Home / တောင်ငူမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်

တောင်ငူမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်

တောင်ငူမြို့နယ်၏ ဒေသTaungooဆိုင်ရာအချက်အလက်

တည်နေရာအကျယ်အဝန်း

၁။      တောင်ငူမြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၆ မိနစ်နှင့် ၁၈ ဒီဂရီ ၅၇ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၅ မိနစ်နှင့် ၉၆ ဒီဂရီ ၂၇ မိနစ်အကြားတွင် တည်ရှိပြီး ဧရိယာ အကျယ်အဝန်းမှာ ၆၆၄.၁၅ မိုင် ကျယ်ဝန်းပါသည်-

 

စဉ် မြို့နယ် မြို့နယ်ဧရိယာ

စတုရန်းမိုင်

မြို့ မြို့ဧရိယာ

စတုရန်းမိုင်

တောင်ငူ ၆၆၃.၁၅ တောင်ငူမြို့ ၀.၇၃
ကေတုမတီမြို့ ၀.၃၃
မြို့နယ်ချုပ် ၆၆၃.၁၅ ၁.၀၆

 

နယ်နမိတ်

၂။      တောင်ငူမြို့နယ်၏ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီးရှိ အုတ်တွင်း မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီးရှိ မပေါက်ခေါင်း မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

 

မြေမျက်နှာသွင်ပြင်

၃။      တောင်ငူမြို့နယ်အတွင်း တောင်ငူမြို့နှင့် ကေတုမတီမြို့ဟူ၍ မြို့ (၂)မြို့ သတ်မှတ်ရရှိပြီး တောင်ငူမြို့နယ်၏ အရှေ့ဘက်တွင် ပေါင်းလောင်း တောင်နှင့် စပ်ဆက်လျက်ရှိသော တောင်စွယ် တောင်ကုန်းများရှိပြီး အနောက်ဘက်တွင် ပဲခူးရိုးမတောင်ရှိသဖြင့် မြို့နယ်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းများတွင်မြင့်၍ အလယ်ပိုင်းသို့ တဖြည်းဖြည်းနိမ့်ဆင်းကာ စစ်တောင်းမြစ်သည် မြို့၏ အရှေ့ဘက်တွင်ကပ်လျှက် မြောက်မှတောင်သို့ စီးဆင်းပါသည်။ ပဲခူးရိုးမနှင့် ပေါင်းလောင်း တောင်စွယ် တောင်တန်းများသည် စစ်တောင်းမြစ်နှင့်အပြိုင် မြောက်မှတောင်သို့ သွယ်တန်းလျှက် ရှိပါသည်။ စစ်တောင်းမြစ်အတွင်းသို့ အရှေ့ဘက်မှ ကရင်ချောင်း၊ ကမ်းနီချောင်း၊ သောက်ရေခပ် ချောင်းတို့ စီး၀င်ကြပြီး အနောက်ဘက်မှ ချောင်းဖြူချောင်းနှင့် ခပေါင်းချောင်းတို့ စီး၀င်ကြပါသည်။

 

ရေဆင်း

၄။      တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်စီးဆင်းမှုရှိပြီး မြောက်မှတောင်သို့ အရှည်(၂၅)မိုင် ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၅။      တောင်ငူမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၆၂) ပေ အမြင့်တွင် တည်ရှိပါသည်။

စဉ် မြို့နယ် ပင်လယ်ရေမျက်နှာပြင်အမြင့်(ပေ)
၂၀၁၅ ၁၆၂
၂၀၁၆ ၁၆၂
မြို့နယ်ချုပ် ၁၆၂

 

ရာသီဥတု

၆။      တောင်ငူမြို့နယ်သည် ပူအိုက်စိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်(၄၃.၁) ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၆.၇) ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ပျမ်းမျှမိုးရေချိန်မှာ (၈၃.၂၁) လက်မဖြစ်ပြီး နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်-

စဉ် မြို့နယ် ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာ ရက် စုစုပေါင်း  မိုးရေချိန် (လက်မ) နွေရာသီ (  ံc) ဆောင်းရာသီ (  ံc)
အမြင့်ဆုံး အနိမ့်ဆုံး
တောင်ငူ ၂၀၁၅ ၉၂ ၅၁.၉၂ ၄၁.၅ ၁၃
၂၀၁၆ ၈၄ ၅၃.၀၂ ၄၃
မြို့နယ်ချုပ်

