Home / ရေတာရှည်မြို့နယ် / တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရေဘေးနှင့် အုတ်တွင်းမြို့နယ် လေဘေးအတွက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရေဘေးနှင့် အုတ်တွင်းမြို့နယ် လေဘေးအတွက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ (၁၆) ပဲခူး

==========================================

အောက်တိုဘာလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရေဘေးနှင့် အုတ်တွင်းမြို့နယ် လေဘေးအတွက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ်အတွင်း ကျေးရွာ(၂၁)ရွာတွင် ၁၂-၁၀-၂၀၁၇ ရက်နေ့မှ ၁၄-၁၀-၂၀၁၇ ရက်နေ့အထိ ရေဘေးခံစားခဲ့ရသည့် အိမ်ထောင်စု(၁၈၉၈)၊ လူဦးရေ(၁၁၃၆၄) တို့အတွက် တစ်ပတ်စာ ထောက်ပံ့ငွေကျပ်(၂၃၈၆၄၄၀ဝိ/-) (ကျပ် နှစ်ရာသုံးဆယ့်ရှစ်သိန်း ခြောက်သောင်း လေးထောင့်လေးရာ တိတိ)အား ဝန်ကြီးချုပ်မှလည်းကောင်း၊ အုတ်တွင်းမြို့နယ်အတွင်း လေဘေး သင့်ခံရသည့် အိမ်ထောင်စု(၃)စုအတွက် ထောက်ပံ့ငွေ(၁၅၀၀၀ဝိ/-)(ကျပ် တစ်သိန်းငါးသောင်း တိတိ) အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးတို့က ပေးအပ်ရာ၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ သည်။

အဆိုပါ ရေဘေးနှင့် လေဘေးထောက်ပံ့ငွေများအား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။