Home / ဖြူးမြို့နယ် / ညွတ်ကွင်းမြို့၊ အထက(၁)နှင့် အထက(၂)ကျောင်းများသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ညွတ်ကွင်းမြို့၊ အထက(၁)နှင့် အထက(၂)ကျောင်းများသို့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

 သြဂုတ် ၁၁ (ဖြူး)
===================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်နွယ်နီမြင့်၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အမှတ်(၁)နှင့် (၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးများမှ အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးအပိုင်း ဆောင်ရွက်နေမှု အခြေအနေ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၏ အခြေအနေ၊ ကျောင်း၏ လိုအပ်ချက်များအား တင်ပြရာ ဝန်ကြီးချုပ်မှ ပညာရေးစနစ် ပြုပြင်ပြောင်းလဲနေပြီဖြစ်သောကြောင့် ကျောင်းသား/သူများ အရည်အချင်း အဘက်ဘက်မှ ပြည့်ဝလာအောင် သင်ကြားပေးကြရန်၊ မိမိတို့ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ကျောင်းတာဝန်ရှိသူ ဆရာ/မများက လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ကျောင်း၏ အခြားလိုအပ်ချက်နှင့် ဝန်ထမ်းလိုအပ်ချက်ကိုလည်း ပညာရေးဌာန တာဝန်ရှိသူနှင့် ညှိနိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ ကျောင်းဆောင်များ၊ စာသင်ခန်းများနှင့် ကျောင်းသား/သူများ စာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲ(၂)နာရီအချိန်တွင် ကညွတ်ကွင်းမြို့၊ အောင်တော်မူခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ မိမိတို့တိုင်းဒေသကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ဥပဒေပြုရေးကဏ္ဍများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။