Home / တောင်ငူမြို့နယ် / တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ မြို့မအားကစားကွင်းမြေနေရာအား ကြည့်ရှု့စစ်ဆေး

တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ မြို့မအားကစားကွင်းမြေနေရာအား ကြည့်ရှု့စစ်ဆေး

ဒီဇင်ဘာ ၂၀ (ပဲခူး)

=========================

1  2

(၂၀.၁၂.၂၀၁၆)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ ဈေးကြီးလမ်းနှင့် မြစေတီလမ်းကြားရှိ မြို့မအားကစားကွင်း တည်ဆောက်မည့် မြေနေရာအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါမြို့မအားကစားကွင်း ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက အားကစားကွင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ၊ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးခဲ့ပြီး၊ အားကစားကွင်းဖြစ်မြောက်ရေး အတွက် အလှူငွေကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။

Leave a Reply