Home / တောင်ငူခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ

တောင်ငူခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ

တောင်ငူခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ

တည်နေရာအကျယ်အဝန်း

Map 1

၁။      တောင်ငူခရိုင်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိပြီး ‌မြောက်လတ္တီတွဒ် (၁၈)ဒီဂရီ  (၁၈)မိနစ်နှင့် (၁၉)ဒီဂရီ (၂၀)မိနစ်အကြား အရှေ့ လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၅၀)မိနစ်နှင့် (၉၆) ဒီဂရီ (၄၅)မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့မှအနောက်သို့ (၇၈)မိုင် (၆)ဖာလုံနှင့် တောင်မှမြောက် သို့(၁၁၂)မိုင် (၁)ဖာလုံရှည်လျားပါသည်။ တောင်ငူခရိုင်၏ ဧရိယာစတုရန်း မိုင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

စဉ် မြို့နယ် မြို့နယ်ဧရိယာ

စတုရန်းမိုင်

မြို့ မြို့များဧရိယာ

စတုရန်းမိုင်

ရေတာရှည် ၁၀၁၁.၁၁ ရေတာရှည် ၁.၀၄
ဆွာ ၆.၉၆
  ပေါင်း ၁၀၁၁.၁၁   ၈.၀၀
တောင်ငူ ၆၆၃.၁၅ တောင်ငူ ၀.၇၃
ကေတုမတီ ၀.၃၃
  ပေါင်း ၆၆၃.၁၅   ၁.၀၆
ထန်းတပင် ၂၀၇.၉၈ ထန်းတပင် ၀.၄၉၈
  ပေါင်း ၂၀၇.၉၈   ၀.၄၉၈
အုတ်တွင်း ၅၃၄.၆၈ အုတ်တွင်း ၁.၀၁၉
  ပေါင်း ၅၃၄.၆၈   ၁.၀၁၉
ဖြူး ၈၉၆.၇ ဖြူး ၁၂.၂၁၇
ကညွှတ်ကွင်း ၇.၈
ဇေယျဝတီ ၄.၄၁၇
  ပေါင်း ၈၉၆.၇   ၂၄.၄၃၄
ကျောက်ကြီး ၇၈၁.၄၁၃ ကျောက်ကြီး ၁.၁၂
  ပေါင်း ၇၈၁.၄၁၃   ၁.၁၂
ခရိုင်ချုပ် ၄၀၉၅.၀၃၃   ၃၆.၁၃၁

 

နယ်နမိတ်

၂။      တောင်ငူခရိုင်၏ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်နှင့် တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တခါးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပေါက်ခေါင်း မြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် နေပြည်တော်ခရိုင်၊ လယ်ဝေး မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်၊ ရာသီဥတု

မြေမျက်နှာသွင်ပြင်

၃။      တောင်ငူခရိုင်သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်တန်းနှင့် အနောက်ဘက်တွင် ပဲခူးရိုးမ တောင်တန်းကြားရှိ စစ်တောင်းမြစ်ဝှမ်းလွင်ပြင် ဖြစ်ပါသည်။

ရေဆင်း

၄။      တောင်ငူခရိုင် စစ်တောင်းမြစ်ဝှမ်းကို အခြေခံ၍ ရေတာရှည်မြို့နယ်တွင် အင်ဒိုင်းမြစ်ရေတင် လုပ်ငန်း၊ တောင်ငူမြို့နယ်တွင် ပသိဆည်၊ကမ်းနီရေလွှဲဆည်၊ ပန်းပဲရေတံခါး၊ အရှေ့ဆင်တမံ၊ အနောက်ဆင့်တမံ၊ မိုးကောင်း၊ ကမ်းနီတာတမံ၊ သဖန်းပင်တာတမံ၊ ကံရိုးဇီးဖြူပင်ရေတာတမံ၊ အုတ်တွင်းမြို့နယ်တွင် စစ်တောင်းမြစ်၊ ခပေါင်းချောင်း၊ မှော်ယောချောင်း၊ မင်းရဲချောင်း၊ ကျွဲမသေ ချောင်း၊ ဝါးတီး၊ ဘန့်ဘွေးပင်၊ လေးအိမ်စု မြစ်ရေတင် လုပ်ငန်း၊ ဖြူးမြို့နယ်တွင် ကျောက်ကြီးချောင်း၊ ဖြူးချောင်း၊ ဇဟားချောင်း၊ သစ်ပါတ်ချောင်း၊ ကွင်းချောင်း နှင့် ကွင်းချောင်းရေလှောင်တမံစီမံကိန်း၊ ဖြူးချောင်း ရေလှောင်တမံစီမံကိန်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်တောင်းမြစ်၊ ကျောက်ကြီးချောင်း၊ မုန်းချောင်း၊ အင်း (၃၄)အင်းတို့ ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၅။    တောင်ငူခရိုင်၏ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်မှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

စဉ် မြို့နယ် ပင်လယ်ရေမျက်နှာပြင်အမြင့်(ပေ)
ရေတာရှည် ၂၀၀
တောင်ငူ ၁၆၂
ထန်းတပင် ၁၈၅
အုတ်တွင်း ၂၀၀
ဖြူး ၁၀၀
ကျောက်ကြီး ၁၉၅
ခရိုင်ချုပ် ၁၇၄

 

 

ရာသီဥတု

၆။      တောင်ငူခရိုင်သည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန် (၄၀.၃.c)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၁.၆.c) ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါသည် –

စဉ် မြို့နယ် ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာ

ရက်

စုစုပေါင်း

မိုးရေချိန်

(လက်မ)

နွေရာသီ

( . c)

ဆောင်းရာသီ

. c)

အမြင့်ဆုံး အနိမ့်ဆုံး
ရေတာရှည် ၂၀၁၆ ၅၇ ၅၄.၄၈ ၃၉ ၁၅.၀၀
တောင်ငူ ၂၀၁၆ ၈၄ ၅၃.၀၂ ၄၃ ၁၃.၀၀
ထန်းတပင် ၂၀၁၆ ၅၉ ၃၉.၂၃ ၂.၃၄ ၀.၁၀
အုတ်တွင်း ၂၀၁၆ ၅၈ ၄၉.၉၈ ၄၃ ၁၂.၀၀
ဖြူး ၂၀၁၆ ၈၆ ၆၆.၆၁ ၃၅ ၁၂.၀၀
ကျောက်ကြီး ၂၀၁၆ ၀.၉၄ ၃၉ ၁၃
ခရိုင်ချုပ် ၅၇ ၄၄.၀၅ ၃၃.၀၅ ၁၀.၈၅

 

အုပ်ချုပ်ရေးဆိုင်ရာ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၇။      တောင်ငူခရိုင်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
ရေတာရှည် ၅၁ ၂၈၉
တောင်ငူ ၂၇ ၃၇ ၂၅၁
ထန်းတပင် ၂၉ ၁၀၇
အုတ်တွင်း ၁၁ ၄၀ ၂၂၄
ဖြူး ၁၈ ၅၈ ၃၁၃
ကျောက်ကြီး ၄၆ ၂၃၄
ခရိုင်ချုပ် ၁၁ ၇၇ ၂၆၁ ၁၄၁၈


 

အုပ်ချုပ်ရေးမှူးရုံးများ

၈။      တောင်ငူခရိုင်၏ မြို့နယ်၊ မြို့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ် မြို့နယ် အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ်

ရုံး

မြို့ရုံး ရပ်ကွက်

ရုံးပေါင်း

ကျေးရွာအုပ်စု

ရုံးပေါင်း

  ၁ ရေတာရှည် ဦးမြို့နိုင် ၅၁
တောင်ငူ ဦးဝင်းစိုး ၂၇ ၃၇
ထန်းတပင် ဦးသန်းရွှေ ၂၉
အုတ်တွင်း ဦးအောင်သိန်းထွန်း ၁၁ ၄၀
ဖြူး ဦးဝင်းလွင် ၁၈ ၅၈
ကျောက်ကြီး ဦးတင်မျိုးအောင် ၃၄
ခရိုင်ချုပ်   ၇၂ ၂၄၉

ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအင်အားစာရင်း

၉။      တောင်ငူခရိုင်ရှိ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းအင်အားစာရင်း အောက်ပါအတိုင်း ဖြစ်ပါသည် –

စဉ် ဌာနဆိုင်ရာ

အမည်

ခွင့်ပြု ခန့်ထား လစ်လပ်
အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း
ခရိုင်ထွေ/အုပ်ဌာန ၅၂ ၆၀ ၂၈ ၃၅ ၂၄ ၂၅
ခရိုင်ရဲတပ်ဖွဲ့ ၂၅ ၁၃၀ ၁၅၅ ၂၃ ၇၃ ၉၆ ၅၇ ၅၉
အကျဉ်းဦးစီးဌာန ၁၀၄ ၁၀၇ ၇၆ ၇၉ ၂၈ ၂၈
ခရိုင်စီမံကိန်း ၁၃ ၁၇ ၁၂ ၁၄
ခရိုင်တရားရုံး ၂၄ ၃၀ ၁၇ ၂၁
ခရိုင်ဥပဒေရုံး ၁၁
ခရိုင်ကျန်းမာရေး ၁၃ ၁၄၉ ၁၆၂ ၁၀၃ ၁၁၂ ၄၆ ၅၀
ဆောက်လုပ်ရေး ၁၉ ၂၀ ၁၂ ၁၃
ခရိုင်(လဝက) ၁၉ ၂၂ ၁၀ ၁၃ ၁၀ ၁၀
၁၀ ခရိုင်စိုက်ပျိုးရေး ၂၇ ၃၂ ၂၅ ၂၉
၁၁ ရေအရင်းအမြစ် ၁၀၆ ၁၁၄ ၂၅ ၃၂ ၈၁ ၈၂
၁၂ စက်မှုလယ်ယာ
၁၃ ခရိုင်မြေစာရင်း ၁၀
၁၄ စက်မှုသီးနှံ ၄၂ ၄၇ ၃၁ ၃၄ ၁၁ ၁၃
၁၅ ခရိုင်တိ/မွေး/ကု
၁၆ ခရိုင်လျှစ်စစ် ၁၄ ၁၇ ၁၂ ၁၅
၁၇ မိုးဇလ ၁၆ ၁၇ ၁၀
၁၈ ခရိုင်ပညာရေး ၁၈ ၅၁ ၆၉ ၂၇ ၃၄ ၁၁ ၂၄ ၃၅
၁၉ မြန်မာ့မီးရထား ၇၂၇ ၇၂၉ ၁၅၆ ၆၂၁ ၁၀၈ ၁၀၈
၂၀ ခရိုင်ပို့/ဆက် ၁၁ ၁၂ ၁၁ ၁၂
၂၁ ငါးလုပ်ငန်း
၂၂ မြန်မာ့အာမခံလုပ်ငန်း ၁၀
၂၃ ခရိုင်အား/ကာ
၂၄ ဆည်မြောင်း (ထိန်း) ၂၁၅ ၂၁၈ ၈၀ ၈၄ ၁၃၅ ၁၃၅
၂၅ ဆည်မြောင်း (တည်) ၉၉ ၁၀၇ ၆၅ ၆၇ ၃၇ ၄၀
၂၆ ခရိုင်သစ်တော ၃၂ ၃၄ ၂၃ ၂၄ ၁၀
၂၇ မြန်မာ့စီးပွားရေးဘဏ် ၅၄ ၅၈ ၄၉ ၅၃
၂၈ ခရိုင်စာရင်းစစ်ရုံး ၁၈ ၁၈ ၁၆ ၁၇
၂၉ ဆက်သွယ်ရေး ၄၈ ၄၉ ၃၈ ၃၉ ၁၀ ၁၀
၃၀ ခရိုင်ပြန်/ဆက် ၁၄ ၁၅
၃၁ ခရိုင်သာသနာရေး
၃၂ ပညာရေးကောလိပ် ၄၄ ၁၆၀ ၂၀၄ ၃၃ ၇၃ ၁၀၆ ၁၁ ၈၇ ၉၈
၃၃ နည်းပညာတက္ကသိုလ် ၉၅၁ ၉၀၂ ၁၈၅၃ ၇၇ ၁၄၇ ၂၂၄ ၈၇၄ ၇၅၅ ၁၆၂၉
၃၄ ခရိုင်ကညန ၃၀ ၃၃ ၂၁ ၂၂ ၁၁
၃၅ ခရိုင်ကျေးလက် ၂၁ ၂၅ ၁၇ ၂၀
၃၆ သားဖွားသင်တန်း ၂၄ ၂၅ ၁၃ ၁၄ ၁၁ ၁၁
၃၇ တောင်ငူဆေးရုံ ၇၇ ၅၁၇ ၅၉၄ ၅၁ ၂၈၁ ၃၃၂ ၂၆ ၂၃၆ ၂၆၂
ခရိုင်ချုပ် ၁၂၂၀ ၃၆၈၄ ၄၉၀၃ ၂၇၄ ၁၄၉၁ ၂၂၂၅ ၉၄၇ ၁၇၃၄ ၂၆၈၁

