Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

သြဂုတ် ၁၁ (ပဲခူး)

=====================================

သြဂုတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

အစည်းအဝေး၌ ဌာနဆိုင်ရာ ယာဉ်၊ ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ ပြင်ဆင်ရေးစိစစ်မှုအဖွဲ့မှ  ‎၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်အတွင်းခွင့်ပြုထားသော အသုံးစရိတ်ဖြင့် ဌာနဆိုင်ရာအလိုက် လျာထားသတ်မှတ်ထားသည့် ရန်ပုံငွေထက်မပိုဘဲ တင်ပြတောင်းခံလာမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးခဲ့ကြပြီး၊ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး  ဦးညွန့်ရွှေ၊ ကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။