Home / ပဲခူးမြို့နယ် / တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ ​တွေ့ဆုံညှိနှိုင်းစည်း​ဝေး ကျင်းပပြုလုပ်

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ ​တွေ့ဆုံညှိနှိုင်းစည်း​ဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၁၀ ရက်
==================================

ပဲခူးတိုင်းဒေသကြီး (ကရင်၊ အရှိုချင်း၊ ကယား၊ ရှမ်း၊ မွန် ၊ပအိုဝ်း) တိုင်းရင်းသားစာပေဘာသာသင်ကြားသည့် နေစားလပေး ဆရာ/ဆရာမ (Teaching Assistant) ခန့်ထားနိုင်ရေး အစည်းအဝေးကို (၁၀.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
ရှေးဦးစွာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးမှ အမှာစကားပြောကြားကာ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူး ဆရာမဒေါ်မြင့်မြင့်သန်းမှ တိုင်းရင်းသားစာပေဘာသာသင်ကြားသည့် နေစားလပေး ဆရာ/ဆရာမ (Teaching Assistant) ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြာပြီး တက်ရောက်လာကြသော တိုင်းရင်းသားစာပေယဉ်ကျေးမှု ကိုစားလှယ်များက မိမိဒေသ အခက်အခဲများနှင့် သိရှိလိုသည်များမေမြန်းကြပြီး ဝန်ကြီးနော်ပွယ်စေး၊ တိုင်းပညာရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် တိုင်းရင်းသား အခွင့်အရေးကာကွယ်စောက်ရှောက်ရေး ဦးစီးဌာနဦးစီးမှူး ဦးချစ်ဇော်လင်းတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။