 

တရားစီရင်ရေး

၁၀။   တောင်ငူခရိုင်၏ ၂၀၁၅-၂၀၁၆ ခုနှစ်နှင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင်  တရားစီရင်ရေး ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

(က)   အမှုကြီး(၁၀)မျိုး

စဉ် မြို့နယ် ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
ရေတာရှည် ၂၃ ၂၃ ၁၉ ၁၇
တောင်ငူ ၂၃ ၁၈ ၄၉ ၄၉
ထန်းတပင်
အုတ်တွင်း
ဖြူး
ကျောက်ကြီး
     ခရိုင်ချုပ် ၆၈ ၆၀ ၇၇ ၇၀

(ခ)    အခြားအမှု(၁၀)မျိုး

စဉ် မြို့နယ် ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
ရေတာရှည် ၆၅၄ ၆၁၁ ၂၆ ၁၇ ၅၄၅ ၄၇၉ ၅၈
တောင်ငူ ၄၀၇ ၃၄၈ ၂၉ ၃၀ ၃၄၀ ၂၉၃ ၃၇ ၁၀
ထန်းတပင် ၂၆ ၂၀ ၁၆
အုတ်တွင်း ၁၇၇ ၁၅၇ ၁၀ ၁၀ ၈၅ ၇၄
ဖြူး ၂၈၆ ၂၃၇ ၄၁ ၂၁၉ ၁၉၀ ၂၅
ကျောက်ကြီး ၁၉ ၁၅
     ခရိုင်ချုပ် ၁၅၅၅ ၁၃၇၅ ၁၀၆ ၇၄ ၁၂၂၄ ၁၀၆၀ ၇၄ ၉၀

 

(ဂ)    ကြိုတင်ကာကွယ်မှု (၁၀)မျိုး

 

စဉ် မြို့နယ် ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
ရေတာရှည် ၁၄၂၂ ၁၄၂၀ ၁၄၂၀ ၁၄၁၆
တောင်ငူ ၁၂၈၀ ၁၂၇၅ ၁၂၈၂ ၁၂၆၄ ၁၃
ထန်းတပင် ၁၀၈ ၁၀၈
အုတ်တွင်း ၃၄၄ ၃၄၃ ၅၀၅ ၅၀၅
ဖြူး ၇၂၅ ၇၂၅ ၁၂၅၉ ၁၂၅၉
ကျောက်ကြီး ၃၇ ၃၆ ၇၆၉ ၁၆၈
     ခရိုင်ချုပ် ၃၉၁၆ ၃၉၁၇ ၄၆၃၆ ၄၆၁၂ ၁၄ ၁၀

 

 

စီပွားရေး

စီးပွားရေးခြုံငုံသုံးသပ်ချက်

၁၁။    တောင်ငူခရိုင်သည် မြန်မာနိုင်ငံ၏ အောက်ပိုင်းတွင် တည်ရှိပြီး စီးပွားရေးအရ အချက်အချာ ကျသော ဒေသတစ်ခုဖြစ်ပါသည်။ ခရိုင်အတွင်းရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်းများကို အဓိက ထား လုပ်ကိုင်ကြပါသည်။ တောင်ငူခရိုင် အတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့များမှာ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေး အသင့်အတင့် ကောင်းမွန်သော ဒေသများ ဖြစ်ပါသည်။ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှာ လမ်းပန်းဆက်သွယ်မှု အနည်းငယ် ခက်ခဲသဖြင့် ကုန်စည်စီးဆင်းမှု နှေးကွေးပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးသော မြို့နယ်များ ဖြစ်ပါသည်။ တောင်ငူခရိုင်၏ အဓိက ထွက်ကုန်မှာ ဆန်၊ စပါး ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချလျှက်ရှိပါသည်။

 

မြေအသုံးချမှု

၁၂။    တောင်ငူခရိုင်၏ မြေအမျိုးအစားအလိုက် အသုံးချထားသည့် ဧကအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

စဉ် မြေအမျိုးအစား ဧရိယာ(ဧက)
အသားတင်စိုက်ပျိုးမြေ ၅၆၅၃၇၇
(က)  လယ်မြေဧရိယာ ၄၇၀၂၆၆
( ခ)  ယာမြေ ၆၃၄၁၇
( ဂ) ကိုင်း/ကျွန်းမြေ ၈၅၈၉
( ဃ) ဥယျာဉ်မြေ ၂၁၂၈၀
( င)   တောင်ယာ ၁၈၆၅
လှပ်ထားမြေဧရိယာပေါင်း ၇၈၉
(က)  လယ်မြေဧရိယာ ၇၁၄
( ခ)  ယာမြေ ၆၀
( ဂ) ကိုင်း/ကျွန်းမြေ ၁၅
( ဃ) ဥယျာဉ်မြေ
( င)   တောင်ယာ
စားကျက်မြေ ၅၃၀၅၈
စက်မှုလုပ်ငန်းသုံးမြေ ၁၅၀၉၀
မြို့မြေ ၇၅၇၁
ရွာမြေ ၅၈၂၃၉
အခြားမြေ ၃၆၃၂၃၀
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာ ၁၃၇၈၄၈၂
တောရိုင်း ၁၅၂၉၀
၁၀ မြေရိုင်း ၄၀၆၆၆
၁၁ စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ ၁၃၂၆၁၁
စုစုပေါင်း ၂၆၃၀၄၀၃

 

ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာ

၁၃။    တောင်ငူခရိုင်အတွင်းရှိ ဆည်မြောင်း တာတမံများနှင့် ဆည်ရေသောက် ဧရိယာမှာ အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည် –

 (က)  အစိုးရဆည်များ

စဉ် မြို့နယ် ကွန်

ကရစ်

ကျောက်

စီ

လက်

ရိုက်

သစ်/

မြေသား

ရေလှောင်

တမံ

ရေလွှဲ ပေါင်း အကျိုးပြု

ဧက

ရေတာရှည် ၂၉၀၀၀
တောင်ငူ ၉၀၀၀
ထန်းတပင်
အုတ်တွင်း ၅၅၆၄၁
ဖြူး ၁၂၁၀၀၀
ကျောက်ကြီး
ခရိုင်ချုပ် ၂၁၄၆၄၁

 (ခ)   ကိုယ့်အားကိုယ်ကိုးဆည်များ

စဉ် မြို့နယ် ကွန်

ကရစ်

ကျောက်

စီ

လက်

ရိုက်

သစ်/

မြေသား

ရေလှောင်

တမံ

ရေလွှဲ ပေါင်း အကျိုးပြု

ဧက

———————————————- မရှိပါ ——————————————

 (ဂ)   မြစ်ရေတင်စီမံကိန်းများ

စဉ် မြို့နယ် စီမံကိန်းအရေအတွက် အကျိုးပြုဧက
ရေတာရှည် ၂၀၀
တောင်ငူ ၁၅၀၀
ထန်းတပင် ၃၇
အုတ်တွင်း
ဖြူး
ကျောက်ကြီး
ခရိုင်ချုပ် ၁၇၃၇

 

          (ဃ)  တာတမံများ/ ရေထိန်းတံခါး

စဉ် မြို့နယ် တာတမံ

အရေအတွက်

ရေထိန်းတံခါး

အရေအတွက်

ကာကွယ်သည့်

မြစ်၊ချောင်း

အကျိုးပြုဧက
ရေတာရှည်
တောင်ငူ စစ်တောင်းမြစ် ၁၅၈၀၀
ထန်းတပင် စစ်တောင်းမြစ် ၃၈၀၀
အုတ်တွင်း စစ်တောင်းမြစ် ၇၇၀၉
ဖြူး စစ်တောင်းမြစ် ၁၁၆၈၉
ကျောက်ကြီး စစ်တောင်းမြစ် ၆၆၄၉
ခရိုင်ချုပ် ၁၅ ၄၅၆၄၇

 

စိုက်ပျိုးရေးလုပ်ငန်း

၁၄။    တောင်ငူခရိုင်၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)  အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံ
အမည်
၂၀၁၆၂၀၁၇

လျာထားဧက

၂၀၁၅၂၀၁၆ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်

(တင်း)

 

စပါးပေါင်း နွေ ၇၀၆၅၃ ၇၀၂၃၂
မိုး ၅၂၈၉၀၈ ၅၂၈၇၄၄ ၅၂၇၃၀၄ ၈၁.၉၅ ၄၃၂၁၂၄၇၉

 

မြေပဲ မိုး ၉၀၃၅ ၉၆၁၅ ၉၆၁၅ ၄၆.၄၃ ၄၄၆၄၄၃
ဆောင်း ၂၇၅၈၇ ၂၈၁၉၂ ၂၈၁၉၂ ၆၆.၅၀ ၁၈၇၄၆၇၈

 

