပင်မြို့၌ အခြေစိုက်၍ သာသနာပြုရန် တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးဦးမီးညိုသည် ညောင်လေးပင်မီးရထားဘူတာရှိ အလုပ်သမားများတည်းခိုဆောင်၌ တည်းခို၍ သာသနာလုပ်ငန်းကို စတင်ခဲ့သည်။၁၈၉၃ခုနှစ်တွင် လက်ရှိ ဘုရား ကျောင်းမြေပေါ်တွင် ပျဉ်ထောင်(၂)ထပ်ကျောင်းကို ဆောက်လုပ်ခဲ့ သည်။ အပေါ်ထပ်ကိုဘုရားကျောင်းအဖြစ် အသုံးပြု၍ အောက်ထပ်တွင် ဘုန်းတော်ကြီးနေထိုင်ခဲ့သည်။ ယင်းဘုရားကျောင်းတွင် လုဒ်မယ်တော်ပုံကို ပင့်ဆောင်၍ ပူဇော်အပ်နှံခဲ့သည်။

ဤကျောင်းသည် မြန်မာနိုင်ငံတွင် လုဒ်မယ်တော်အား အပ်နှံခဲ့သော ပထမဆုံး ကျောင်းဖြစ်သည်ဟု သိရှိရပါသည်။

၁၉၀၀ပြည့်နှစ်တွင် အနုပညာအလွန်မြောက်သော ကျောင်းကိုဆောက် လုပ်ခဲ့ပြီး ၁၉၀၂ ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့တွင် ကျောင်းသစ်ကို ရေစက်ချ၍ လုဒ် မယ်တော်ပွဲကို စတင်ခဲ့ပြီး မယ်တော်ပွဲကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ ကွန်ဖရင့်မှ တစ်နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးဒေသအဖြစ် သတ်မှတ်ထားသော ဘုရားဖူး ဒေသဖြစ်သည်ဟူ၍ သိရှိပါသည်။လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က မဒေါက်ဒေသတွင် နေထိုင်ကြသောရဟန်းရှင်လှူ ပြည်သူ/သားများသည် စီးပွားရေး၊ကျန်းမာရေး၊ဘေးအန္တရာယ်ကင်းရှင်းရေး ကိုမျှော်ကိုး၍ ရှင်ဥပဂုတ္တရ မထေရ်မြတ်ရုပ်ပွားတော်ကြီးအား  ဆီမီးပူဇော်ပသခဲ့ကြပါသည်။ နှစ်အနည်းငယ်ကြာသောအခါ ရဟန်းရှင်လူ ပြည်သူ/သားများက ကြည်ညိုသဒ္ဒါပွားနိုင်ရေးနှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ်မှုရှိစေရန် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး အတွက် ထိုပူဇော်ပွဲကြီးအား တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးဟု ခေါ်တွင် သတ်မှတ်ခဲ့ကြပါသည်။