Home / ရွှေကျင်မြို့နယ် / တည်ငြိမ်၍ ပြည့်ဝသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

တည်ငြိမ်၍ ပြည့်ဝသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ဧပြီ ၉ (ရွှေကျင်)

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  ရွှေကျင်မြို့နယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အင်ဂျင်နီယာမှူးကြီး ဦးကျော်သူနိုင်က ရွှေကျင်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် မြင့်တက်လာကြောင်း၊ လိုအပ်သည့် ပမာဏကို ထုတ်လုပ်ပေး နိုင်ရုံမျှမက တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားဖြစ်ရန် လိုအပ်ကြောင်းနှင့် မိုးရာသီမတိုင်မီ တမံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရန် မှာကြားခဲ့သည်။

          ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          အဆိုပါ ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့ အရှေ့မြောက်ဘက် (၆)မိုင်ခန့်အကွာ ကျောက်နဂါးကျေးရွာအနီး ရွှေကျင်ချောင်းပေါ်တွင် မြေသားတမံအလျား (၃၆၁၀)ပေ၊ တမံအမြင့်(၁၈၅)ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ (၁၆၈၅၀၀၀)ဧကပေ၊ အကျိုးပြုရေလှောင်ပမာဏ(၁၁၇၄၂၀၀)ဧကပေ၊ ကန်ရေပြင်ကျယ်ဧရိယာ (၄၄)စတုရန်းမိုင်၊ ရေဆင်းဧရိယာ(၃၄၃)စတုရန်းမိုင်ဖြစ်ပြီး ထုတ်လုပ် သည့် လျှပ်စစ်ဓာတ်အား (၇၅)မဂ္ဂါဝပ်ဖြစ်ကြောင်း သတင်းရရှိသည်။