နှမ်း မိုး ၁၃၈၁၂ ၁၄၀၈၆ ၁၄၀၈၆ ၉.၉၀ ၁၃၉၃၈၆
ဆောင်း ၁၅၁၃၉ ၁၆၃၃၀ ၁၆၃၃၀ ၁၀.၂၃ ၁၆၇၀၄၂
နေကြာ ၁၈၅ ၄၉၅ ၄၉၅ ၂၇.၆ ၁၃၆၇၇
မတ်ပဲ ၂၅၄၉၃၁ ၂၄၉၇၃၂ ၂၄၉၇၃၂ ၂၂.၆၀ ၅၆၄၃၆၁၄
ပဲတီစိမ်း မိုး ၇၄၁၈ ၆၉၅၈ ၆၉၅၈ ၁၈.၉၈ ၁၃၂၀၄၀
ဆောင်း ၂၃၀၇၄ ၂၆၇၀၈ ၂၆၇၀၈ ၂၀.၉၃ ၅၅၉၀၉၆
ပဲစင်းငုံ ၂၆၂ ၂၆၁ ၂၆၁ ၁၇.၂၄ ၄၅၀၀
ဝါ
ကြံ ၆၆၂၇၁ ၆၅၀၀၀ ၆၄၉၇၀ ၁၄.၉၇ ၉၇၂၉၃
၁၀ အစေ့ထုတ်ပြောင်း ၁၈၉၆ ၁၈၉၆ ၁၈၉၆ ၆၀.၆၂ ၁၁၄၉၄၅၀

 

          (ခ)     နှစ်ရှည်သီးနှံစိုက်ပျိုးမှုအ‌ခြေအနေ

 

စဉ် မြို့နယ် နှစ်ရှည်ပင်စိုက်ဧက
ရော်

ဘာ

သစ်

ဆိမ့်

ကော်

ဖီ

ရှောက်/

သံပုရာ

ရက်

ကျွဲကော/

ရှောက်ချို

သီ

ဟိုဠ်

မန်ကျည်း

သီး

ရေတာရှည် ၄၆၀၈
တောင်ငူ ၃၈၇၉ ၇၅၁
ထန်းတပင် ၁၂၄ ၁၃၀ ၄၀ ၆၀ ၆၃၂ ၂၀၀
အုတ်တွင်း ၉၃၈ ၅၅၄ ၈၈ ၄၂၅ ၃၄၉၇
ဖြူး ၁၈၉ ၃၈၅ ၄၉ ၁၉၅
ကျောက်ကြီး ၁၃၃ ၃၅၄ ၁၅၂၅ ၄၅၅
ခရိုင်ချုပ် ၉၈၇၁ ၁၄၂၃ ၇၉၂ ၁၆၃၄ ၁၃၇၀ ၆၂၅ ၃၄၉၇

(စ)    ဒေသတွင်း ဆန်ဖူလုံမှုရာခိုင်နှုန်း

 

စဉ် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု

(တင်းသိန်း)

ဝမ်းစာ

လိုအပ်မှု

(တင်း)

ဆန်

ဖူလုံမှု

(%)

နွေစပါး မိုးစပါး ပေါင်း
ရေတာရှည် ၈၈၀၄၀၆၂ ၂၁၂၉၈၆ ၈၅၉၁၀၇၆ ၂၆၆၄၉၆၃ ၃၂၂
တောင်ငူ ၆၀၄၅၆၉၀ ၂၉၂၃၅၀ ၅၇၅၃၃၄၀ ၃၃၁၉၇၈၅ ၁၆၃.၈
ထန်းတပင် ၆၇၆၉၂၄၀ ၁၄၇၁၈၄ ၆၆၂၂၀၅၆ ၁၇၈၀၁၆၁ ၃၇၂
အုတ်တွင်း ၆၉၇၅၈၄၉ ၂၄၁၄၁၀ ၆၇၃၄၄၃၉ ၂၄၄၇၀၃၁ ၂၇၅.၂
ဖြူး ၁၂၄၆၉၇၅၈ ၃၀၄၇၄၆ ၁၂၁၆၅၀၁၂ ၃၆၉၇၈၆၀ ၃၂၉
ကျောက်ကြီး ၆၀၄၈၃၉၃ ၂၀၈၄၁၀၉ ၃၉၆၄၂၈၄ ၁၇၁၈၉၅၀ ၂၃၀.၆၂
ခရိုင်ချုပ် ၄၇၁၁၉၉၂ ၃၂၈၂၇၈၅ ၄၃၈၃၀၂၀၇ ၁၅၆၂၈၇၅၀ ၂၈၀.၄၅

 

        (ဆ)   ဆီဖူလုံမှုရာခိုင်နှုန်း

စဉ် မြို့နယ် ဆီထုတ်လုပ်မှု

(မက်/တန်)

ဆီလိုအပ်မှု

(မက်/တန်)

ဆီဖူလုံမှု (%)
ရေတာရှည် ၃၀၂၈ ၁၃၃၉ ၂၂၆
တောင်ငူ ၁၀၆၂ ၁၂၄၄ ၈၅
ထန်းတပင် ၁၈၄၃.၆၂ ၁၁၇၁.၄၇ ၁၅၇
အုတ်တွင်း ၉၀၀ ၃၃၇ ၂၆၇
ဖြူး ၇၂၆ ၂၅၁၂ ၂၉
ကျောက်ကြီး ၁၃၉၄ ၁၁၄၅.၆၀ ၁၂၁.၆၇
ခရိုင်ချုပ် ၈၉၅၃.၆၂ ၇၇၄၉.၀၇ ၁၁၅.၅၄

 

မွေးမြူရေးလုပ်ငန်းများ

၁၅။   တောင်ငူခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)   မွေးမြူရေးဇုန်များ

စဉ် မြို့နယ် မွေးမြူသည့်ကောင်ရေ
ကျွဲ နွား ၀က် ကြက် ဘဲ သိုး ဆိတ်
           
———————————- မရှိပါ။ ———————————-
           

(ခ)    ခရိုင်မွေးမြူရေး (ကောင်ရေ)

စဉ် မြို့နယ် ခုနှစ် မွေးမြူသည့်ကောင်ရေ
ကျွဲ နွား ၀က် ကြက် ဘဲ သိုး ဆိတ်
ရေတာရှည် ၂၀၁၆-၁၇ ၂၁၀၀၅ ၄၈၄၀၆ ၄၁၃၉၇ ၉၀၁၁၄၈ ၃၃၇၁၄ ၁၀၃၀ ၁၀၃၈
တောင်ငူ ၁၆၁၇၇ ၃၁၈၉၃ ၃၄၇၅၁ ၉၆၆၅၀ ၄၅၂၂၀၀ ၁၀၀၀ ၂၅၅
ထန်းတပင် ၉၃၄၄ ၃၆၁၁၉ ၁၈၁၄၃ ၈၃၆၃၈၆ ၃၈၉၉၁ ၁၄၄၉
အုတ်တွင်း ၁၉၃၄၂ ၄၄၂၅၄ ၄၅၃၁၁ ၉၈၆၁၆၃ ၄၁၁၁၆ ၁၅၉၈
ဖြူး ၂၀၀၀၃ ၇၄၅၀၁ ၄၄၆၉၈ ၉၆၃၁၆၉ ၆၁၄၃၃ ၁၁၀၀ ၅၈၀
ကျောက်ကြီး ၉၁၇၀ ၃၁၁၈၄ ၂၃၅၆၄၄ ၅၉၁၁၈ ၃၈၄၈၁ ၁၅၈၀
ခရိုင်ချုပ်   ၉၅၀၄၁ ၂၆၆၃၅၇ ၄၁၉၉၄၄ ၃၈၄၂၆၃၄ ၆၆၅၉၃၅ ၇၇၅၇ ၁၈၇၃

 

        (ဂ)    ခရိုင်အသားထုတ်လုပ်မှု (ပိဿာ)

စဉ် မြို့နယ် ခုနှစ် ကျွဲ နွား ၀က် သိုး/ဆိတ် ကြက် ဘဲ ငုံး
ရေတာရှည် ၂၀၁၆-၁၇ ၂၉၆၅၄၄ ၇၀၂၇၀၇ ၂၀၉၆၇၄၉ ၉၉၈၄ ၁၉၈၃၄၇၁ ၂၀၆၀၇၆
တောင်ငူ ၃၀၅၄ ၂၈၅၅၆ ၂၇၄၆၄၆၁ ၇၃၇၄ ၆၅၈၆၂၆ ၃၈၅၅၃၆ ၂၆၅၄
ထန်းတပင် ၁၈၇၇၅၄ ၄၈၁၃၀၇ ၈၈၉၅၇၉ ၈၇၈၆ ၁၇၉၄၃၄၃ ၂၂၀၂၄၈
အုတ်တွင်း ၃၄၀၅၇၄ ၃၉၇၁၇၀ ၁၆၈၂၃၀၇ ၉၂၇၁ ၃၄၂၁၈၈၇ ၁၅၉၇၈၈
ဖြူး ၉၆၄၅၂၈၄ ၁၄၈၂၉၆၅ ၂၃၅၄၈၁၅ ၁၀၀၁၂ ၂၂၅၄၁၈၈ ၃၇၆၂၈၉
ကျောက်ကြီး ၃၀၀၀၀၀ ၃၂၅၂၂၀ ၁၃၄၇၆၅၄ ၆၅၈၂ ၁၃၈၈၄၆၃ ၂၂၃၉၈၉
ခရိုင်ချုပ်   ၁၀၇၇၃၂၁၀ ၃၄၁၇၉၂၅ ၁၁၁၁၇၅၆၅ ၅၂၀၀၉ ၁၁၅၀၀၉၇၈ ၁၅၇၁၉၂၆ ၂၆၅၄

(ဃ)  ခရိုင် ကြက်/ ဘဲ/ ငုံး ဥထုတ်လုပ်မှု (လုံး)

စဉ် မြို့နယ် ခုနှစ် ကြက်ဥ ဘဲဥ ငုံးဥ
ရေတာရှည် ၂၀၁၆-၁၇ ၃၄၃၁၆၉၅၂ ၃၁၀၃၈၄၅
တောင်ငူ ၅၆၇၄၃၄၆၁ ၃၃၁၈၃၉၈ ၃၅၅၇၂
ထန်းတပင် ၁၅၈၉၁၄၀၉ ၂၅၂၅၉၀၄
အုတ်တွင်း ၂၃၆၆၈၉၇၃ ၃၀၈၂၀၂၀
ဖြူး ၁၆၈၂၄၅၄၈ ၄၇၁၂၅၇၄
ကျောက်ကြီး ၁၄၂၁၆၆၁၃ ၂၇၄၁၂၈၅
ခရိုင်ချုပ်   ၁၆၁၆၆၄၆၅၆ ၁၉၄၈၄၀၂၆ ၃၅၅၇၂

 (င)   ခရိုင် နို့ထွက်ပစ္စည်းထုတ်လုပ်မှု

စဉ် မြို့နယ် ခုနှစ် နို့စားနွား (ကောင်ရေ) နို့ထွက်ပိဿာ
ရေတာရှည် ၂၀၁၆-၁၇ ၄၃၅၈၉ ၆၇၁၉၈၄၃
တောင်ငူ ၃၅ ၄၂၀၀၀
ထန်းတပင်
အုတ်တွင်း
ဖြူး ၇၁၀ ၁၅၃၃၆၀၀
ကျောက်ကြီး
ခရိုင်ချုပ် ၄၄၃၃၄ ၈၂၉၅၄၄၃

 

(စ)    ခရိုင်ငါး၊ ပုစွန်မွေးမြူမှု အခြေအနေ

 

စဉ် မြို့နယ် ငါး ပုဇွန်
အရေအတွက်

(ကန်)

ဧက ထုတ်လုပ်မှု

(ပိဿာ)

အရေအတွက်

(ကန်)

ဧက ထုတ်လုပ်မှု

(ပိဿာ)

ရေတာရှည် ၁၇ ၁၂၁.၁၅ ၁၅၄၀၀၀၀
တောင်ငူ ၁၆၈ ၂၇၇ ၂၈၁၃
ထန်းတပင်
အုတ်တွင်း ၁၆.၀၃ ၁၂၆၂၀၀၀
ဖြူး ၁၄ ၅၆.၂၂ ၁၅၁၈၀၀၀
ကျောက်ကြီး ၂၈.၉၂ ၁၃၃၆၀
ခရိုင်ချုပ် ၂၀၇ ၄၉၉.၃၂ ၄၃၃၆၁၇၃

          (ဆ)   ရေချိုရေငန်ငါးဖမ်းလုပ်ငန်းမှ အသားထုတ်မှု(တန်)

 

စဉ် မြို့နယ် ငါး ပုစွန်
လေလံ

အရေ

အတွက်

လုပ်ငန်း

အရေ

အတွက်

ထုတ်လုပ်မှု

(တန်)

လေလံ

အရေ

အတွက်

လုပ်ငန်း

အရေ

အတွက်

ထုတ်လုပ်မှု

(တန်)

ရေတာရှည် ၃၂၈၈
တောင်ငူ ၂၀၅၅
ထန်းတပင်
အုတ်တွင်း ၁၀ ၁၀ ၃၅၀၃.၀၂
ဖြူး ၁၀ ၁၀ ၂၂၁၇၀၀၀
ကျောက်ကြီး ၃၄ ၃၄ ၂၂၄၆
ခရိုင်ချုပ် ၇၁ ၇၁ ၂၂၂၈၀၉၂.၀၂

 

စက်မှုလက်မှုလုပ်ငန်း

၁၆။   တောင်ငူခရိုင်၏ စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

          (က)   စက်မှုဇုန်များ

စဉ် မြို့နယ် စက်မှုဇုန်အမည် စက်ရုံအမည် ထုတ်လုပ်သည့်

ပစ္စည်းများ

ရေတာရှည် သာဂရစက်မှုဇုန် မြေထိုး၊ မြေတူး၊ ယန္တရားထုတ်လုပ်မှုစက်ရုံ မြေတူး/ထိုးစက်
ဘတ်စုံသုံးဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစက်ရုံ ဒီဇယ်အင်ဂျင်
တာဘိုင်နှင့် ဂျင်နရေတာထုတ်လုပ်မှုစက်ရုံ တာဘိုင်နှင့်ဂျင်နရေတာ
တောင်ငူ
ထန်းတပင်
အုတ်တွင်း
ဖြူး
ကျောက်ကြီး
ခရိုင်ချုပ်

(ခ)    ခရိုင်အတွင်းရှိ စက်ရုံများ

စဉ် မြို့နယ် စက်ရုံ

အရေအတွက်

နိုင်ငံပိုင် ပုဂ္ဂလိကပိုင် လုပ်သား

အင်အား

ရေတာရှည် ၂၉၆၃
တောင်ငူ ၄၀ ၃၉ ၃၂၇
ထန်းတပင် ၅၁ ၅၁ ၁၈၉
အုတ်းတွင်း ၄၆၂
ဖြူး ၈၆၀
ကျောက်ကြီး ၅၆ ၅၆ ၁၃၃
ခရိုင်ချုပ် ၁၆၅ ၁၅၉ ၄၉၃၄

 

(ဂ)    ခရိုင်အတွင်းရှိ အလုပ်ရုံများ

 

စဉ် မြို့နယ် အလုပ်ရုံ

အရေအတွက်

နိုင်ငံပိုင် ပုဂ္ဂလိကပိုင် လုပ်သား

အင်အား

ရေတာရှည်
တောင်ငူ ၂၀ ၂၀ ၂၆၂
ထန်းတပင်
အုတ်တွင်း ၁၂ ၁၂ ၃၁၁
ဖြူး ၁၄ ၁၄ ၆၃
ကျောက်ကြီး ၁၄
ခရိုင်ချုပ် ၅၃ ၅၃ ၆၅၀

(ဃ) ခရိုင်ရှိအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ

စဉ် မြို့နယ် လုပ်ငန်းအမျိုးအစား
ယက္ကန်း စက်

ချုပ်

မုန့် ပန်း

ထိမ်

ပန်းပဲ ဝါး

ခမောက်

ဖယောင်း

တိုင်

တံမြက်

စည်း

အိုး

လုပ်ငန်း

အခြား
ရေတာရှည် ၁၃၅ ၁၃ ၂၂
တောင်ငူ ၃၆ ၅၉ ၁၂ ၃၉
ထန်းတပင် ၂၅၇ ၁၀ ၂၄
အုတ်တွင်း ၇၀ ၁၄
ဖြူး ၂၅၅ ၅၅ ၅၆ ၂၅ ၁၀ ၂၀ ၆၅
ကျောက်ကြီး ၁၅ ၃၀
ခရိုင်ချုပ် ၇၆၈ ၁၄၃ ၈၁ ၅၉ ၅၄ ၃၀ ၉၁ ၆၄

 

စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ

၁၇။  တောင်ငူခရိုင်တွင်ရှိသော စီးပွားရေးဆိုင်ရာအခြေခံ အဆောက်အဦ များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

 (က)  ကုမ္ပဏီ၊ ကုန်စည်ဒိုင်၊ ပွဲရုံ၊ ဈေးနှင့် ကုန်တိုက်များ

 

စဉ် မြို့နယ် ကုမ္ပဏီ ကုန်စည်ဒိုင် ပွဲရုံ ဈေး ကုန်တိုက်
ရေတာရှည်
တောင်ငူ
ထန်းတပင်
အုတ်တွင်း
ဖြူး ၁၁
ကျောက်ကြီး
ခရိုင်ချုပ် ၂၄ ၂၈

          (ခ)    ဘဏ်များ

 

စဉ် မြို့နယ် ဘဏ်ပေါင်း အစိုးရပိုင် ပုဂ္ဂလိကပိုင် စုစုပေါင်း
ရေတာရှည်
တောင်ငူ ၁၃ ၁၁ ၁၃
ထန်းတပင်
အုတ်တွင်း
ဖြူး
ကျောက်ကြီး
ခရိုင်ချုပ် ၃၀ ၁၂ ၁၈ ၃၀

 

(ဂ)    စတိုးဆိုင်နှင့် အရောင်းဆိုင်များ

စဉ် ဆိုင်အမျိုးအစား အရေအတွက်
 စတိုးဆိုင် ၁၁၉
ရွှေဆိုင် ၁၀၄
လျှပ်စစ်ပစ္စည်းဆိုင် ၃၂၆
ဖုန်း/ဖုန်းပစ္စည်းအရောင်းဆိုင် ၅၃
စာအုပ်ဆိုင် ၁၅
ဆေးဆိုင် ၇၈
စားသောက်ဆိုင် ၂၇၃
လက်ဖက်ရည်ဆိုင် ၂၁၀
ကုန်မာဆိုင် ၄၉၁
၁၀ စိုက်ပျိုးရေးပစ္စည်းဆိုင် ၃၆
၁၁ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၁၉
၁၂ ဝန်ဆောင်မှုလုပ်ငန်း ၅၉
၁၃ ဆန်ဆိုင် ၁၁၉
၁၄ အဝတ်အထည်ဆိုင် ၅၃
၁၅ နိဗ္ဗန်ကုန်ဆိုင် ၅၄
ခရိုင်ချုပ် ၂၀၀၉

 

လူမှုရေး

လူမှုရေးအသင်းအဖွဲ့များ

၁၈။   တောင်ငူခရိုင် လူမှုရေးအသင်းအဖွဲ့များဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

        (က)   INGO      

စဉ် မြို့နယ် INGO (အရေအတွက်) မှတ်ချက်
ရေတာရှည်
တောင်ငူ
ထန်းတပင်
အုတ်တွင်း
ဖြူး
ကျောက်ကြီး
ခရိုင်ချုပ်

        (ခ)    NGO (ဦးရေ)

စဉ် မြို့နယ် အမျိုးသမီး ရေးရာ မိခင်/ကလေးအသင်း စစ်မှုထမ်း ဟောင်း ကြက်ခြေနီ အရန် မီးသတ် စုစုပေါင်း
ရေတာရှည် ၂၉၄၈၀ ၁၀၃၅၉၇ ၈၂၅ ၃၁၈ ၆၉၁ ၁၃၄၉၁၁
တောင်ငူ ၃၅၈၈၂ ၆၁၇၅၉ ၁၇၂၃ ၆၄ ၇၀၀ ၁၀၀၁၂၈
ထန်းတပင် ၁၉၉၈၁ ၁၉၅၈၆ ၂၅၁ ၄၄၆ ၁၅၅ ၄၀၄၁၉
အုတ်တွင်း ၃၀၉၆၇ ၉၂၆၅ ၂၉၀ ၁၅၀ ၄၂၁ ၄၁၀၉၃
ဖြူး ၃၈၃၈၇ ၁၂၈၄၀၂ ၆၈၉ ၁၃၉၂ ၁၃၉၂ ၁၇၀၂၆၂
ကျောက်ကြီး ၉၅၄၀ ၂၅၄၆၆ ၂၄၇ ၃၃၀ ၄၄၈ ၃၆၀၃၁
ခရိုင်ချုပ် ၁၆၄၂၃၇ ၃၄၈၀၇၅ ၄၀၂၅ ၂၇၀၀ ၃၈၀၇ ၅၂၂၈၄၄

 

        (ဂ)    အသင်းအဖွဲ့များ

 

စဉ် မြို့နယ် အသင်းအဖွဲ့ပေါင်း မှတ်ချက်
ရေတာရှည်
တောင်ငူ
ထန်းတပင်
အုတ်တွင်း
ဖြူး
ကျောက်ကြီး
ခရိုင်ချုပ် ၁၂

 

ပညာရေးကဏ္ဍ

၁၉။   တောင်ငူခရိုင်တွင်ရှိသော လူမှုရေးဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်

(က)   အဆင့်မြင့်ပညာ  

စဉ် မြို့နယ် တက္ကသိုလ်/

ကောလိပ်/

သိပ္ပံကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်း

သား/သူ

ဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည်
တောင်ငူ ၅၀၁ ၁၆၅၇၂ ၁:၃၄
ထန်းတပင်
အုတ်တွင်း
ဖြူး
ကျောက်ကြီး
ခရိုင်ချုပ် ၅၀၁ ၁၆၅၇၂ ၁:၃၄

 

(ခ)    အခြေခံပညာ

                (၁)     အထကကျောင်းများ

 

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၂၆၁ ၉၁၃၉ ၁:၃၅
တောင်ငူ ၁၇၀ ၁၉၄၂ ၁:၂၃
ထန်းတပင် ၂၂၀ ၇၄၉၄ ၁:၃၄
အုတ်တွင်း ၂၈၁ ၉၅၈၄ ၁:၃၄
ဖြူး ၁၁ ၄၈၇ ၁၇၁၀၀ ၁:၃၅
ကျောက်ကြီး ၁၇၃ ၅၁၄၀ ၁:၃၀
ခရိုင်ချုပ် ၄၂ ၁၅၉၂ ၅၂၃၇၃ ၁:၃၂

 

(၂)     အလကကျောင်းများ

 

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၁၁၀ ၃၆၀၀ ၁:၃၂
တောင်ငူ ၇၅ ၂၀၂၃ ၁:၂၇
ထန်းတပင် ၁၃၈ ၃၃၁၇ ၁:၂၅
အုတ်တွင်း ၇၇ ၂၂၂၂ ၁:၂၉
ဖြူး ၁၁ ၂၂၅ ၅၆၄၅ ၁:၂၅
ကျောက်ကြီး ၁၄၅ ၃၄၉၈ ၁:၂၄
ခရိုင်ချုပ် ၄၃ ၇၇၀ ၂၀၃၀၅ ၁:၂၆

 

(၃)     အမကကျောင်းများ

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၂၃၈ ၁၂၆၈ ၂၉၄၉၆ ၁:၂၃
တောင်ငူ ၁၅၇ ၆၈၉ ၂၆၀၇၃ ၁:၃၈
ထန်းတပင် ၁၀၅ ၁၀၃၂ ၂၅၃၈၂ ၁:၂၄
အုတ်တွင်း ၁၄၄ ၈၇၅ ၁၈၉၀၀ ၁:၂၂
ဖြူး ၁၉၇ ၁၂၉၄ ၃၀၁၆၂ ၁:၂၃
ကျောက်ကြီး ၁၁၆ ၇၃၈ ၁၅၁၆၉ ၁:၂၀
ခရိုင်ချုပ် ၉၅၇ ၅၈၉၆ ၁၄၅၁၈၂ ၁:၂၄

 

(ဂ)    မူလတန်းကြိုကျောင်း

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၆၅ ၁:၃၂၅
တောင်ငူ ၁၄ ၅၂ ၃၅၀ ၁:၆၇
ထန်းတပင် ၃၄ ၇၀ ၁၁၇၇ ၁:၁၇
အုတ်တွင်း ၁၃ ၁၇ ၂၆၆ ၁:၁၅
ဖြူး ၁၆၉ ၁:၁၈
ကျောက်ကြီး ၁၀ ၃၇ ၅၀၄ ၁:၁၄
ခရိုင်ချုပ် ၈၀ ၁၈၇ ၂၅၃၁ ၁:၁၃

 

(ဃ)   ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

 

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၁၈၄ ၁:၂၀
တောင်ငူ ၂၉ ၅၉၀ ၁:၂၀
ထန်းတပင်
အုတ်တွင်း ၁၂၉ ၁:၆၄
ဖြူး ၁၉ ၃၈၀ ၁:၂၀
ကျောက်ကြီး ၆၀ ၁:၈
ခရိုင်ချုပ် ၁၅ ၆၆ ၁၃၄၃ ၁:၂၀

 

ကျန်းမာရေးကဏ္ဍ

၂၀။    တောင်ငူခရိုင်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

          (က)  ဆေးရုံများ

စဉ် မြို့နယ် ဆေးရုံ

ပေါင်း

အစိုးရ ပုဂ္ဂလိက ကုတင်

အရေအတွက်

ရေတာရှည် ၅၇
တောင်ငူ ၂၆၄
ထန်းတပင် ၉၈
အုတ်တွင်း ၅၇
ဖြူး ၁၅၇
ကျောက်ကြီး ၈၂
ခရိုင်ချုပ် ၂၂ ၁၉ ၇၁၅

 

(ခ)     ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ

 

စဉ် မြို့နယ် ဆေးပေးခန်း ကျေးလက်

ကျန်းမာရေး

ဌာန

ကျေးလက်

ကျန်းမာရေး

ဌာနခွဲ

အစိုး

ပုဂ္ဂ

လိက

ပေါင်း
ရေတာရှည် ၄၃
တောင်ငူ ၃၆
ထန်းတပင် ၂၄
အုတ်တွင်း ၁၂ ၂၄
ဖြူး ၁၂ ၁၂ ၁၀ ၃၉
ကျောက်ကြီး ၁၆
ခရိုင်ချုပ် ၁၁ ၁၈ ၂၉ ၄၁ ၁၈၂

(ဃ)   ကျန်းမာရေးစောင့်ရှောက်မှု

စဉ် မြို့နယ် လူဦးရေ ဆရာဝန်မှ

ကျန်းမာရေး

စောင့်ရှောက်မှုနှုန်း

  သူနာပြုမှ

ကျန်းမာရေး

စောင့်ရှောက်မှုနှုန်း

လက်ထောက် ကျန်းမာရေးမှူးမှ

ကျန်းမာရေး

စောင့်ရှောက်မှုနှုန်း

ဆရာ

၀န်

ဦးရေ

ဆရာ၀န်နှင့်

လူဦးရေ

အချိုး

သူနာပြု

 ဦးရေ

သူနာပြုနှင့်

လူဦးရေ

အချိုး

/

ကျန်းမာရေးမှူး

ဦးရေ

/

ကျန်းမာရေးမှူးနှင့်

လူဦးရေ အချိုး

ရေတာရှည် ၂၀၀၈၂၂ ၁:၂၂၃၁၃ ၁၂ ၁:၁၆၇၃၅ ၁:၂၈၆၈၈
တောင်ငူ ၂၄၀၈၈၇ ၇၃ ၁:၃၂၉၉ ၆၃ ၁:၃၈၂၃ ၁:၄၈၁၇၇
ထန်းတပင် ၁၂၀၆၁၉ ၁:၁၇၂၃၁ ၂၀ ၁:၆၀၃၀ ၁:၃၀၁၅၄
အုတ်တွင်း ၁၆၈၄၈၇ ၁:၃၃၆၉၇ ၁:၁၈၇၂၀ ၁:၄၂၁၂၁
ဖြူး ၂၅၅၆၉၇ ၃၂ ၁:၈၉၉၅ ၇၃ ၁:၃၉၄၃ ၁:၃၁၉၈
ကျောက်ကြီး ၁၁၆၉၄၇ ၁:၁၆၇၀၆ ၂၃ ၁:၅၀၈၄ ၁:၃၈၉၈၂
ခရိုင်ချုပ် ၁၁၀၃၄၅၉ ၁၃၃ ၁:၈၂၉၆ ၂၀၀ ၁:၅၅၁၃ ၃၂ ၁:၃၄၄၈၃

 

(င)    ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ

စဉ် မြို့နယ် ရောဂါအမျိုးအစား
ငှက်ဖျား ဝမ်းလျှော တီဘီ ဝမ်းကိုက် အသည်းရောင်
ဖြစ် သေ ဖြစ် သေ ဖြစ် သေ ဖြစ် သေ ဖြစ် သေ
ရေတာရှည် ၂၈ ၂၁၄၂ ၄၀၁ ၅၀၁ ၃၅
တောင်ငူ ၅၇၉ ၁၀၁၇ ၁၄၀ ၇၉၉
ထန်းတပင် ၆၃ ၂၃၄၀ ၂၃၈ ၇၂၁ ၂၈
အုတ်တွင်း ၂၃ ၁၉၉၅ ၃၇၂ ၆၀၃ ၁၂၅
ဖြူး ၂၀၅၆ ၄၂၃၉ ၁၁၀၂ ၉၈၀ ၈၂
ကျောက်ကြီး ၂၅၆ ၁၆၆၃ ၂၅၉ ၄၈၆ ၁၇၂
ခရိုင်ချုပ် ၃၀၀၅ ၁၃၃၉၆ ၂၅၁၂ ၁၀ ၄၀၉၀ ၄၄၂

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

၂၁။   တောင်ငူခရိုင်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

          (က)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများ

          (၁)    မြို့ကျေးလက်၊ ကျေးရွာချင်းဆက်လမ်းများ

စဉ် မြို့နယ် လမ်းအရေအတွက် အရှည် (မိုင်ဖာလုံ) အမျိုးအစားနှင့်အရှည်(မိုင်)
ကတ္တရာ(မိုင်) ကျောက်ချော(မိုင်) မြေသား(မိုင်) ဂဝံလမ်း(မိုင်) ကွန်ကရစ်လမ်း(မိုင်)
ရေတာရှည် ၀/၅ ၀/၅
တောင်ငူ ၁၅/၆ ၁/၉ ၁၁/၁ ၂/၄
ထန်းတပင် ၃၄/၇ ၀/၆ ၂၆/၄ ၇/၅
အုတ်တွင်း ၄/၀ ၄/၀
ဖြူး ၁၉ ၄၅/၄ ၁/၄ ၂၁/၀ ၂၃/၀
ကျောက်ကြီး ၈/၄ ၂/၄ ၆/၀
ခရိုင်ချုပ် ၃၇ ၁၀၉/၂ ၄/၃ ၆၅/၆ ၃၉/၁

 

(၂)     တံတားများ

စဉ် မြို့နယ် တံတား

ပေါင်း

ဆောက်လုပ်မှုပုံစံ ကုန်ကျငွေ

ကျပ် (သိန်း)

အသစ် ပြင်ထိန်း
ရေတာရှည် ၃၄၀
တောင်ငူ ၂၁ ၁၉ ၁၅၃.၁
ထန်းတပင် ၁၈ ၁၈ ၁၂၅၉.၄
အုတ်တွင်း ၆၀၀
ဖြူး ၄၈၀
ကျောက်ကြီး ၁၇ ၁၃ ၁၀၇၁
ခရိုင်ချုပ် ၆၂ ၅၆ ၃၉၀၃.၅

(၃)     သောက်သုံးရေရရှိရေးလုပ်ငန်း

စဉ် မြို့နယ် အမျိုးအစားနှင့်အတိုင်းအတာ အကျိုးပြု

အိမ်ခြေ

ရေ

ကန်

ရေ

တွင်း

အဝီစိ

တွင်း

လျှို

ပိတ်

မြစ်ရေ

တင်

ရေတာရှည် ၁၅ ၂၀၄၅
တောင်ငူ ၁၄ ၃၁၃၁
ထန်းတပင် ၃၁ ၆၁၀၇
အုတ်တွင်း ၇၁၁
ဖြူး ၅၂၁
ကျောက်ကြီး ၃၀ ၅၇၂၇
ခရိုင်ချုပ် ၁၀၃ ၁၈၂၄၂

 

                   (၄)    လျှပ်စစ်မီးလင်းရေးလုပ်ငန်း

 

စဉ် မြို့နယ် ဆောင်ရွက်သည့်နည်းလမ်း အကျိုး

ပြု

အိမ်ခြေ

မဟာ

ဓါတ်

အား

မီး

စက်

နေ

ရောင်

ခြည်

လေ ရေ

အား

ဇီဝ
ရေတာရှည် ၂၃၂
တောင်ငူ ၃၃ ၃၅၂၇
ထန်းတပင် ၇၃၂ ၁၂၁၀
အုတ်တွင်း ၉၀၁
ဖြူး ၁၂ ၄၅၃၇
ကျောက်ကြီး ၁၈ ၁၃၈
ခရိုင်ချုပ် ၈၀၄ ၁၂၇၁၅

                   (၅)    မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း

 

 စဉ် မြို့နယ် ကျေးရွာ

ပေါင်း

အိမ်ခြေ အိမ်

ထောင်စု

ခွင့်ပြုငွေ

ကျပ် (သိန်း)

ရေတာရှည် ၁၁ ၁၈၇၄ ၁၈၇၄ ၃၃၀
တောင်ငူ ၂၁ ၄၀၅၄ ၄၂၄၅ ၆၃၀၀
ထန်းတပင် ၁၁ ၃၃၃၀ ၃၃၅၃ ၃၃၀၀
အုတ်တွင်း ၁၅ ၁၂၉၇ ၁၃၀၃ ၄၅၀၀
ဖြူး ၂၀ ၃၃၂၆ ၃၃၅၂ ၆၀၀၀
ကျောက်ကြီး ၁၂ ၁၆၂၄ ၁၆၅၆ ၃၆၀၀
ခရိုင်ချုပ် ၉၀ ၁၅၅၀၅ ၁၅၇၈၃ ၂၄၀၃၀

 

                   (၆)    ကျေးလက်အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်း

 

 စဉ် မြို့နယ် ကျေးရွာ

ပေါင်း

ခွင့်ပြု

အိမ်ခြေ

ပြီးစီး

အိမ်ခြေ

ကုန်ကျငွေ

ကျပ်(သိန်း)

ရေတာရှည် ၁၀ ၁၀ ၃၀၀
တောင်ငူ ၄၄ ၄၄ ၆၉၄.၄
ထန်းတပင်
အုတ်တွင်း ၁၀ ၁၀ ၃၀၀
ဖြူး
ကျောက်ကြီး ၁၀ ၁၀ ၃၀
ခရိုင်ချုပ် ၁၀ ၇၄ ၇၄ ၁၅၉၄.၄

                   (၇)    ကျေးလက်အိမ်သာလုပ်ငန်း

 

စဉ် မြို့နယ် ကျေးရွာ

ပေါင်း

ခွင့်ပြု

လုံးရေ

ပြီးစီး

လုံးရေ

ကုန်ကျငွေ

ကျပ်(သိန်း)

ရေတာရှည် ၃၀
တောင်ငူ ၂၇၅
ထန်းတပင်
အုတ်တွင်း ၃၄ ၅၉ ၅၉ ၁၉၃၇
ဖြူး ၁၈ ၁၈ ၁၈ ၄၁၄
ကျောက်ကြီး
ခရိုင်ချုပ် ၆၄ ၉၀ ၉၀ ၂၆၅၆

 

          (ခ)    အစိုးရ၊ ပြည်သူဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

 

စဉ် မြို့နယ် လုပ်ငန်းအမျိုးအစား ကုန်ကျငွေ

ကျပ် (သိန်း)

လမ်း တံ

တား

ပညာ

ရေး

ကျန်းမာ

ရေး

သောက်

သုံးရေ

မီးလင်း

ရေး

ရေတာရှည်
တောင်ငူ ၂၁၄၂
ထန်းတပင် ၂၀
အုတ်တွင်း ၁၀၆၂.၄၂
ဖြူး ၃၈
ကျောက်ကြီး ၄၇.၉
ခရိုင်ချုပ် ၃၃၁၀.၃၂

ယဉ်ကျေးမှုနယ်မြေများ

ယဉ်ကျေးမှုနယ်မြေများ

၁၂။    တောင်ငူခရိုင်အတွင်း ယဉ်ကျေးမှုနယ်မြေများမရှိပါ။

 

 

ဒေသသမိုင်းအကျဉ်း

၂၃။    တောင်ငူခရိုင်သည် အင်္ဂလိပ်ခေတ်မှစတင်၍ ပေါ်ပေါက်လာခဲ့ပြီး ၁၉၅၇-ခုနှစ် ပါလီမန်ခေတ် တွင် ခရိုင်အဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီး နောက်ပိုင်းတွင် ခရိုင်အနေဖြင့် မရှိတော့ဘဲ မြို့နယ်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈-ခုနှစ် အရေးအခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် မြို့နယ်စုအဖြစ် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း တွင် ခရိုင်အဖြစ် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီး၊ စုစုပေါင်း(၆)မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ တောင်ငူခရိုင် အား ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၂-ခုနှစ်၊ အောက်တိုဘာလ အမိန့် ကြော်ငြာစာအရ ဖွဲ့စည်းခဲ့ပါသည်။ ရေတာရှည်နှင့် တောင်ငူမြို့နယ်တို့အား ပြည်ထဲရေးနှင့် သာသနာ ရေးဝန်ကြီးဌာန၏ (၃၀-၆-၁၉၇၂)ရက်စွဲပါ အမိန့် ကြော်ငြာစာအရ လည်းကောင်း၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးနှင့် ကျောက်ကြီးမြို့နယ်တို့အား ၁၉၇၂-ခုနှစ် အမိန့်ကြော်ငြာစာများအရ ဖွဲ့စည်းခဲ့ ပါသည်။

 

 

ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုချင်းအလိုက် ပွဲတော်များ

၂၄။    တောင်ငူခရိုင်အတွင်းရှိ မြို့နယ်တစ်ခုချင်းအလိုက် ပွဲတော်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည် –

          (က)   အထင်ကရပွဲတော်များနှင့် ကျင်းပသည့်အချိန်

                    (၁)     ရေတာရှည်မြို့နယ်

                             ရေတာရှည်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ဓါတ်တော်ဘုရားပွဲနှင့် ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တည်ထားကိုးကွယ် လျှက်ရှိသော မယ်ဒက်ကယ်ဘုရားပွဲတော်များ ဖြစ်ပါသည်။ ဓါတ်တော်ဘုရားပွဲ ကျင်းပ သည့်အချိန်မှာ နှစ်စဉ် ဒီဇင်ဘာလ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ပြီး၊ မယ်ဒက်ကယ်ဘုရား ပွဲတော်အား နှစ်စဉ် တန်ခူးလဆန်း(၆)ရက်နေ့မှ တန်ခူးလပြည့်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ပါသည်။

                    (၂)    တောင်ငူမြို့နယ်

                             တောင်ငူမြို့နယ်တွင်  နှစ်ကျိတ်ရှစ်ဆူ(ကေလဇာတီဘုရား)လှည့်လည်ပူဇော်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်၍ ရွှေဆံတော် ဘုရား (ကဆုန်ညောင်ရေသွန်း)ပွဲတော်ကို နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ကျင်းပ ပြုလုပ်ပါသည်။

                   (၃)     ထန်းတပင်မြို့နယ်

                        ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စုတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ့်တိုင်းရင်းသားတို့၏ တန်ဆောင်တိုင်ရိုးရာပွဲတော်ဖြစ်ပြီး ကျင်းပသည့် အချိန်မှာ နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့ အထိ ကျင်းပ ပြုလုပ်ပါသည်။

                (၄)     အုတ်တွင်းမြို့နယ်

                             အုတ်တွင်းမြို့နယ်အတွင်း အထင်ကရပွဲတော်များ မရှိပါ။

                   (၅)    ဖြူးမြို့နယ်

                             ဖြူးမြို့နယ်အတွင်း အထင်ကရပွဲတော်များ မရှိပါ။

၃၁

                   (၆)    ကျောက်ကြီးမြို့နယ်

                             ကျောက်ကြီးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲပွဲတော်မှာ ကျောက်ကြီးချောင်းအတွင်း ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်အား မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပ ပြိုင်ပွဲဖြစ်ပြီး ကျင်းပသည့်အချိန်မှာ နှစ်စဉ် တော်သလင်းလဆန်း(၇)ရက် နေ့မှ တော်သလင်းလပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပပြု လုပ်ပါသည်။

          (ဂ)    သမိုင်းကြောင်း

                (၁)     ရေတာရှည်မြို့နယ်

                        ရေတာရှည်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ဓါတ်တော်ဘုရား၏ သမိုင်းကြောင်းမှာ မြန်မာသက္ကရာဇ် ၁၁၄၇-ခုနှစ်တွင် အမရပူရမင်းနေပြည်တော်၌ ဘိုးတော်ဦးဝိုင်း နန်းစံတော်မူစဉ် သားတော် တောင်ငူမင်းသားအား လာရောက် ခေါ်တော်မူရာတွင် မှန်စီကြီး၊ မှန်စီလေးဟု ခေါ်တွင်သည့် ဘုရားနှစ်ဆူမှ ဓါတ်တော်များ ကွန့်မြူးနေသည်ကို တွေ့ရှိခဲ့ပြီး မှန်စီကြီးစေတီမှာ ငုတ်တိုအဖြစ် ပျက်စီးယိုးယွင်းလျှက် ရှိသဖြင့် မှန်စီလေး စေတီအား ရှေးဟောင်းအမွေအနှစ်များ၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရ ဖြစ်သည့် ဓါတ်တော်မွေတော်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဘုရားအဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၁-ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်မှ ဓါတ်တော် ဘုရားဟု သမုတ်၍ ထီးတော်အသစ် တင်လှူပူဇော်ကာ ပြန်လည် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရားပွဲတော်ကို ၁၉၈၂-ခုနှစ်မှစ၍ ယခုနှစ်အထိ (၃၄)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပါသည်။

                             ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တည်ထားကိုးကွယ်သော မယ်ဒက်ကယ်ဘုရား၏ သမိုင်းမှာ မြန်မာသက္ကရာဇ် ၉၂၄-ခုနှစ်တွင် အမတ်ကြီး ဦးကောင်းစံ+ဒေါ်နော်ရာတို့၏ သမီးများဖြစ်ကြ သော မယ်ဒက်နှင့် မယ်နှဲတို့မှ မယ်ဒက်ကယ်ဘုရားကို တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက် ပြုပြင်၍ တည်ထားကိုးကွယ်ခဲ့ကြပါသည်။ မယ်ဒက်ကယ်ဘုရားပွဲအား မြန်မာသက္ကရာဇ် ၁၂၈၅-ခုနှစ်စ၍ ယနေ့အချိန်ထိ (၉၃)ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                   (၂)     တောင်ငူမြို့နယ်

                             (က)   မဟာမုနိကေလဇာတီစေတီတော်သမိုင်းကြောင်း

                                      တောင်ငူမြို့၊ မဟာမုနိကေလဇာတီစေတီတော်ကို မြန်မာသက္ကရာဇ်(၉၁၄) တော်သလင်းလဆန်း (၁၅)ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးနှင့် မိဘုရားခေါင်ကြီးတို့ တည်ထား ကိုးကွယ်ခဲ့ပါသည်။ ခရစ်နှစ်အားဖြင့် (၁၅၅၂)ခုနှစ် ဖြစ်ပါသည်။ ဘုရင့်နောင်မင်းတရားကြီးနှင့် မိဘုရား ခေါင်ကြီးတို့သည် သာသနာပိုင်ဆရာတော် အရှင်နာရဒကို ပင့်ဖိတ်၍ ဆွမ်းကပ်ကြသည်။ ဆရာတော်က ဤကေလာသကုန်းမြေသည် အရှင် မင်းကြီးနှင့် မိဘုရားခေါင်ကြီးတို့ လက်ထပ် မင်္ဂလာပြုခဲ့ရသည့် ကုန်းမြေ ဖြစ်သဖြင့် ဤကုန်းမြေတွင် ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ် ပါက အသင်မင်းမြတ်သည် အသက်ရှည်၍ ဘုန်းတန်ခိုး ပိုမိုကြီးမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ထိုကေလာသကုန်းမြေ၌ ကေလဇာတီစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပေသည်။

                                      မင်းတရားကြီးသည် ကေလဇာတီစေတီတော်၏ ဌာပနာတိုက်ကို တည် ဆောက်ရန် တောင်ငူမြို့ အရှေ့ဘက်(၇)မိုင် အကွာတွင်ရှိသည့် ကျောက် တောင်မှ သလင်းကျောက်တို့ကို ထုတ်ယူစေခဲ့သည်။ ထို့နောက် တက်ကျွမ်းသည့် ကျောက်ဆစ်ပညာရှင်များအား အဝန်း(၁၀)တောင် ပတ်လည် ဒုတစ်ညိုရှိကျောက်ပြားများနှင့် အလျားနှစ်တောင့်ထွာ ဒုတစ်ထောင်ရှိ ထွန်သွားပုံစံ တစ်ဖက်ထူတစ်ဖက်ပါး ကျောက်တုံး ကျောက်ပြားများကို ပြုလုပ်စေခဲ့သည်။ ဌာပနာတိုက်ကို အစောက် (၁၂)တောင်၊ အကျယ်(၁၀)တောင် တူးစေခဲ့သည် ယင်းဌာပနာတိုက်အား ပထမ ကျောက်ပြား(၃)ချပ်ကိုခင်းစေ၍ ၎င်းအပေါ်မှ သံပြား၊ ကြေးပြား၊ ငွေပြား၊ ရွှေပြားများကို ခင်းစေသည်။ အထူအပါးမညီသည့် ကျောက်ပြားများကို အပေါ်မှထား၍ ပတ်ပတ်လည်စိုက်စေသည့် ယင်းအပေါ်မှ ကျောက်ပြားကြီး များကို ဖုံးအုပ်စေခဲ့သည်။

              သက္ကရာဇ်(၉၁၄)ခုနှစ် တော်သလင်းလဆန်း(၁၅)ရက် ခရဇ်သက္ကရာဇ် (၁၅၅၂)တွင် အထမြောက်အောင်မြင်တော်မူ၍ ဘုရားကြီးအား မဟာ မုနိကေလဇာတီစေတီဟူ၍ ဘွဲ့အမည်သမုတ်ပြီး နှစ်စဉ် တော်သလင်း လပြည့်နေ့တွင် ဘုရားကြီးအား ဆွမ်းတော်ကြီးကပ်ပွဲများကို ပြုလုပ် စေခဲ့သည်။

 

            မဟာမုနိကေလဇာတီစေတီဘုရားဝန်းအတွင်းတွင် နှစ်ကျိတ်ရှစ်ဆူ သောဘုရားရှင်မြတ်၏ဆင်းတုတော်များ သတင်းသုံး စံပယ်တော်မူလျှက်ရှိပေသည်။ ယင်းနှစ်ကျိတ်ရှစ်ဆူသော ဘုရားဆင်းတုတော်များသည် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလတွင် မြို့တွင်းသို့ ဒေသစာရီကြွချီ၍ လှည့်လည် အပူဇော်ခံလေ့ ရှိလေသည်။ နှစ်ကျိတ်ရှစ်ဆူ လှည့်လည် အပူဇော်ခံပွဲကို တောင်ငူမြို့တွင် ကြီးကျယ်ခန်းနားစွာ ပြုလုပ်လေ့ ရှိပေသည်။ ယင်းနှစ်ကျိတ်ရှစ်ဆူပူဇော်ခံပွဲကို အကြောင်းပြု၍လည်း ကေလဇာတီဘုရားကြီးသည် တောင်ငူဝန်းကျင် တလွှားတွင် အလွန် ထင်ရှားသည့် စေတီတစ်ဆူ ဖြစ်ပေသည်။

                 ၁၉၉၂-ခုနှစ် ငလျင်ဒဏ်ကြောင့် ဘုရားကြီး၏ထီးတော်သည် မြေသို့ ခခဲ့ပြီး လုံးဝပျက်စီးသွားခဲ့ရပေသည်။ ငှက်ပျောဖူးထိပ်မှ စ၍ ပြိုကျ ပျက်စီးသွားခဲ့သည်။ ရွှေချထားသည့် ဖောင်းရစ်များမှာလည်း ကြေပျက် ကုန်ကြသည်။ ဖောင်းရစ်မှ တတိယ ပစ္စယံအထိ လေးဖက်လေးတန် အက်ကြောင်းကြီးများပေါ်ခဲ့သည်။ ပြန်လည်ပြုပြင်ပါက ကုန်ကြမည့် ကျပ်ငွေမှာ (၄၀၁၅၂၆)ကျပ် ဖြစ်ကြောင်း သက်ဆိုင်ရာ အင်္ဂျင်နီယာများ တွက်ချက်ဖော်ပြချက်အရ သိရပေသည်။

                             (ခ)    ရွှေဆံတော်စေတီသမိုင်းအကြောင်း

         မြန်မာသက္ကရာဇ်(၉၃၂)ခု၊ ခရစ်သက္ကရာဇ် (၁၅၇၀)တွင် ကေတုမတီ ပြည့်ရှင် ဘုရင်မင်းခေါင်သည် ရွှေဆံတော်စေတီကို တည်ထားကိုးကွယ် ခဲ့သည်။ မင်းခေါင်သည် မင်းရဲသင်္ခသူ(ခေါ်) မင်းကြီးဆွေ၏ သားတော် ဖြစ်၍ ဘုရင့်နောင်၏ ညီတော်အရင်းဖြစ်သည်။ သက္ကရာဇ်(၉၁၀)ခုနှစ် တွင် မင်းကြီးဆွေ၏ အရိုက်အရာကို ဆက်ခံခဲ့၍ တောင်ငူဘုရင် ဖြစ်လာခဲ့သည်။ မြန်မာသက္ကရာဇ်(၉၃၄) ခရဇ်သက္ကရာဇ်(၁၅၇၂)တွင် အောက်ပစ္စယံ (၃)ဆင့်ပြီးမြောက်ခဲ့သည်။ (၉၃၅)ခု ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ဌာပနာတိုက်ကို ဖွင့်လှစ်ပေးထားခဲ့၍ ယင်းနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဌာပနာတိုက်ကို ပိတ်ခဲ့သည်။ တပေါင်းလပြည့်နေ့တွင် ထီးတော်ကိုတင်လှူခဲ့သည်။ ပွဲလမ်းသဘင် ခြိမ့်ခြိမ့်သဲ ခံတော်မူခဲ့သည်။ ပြဿာဒ်ကျောင်းဆရာတော် အမှူးပြုသည့် သံဃာတော်အပါး (၁၀၀၀)တို့အား ဆွမ်း၊ သင်္ကန်းစသည့် ပူဇော်ဖွယ် ပစ္စည်းများကို ကပ်လှူပူဇော်၍ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေစက် သွန်းချတော်မူခဲ့သည်။

                                      ဆံတော်ရှင်၏လုံးပတ်တော်မှာ သံတောင်(၁၅၄၀)ရှိ၍ ဉာဏ်တော်အမြင့် မှာ သံတောင်(၁၂၀)ရှည်သည်။ သံတောင် (၉) တောင်ရှိ စေတီရံအဆူ (၂၀) ရှိခဲ့ သည်။ မဟာရံတံတိုင်း၏အမြင့်မှာ သံတောင် (၁၀) တောင် ရှိသည်။ အောက်ပန်း တင်ခုံမှာ အရှေ့မှအနောက်သို့ တာပေါင်း (၄၀) ရှိ၍ တောင်မှမြောက်သို့လည်း တာပေါင်း (၄၀) စီပင်ရှိသည်။ တာဝန်း သည် (၁၆၀၀) ရှိသည်။

                                      ဘုရားကြီး၏ အနောက်မြောက်ဒေါင့်တွင် ဗောဓိညောင်ပင်ကိုစိုက်၍ ဘုရားကြီး ပတ်ဝန်းကျင်တွင် ချားယားပင်များကို စိုက်ခဲ့သည်။ ဘုရားကြီး၏ တနင်္ဂနွေ၊ အင်္ဂါ စနေနှင့် ရာဟုဒေါင့်လေးဒေါင့်တို့တွင် ရေတွင်းလေးတွင်းကို တူးခဲ့သည်။ ဘုရားကြီး၏ လေးမျက်နှာမုခ်ဦး များ၌ ဇရပ်ကြီး(၄)ဆောင်ကို ဆောက်လုပ် ထားခဲ့သည်။ မြို့တော်အတွင် အရပ်လေးမျက်နှာ၌ ပြဿာဒ်ကျောင်းတော်ကြီး လေးဆောင်ကိုလည်း ဆောက်လုပ်၍လှူဒါန်းခဲ့သည်။

                                      မြန်မာသက္ကရာဇ် ၁၂၉၃-ခု၊ ခရစ်သက္ကရာဇ်-၁၉၃၀ခုတွင် ငလျင်ဒဏ် ကြောင့် ပြိုပျက်ခဲ့ရသည် ယင်းသို့ပြိုပျက်သည့်အခါ စေတီတော်ကြီး၏ အတွင်း၌ နံရံ တံတိုင်းသုံးထပ်တွေ့ရှိရသည်။ ယင်းကို ထောက်ရှုခြင်းဖြင့် ယခင်က သုံးကြိမ် သုံးခါ မွန်းမံပြင်ဆင်ခဲ့ဘူးကြောင်း သိရပေသည်။ ဒုတိယကမ္ဘာစစ်အတွင်း တိုင်းပြည်အုပ်ချုပ်မှု ပျက်ပြားနေချိန်တွင် တရုတ်စစ်သည်များသည် ဘုရားကြီးကို မိုင်းဖြင့်ခွဲခဲ့ကြပြန်သည်။ ဘုရား၏ငှက်ပျောဖူးမှပြုတ်ကျကာ ဂျပန်ခေတ် တလျှောက်လုံး ပြုပြင် မွန်းမံမည့်သူ မရှိဘဲနေခဲ့ရသည်။

                                      ဒုတိကမ္ဘာစစ်ပြီးဆုံးသွားပြီးနောက် နိုင်ငံတော်အစိုးရမင်းများနှင့် မြို့သူ မြို့သားများ စေတနာဖြင့် ပြန်လည်ပြင်ဆင်မွန်းမံခဲ့ကြသည်။ သို့သော် ပြည်တွင်း သောင်းကျန်းမှုကြောင့် ကောင်းစွာဖွံ့ဖြိုးမှုကားမရှိခဲ့ပေ။ လွတ်လပ်ရေးရပြီး နောက် ပြည်တွင်းသောင်းကျန်းမှု အတော်အတန် အေးချမ်းသွားသည့် အခါတွင်မှ ဘုရားကြီးကိုပြုပြင်ပြီး ထီးတော်ကို တင်နိုင်ခဲ့ပါသည်။

                   (၃)     ထန်းတပင်မြို့နယ်

                             ဇရပ်ကြီးကျေးရွာ၊ ပအိုဝ့်တိုင်းရင်းသားတို့၏ တန်ဆောင်တိုင်ပွဲတော်မှာ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လတွင် ဗုဒ္ဓဘုရားရှင် တာဝတိံသာ နတ်ပြည်မှ လူ့ပြည်သို့ ကြွမြန်းရာ၌ ပူဇော်သော မီးမြင့်မိုရ်ပွဲသို့ ဗြဟ္မာ့ပြည်ရှိ ဒုဿစေတီနှင့် နတ်ပြည်ရှိ စူဠာမဏိ ဘုရားတို့အား ရည်မှန်းပူဇော်သော တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ကျင်းပကြသည့် ဗုဒ္ဓဘာသာနွယ်ဝင် ပအိုဝ့်တိုင်းရင်းသားတို့သည် တာဝတိံသာနတ်ပြည်ရှိ ဗုဒ္ဓဘုရားရှင်၏ မယ်တော် မိနတ်သားအား တရားဦးဟောသည့်အခိုက် ဘုရားရှင်အား နတ် ဗြဟ္မာ တို့မှ ရွှေငွေ ကျောက်သံပတ္တမြားတို့ဖြင့် မွမ်းမံချယ်လှယ်သည့် ကျောင်းတော်များ လှူဒါန်းပူဇော်သည်ကို အစွဲပြု၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျောင်းတော်ပုံ ဘုံဆောင်ပြသာဒ်ကြီးများဖြင့် ပူဇော်သောဓလေ့ဖြစ်ပေါ်လာပါသည်။

                             ဇရပ်ကြီးရွာမှ ပအိုဝ့်တိုင်းရင်းသားတို့သည် တန်ဆောင်မုန်းလပြည့်နေအမှီ ကျေးရွာ/ရပ်ကွက်အလိုက် အမြင့်ပေ(၁၀၀)ခန့်နှင့် အောက်ခြေပတ်လည် ပေ(၆၀)ခန့်ရှိသည့် ဘုံနန်းပြသာဒ်သဖွယ် တန်ဆောင်တိုင်ပင်ကို ဝါးများဖြင့် အရိုးခံပြုလုပ်ကာ စက္ကူ အမျိုးမျိုးနှင့် ဆေးရေးပန်းချီဖြင့် အနုပညာမြောက်စွာ မွမ်းမံချယ်လှယ်ကြပါသည်။ ယင်းတန်ဆောင်တိုင်ကြီးများတွင် ပုံသဏ္ဍာန် အားဖြင့် ကျောင်းတော်ပုံ၊ နန်းတော်ပုံ၊ မြတပင်တိုင်ပုံဟူ၍ ခွဲခြားထားပါသည်။ မိမိတို့စိတ်ကူးအလိုက် တန်ဆောင်တိုင် ကြီးများတွင် ဇာတ်နိပါတ်တော်များမှ သရုပ်ဖော်ကွက်များကိုလည်း အဆန်းတကျယ် သရုပ်ဖော်သကဲ့သို့ သံဃာတော် များအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်း တန်ဆောင်တိုင်ကြီးတွင် ချိတ်ဆွဲကြပါသည်။

                             ရပ်ကွက်အလိုက် လူပျိုခေါင်းများ၏ နေအိမ်တွင် လူငယ်လူရွယ်များ၊ ဆေးရေး ပန်းချီ ပညာရှင်များ၊ အတတ်ပညာရှင်များသည် ပွဲမတိုင်မီ ရက်(၂၀)ခန့်ကပင် စုပေါင်း၍ ဝါးခုတ်ခြင်း၊ နှီးဖျာရက်လုပ်ခြင်း၊ ဆင်ယင်မွမ်းမံခြင်း စသည်တို့ကို တက်ညီလက်ညီ တပျော်တပါး အတီးအမှုတ်အကအခုန်များဖြင့် အားပေး အားမြှောက်ပြုခြင်း၊ ချက်ပြုတ် ကျွေးမွေးခြင်းတို့ဖြင့် စုပေါင်းပညာပြ လုပ်ဆောင်ကြပါသည်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ ညနေ(၃)နာရီ အချိန်တွင် အိုးစည်ဗုံမောင်းများ တီးမှုတ်ကာ ရပ်ကွက်အတွင်းရှိ ကာလသား များအားလုံး စုပေါင်း၍ တန်ဆောင်တိုင်ပင်အား ထူမကြပါသည်။ တန်ဆောင် တိုင်ပင်အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ချိတ်ဆွဲ၍ ထိုနေ့ညတွင် အလှမီး ရောင်စုံတို့ဖြင့် တပ်ဆင်ပူဇော်ကြပါသည်။

                             တန်ဆောင်မုန်းလပြည့်နေ၊နေ့လည်(၂)နာရီအချိန်တွင် လူပျိုခေါင်းအိမ်မှ စုရပ်ထားကာ ကာလသားများက အိုးစည်ဗုံမောင်းများ တီးမှုတ်ကခုန်၍ လည်းကောင်း၊ မိန်းမပျိုများက မိမိတို့ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သည့် ကြာသင်္ကန်းများ၊ လှူဖွယ်ပဒေသာပင်များကို စီတန်း၍လည်းကောင်း၊ တန်ဆောင်တိုင်ပင်ကို ကာလသား (၆၀)ကျော်ခန့်က မချီဝှေ့ယမ်းကခုန်၍ လည်းကောင်း၊ သံချပ်များ သံပြိုထိုး၍ လည်းကောင်း၊ ရိုးရာဝတ်စုံ များဖြင့် ဘုရားသို့ တရွေ့ရွေ့ ဦးတည်ချီတက်ကြပါသည်။ ကြက်ပျံမကျ စည်ကားလှ သည့် ဘုရားပွဲတော်လာ ပရိတ်သတ်များအား တန်ဆောင်တိုင်ချီတက်ရာ လမ်း တစ်လျှောက်တွင် ကျွဲရူးရုပ်ကြီးများဖြင့် ပျော်ရွှင်ဖွယ်ဖြစ်အောင် ဝှေ့ယမ်းကာ လမ်းရှင်းစေပါသည်။ ဘုရားသို့ရောက်သောအခါ ကြာသင်္ကန်းများကို ဆပ်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များအတွက် လှူဖွယ်၊ ပူဇော်ဖွယ် ပစ္စည်းများကို တန်ဆောင်တိုင်ပင်များမှ ဖြုတ်သိမ်းစုစည်းခြင်းများ ပြုလုပ် ကြပါသည်။ ယင်းတန်ဆောင်တိုင်ပင်ကြီးများကို တစ်ပင်နှင့်တစ်ပင် အချိုး အစားပြေပြစ်မှု၊ လှပယဉ်ကျေးမှု၊ အနုပညာမြောက်မှု၊ ဆေးရေးပညာမြောက်မှု၊ အဓိပ္ပါယ်သရုပ်ဖော်ကောင်းမှု၊ မပြိုလဲဘဲ ကြံ့ခိုင်သေသပ်မှု စသည့်အချက်များ အပေါ် အခြေခံ၍ အကဲဖြတ် ယှဉ်ပြိုင်ကြပါသည်။

                             တန်ဆောင်မုန်းလပြည့်နေ့၊ နံနက်(၅)နာရီအချိန်တွင် ကျေးရွာအလိုက် စုပေါင်း ၍ အိုးစည်ဗုံမောင်းများ တီးမှုတ်ကာ စီတန်းပြီး ဘုရားကြီးအား ဆွမ်းတော်ကြီး နှင့်တကွ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြပါသည်။ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ အထိ နံနက်(၈)နာရီအချိန်မှစ၍ အနယ်နယ်အရပ်ရပ် မှ ကြွရောက်တော်မူလာသော သံဃာတော်များအား ဆွမ်းနှင့် ချိုချဉ်အရသာ၊ မုန့်ပဲသရေစာများ ဆပ်ကပ်ခြင်းများ ပြုလုပ်ကြပါသည်။ ကထိန်လျာသင်္ကန်းနှင့် တကွ တန်ဆောင်မုန်းလဆုတ်(၁)ရပ်နေ့ နေ့လည်(၁)နာရီအချိန်တွင် လှူဖွယ် ဝတ္ထုပစ္စည်းအသုံးအဆောင်များ၊ ပဒေသာပင်များကို မဲဖေါက်၍လည်းကောင်း ဆပ်ကပ်လှူဒါန်းကာ ကဏ္ဍကောင်းမှု အစုစုအတွက် တရားနာရေစက်ချ ပါသည်။ လပြည့်နေ့ညတွင် ရပ်ကွက်အလိုက် အတီးအမှုတ် အကအခုန်များဖြင့် မီးပုံးရောင်စုံများ ထွန်းညှိစီတန်းလှည့်လည်၍ ဘုရားသို့ ဆီမီး၊ ပန်း၊ ရေချမ်း များ ကပ်လှူပူဇော်ကြပါသည်။ ဘုရားပွဲတော်ဝန်း အတွင်းတွင် ည(၈)နာရီ အချိန်ထိ အဆန်းတကြယ်ပြုလုပ်ထားကြသော မီးပုံးပျံများကို လွှတ်တင်ပူဇော် ကြပါသည်။ ပွဲတော်လာ ပရိတ်သတ်များကိုလည်း နှစ်စဉ်မပြက် ဇာတ်၊ အငြိမ့်၊ ရုပ်သေး များအပြင် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကြီးကိုလည်း ရွာတည်၊ ဘုရားတည်ပြီးကတည်းက နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့ရာ ဇရပ်ကြီး ကျေးရွာအုပ်စု၊ ပအိုဝ့်တိုင်းရင်းသား တို့၏ တန်ဆောင်တိုင်ပွဲကြီးသည် ယခုတိုင် နှစ်ပေါင်း(၁၁၄)တိုင်တိုင် ရှိပြီဖြစ်ပါသည်။

                   (၄)     ကျောက်ကြီးမြို့နယ်

                             ကျောက်ကြီးမြို့နယ်တွင်၊ ရှေးဘိုးဘွားမိဘလူကြီးများမှ ဗုဒ္ဓဘာသာအယူအဆ အရ တောင်သမုဒ္ဒရာတွင် ကြေးပြဿဒ်ဖြင့်စံမြန်းနေသော ရှင်ဥပဂုတ္တရ ဟန္တာ မထေရ်မြတ်ကြီးအား ရည်မှန်း၍ မီးမျှောပူဇော်ခြင်း အားအစပြု၍ လယ်ယာ လုပ်ငန်းခွင်အားလပ်ချိန် တော်သလင်းလ၌ မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်ဖြစ်သော လှေလှော်ပြိုင်ပွဲအား ပူးတွဲကျင်းပဆောင်ရွက်ခဲ့ခြင်းအား မြန်မာသက္ကရာဇ် (၁၂၅၀) ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ အစဉ်အလာမပြတ် ကျင်းပပြုလုပ်ခဲ့သည်မှာ (၁၂၈)ကြိမ်မြောက်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။