 

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၇။      အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
၂၇ ၃၇ ၂၅၁
မြို့နယ်ချုပ် ၂၇ ၃၇ ၂၅၁

အုပ်ချုပ်ရေးမှူးရုံးများ

၈။      တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ် မြို့နယ် အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ်ရုံး မြို့ရုံး ရပ်ကွက်

ရုံးပေါင်း

ကျေးရွာအုပ်စု

ရုံးပေါင်း

တောင်ငူ ဦးဝင်းစိုး ၂၇ ၃၇
ခရိုင်ချုပ်   ၂၇ ၃၇

 ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအင်အားစာရင်း

၉။      တောင်ငူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းအင်အားစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ် ဌာနဆိုင်ရာ

အမည်

ခွင့်ပြု ခန့်ထား လစ်လပ်
အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၉၂ ၉၇ ၉၂ ၉၇
မြို့နယ်ရဲတပ်ဖွဲ့ ၃၂ ၁၀၀ ၁၃၂ ၃၂ ၁၀၀ ၁၃၂
မီးသတ်ဦးစီးဌာန ၁၈ ၂၁ ၁၈ ၂၁
တရားရေး ၂၃ ၂၆ ၂၃ ၂၆
မြို့နယ်ဥပဒေ -၂ -၂
စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ၁၀ ၁၂
စာရင်းရုံး ၁၇ ၁၈ ၁၇ ၁၈
ပြည်တွင်းအခွန် ၂၅ ၃၀ ၂၅ ၃၀
စည်ပင်သာယာရေး ၂၄၉ ၂၅၅ ၂၃၂ ၂၃၇ -၁ -၁၇ -၁၈
၁၀ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၁၀ ၁၀
၁၁ လူ၀င်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင် ၁၇ ၁၈ ၁၇ ၁၈
၁၂ မွေးမြူရေးနှင့်ကုသရေး
၁၃ အားကစားနှင့်ကာယပညာ
၁၄ သမဝါယမဦးစီးဌာန ၅၀ ၅၁ ၁၆ ၁၇ -၃၄ -၃၄
၁၅ လူမှုဖူလုံရေး(ရုံး+ဆေးခန်း) ၂၆ ၂၈ ၁၅ ၁၇ -၁၁ -၁၁
၁၆ မိုးလေ၀သနှင့်ဇလဗေဒ
၁၇ စာတိုက်/ကြေးနန်း ၂၂ ၂၂ ၁၆ ၁၆ -၆
၁၈ ဆက်သွယ်ရေးလုပ်ငန်း ၃၄ ၃၅ ၃၄ ၃၅
၁၉ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ၁၂ ၁၃ -၆ -၆
၂၀ လျှပ်စစ်ဓါတ်အားဖြန့်ဖြူး

ရေးလုပ်ငန်း

၆၈ ၇၀ ၅၃ ၅၅ -၁၅ -၁၅
၂၁ လယ်ယာဖွံ့ဖြိုးရေးဘဏ် ၁၃ ၁၄ ၁၀ ၁၁ -၃ -၃
၂၂ စက်မှုလယ်ယာ ၈၅ ၈၆ ၂၂ ၂၃ -၆၃ -၆၃
၂၃ ကြေးတိုင်နှင့်မြေစာရင်း ၄၁ ၄၂ ၃၃ ၃၄ -၈ -၈
၂၄ စိုက်ပျိုးရေး ၃၇ ၃၈ ၁၈ ၁၉ -၁၉ -၁၉
၂၅ စက်မှုသီးနှံဖွံ့ဖြိုးရေး ၁၃ ၁၄ ၁၃ ၁၄
၂၆ သစ်တောဦးစီးဌာန ၃၇ ၄၀ ၃၇ ၄၀
၂၇ ဆောက်လုပ်ရေးလုပ်ငန်း ၁၁ ၁၂ -၅ -၅
၂၈ ပညာရေး ၁၉ ၂၀၇၇ ၂၀၉၆ ၁၈ ၁၈၂၃ ၁၈၄၁ -၂၅၄ -၂၅၅
၂၉ ကျန်းမာရေးဦးစီးဌာန ၆၇ ၆၈ ၆၇ ၆၈
မြို့နယ်ချုပ် ၉၈ ၃၁၇၅ ၃၂၇၃ ၉၈ ၂၇၃၂ ၂၈၃၀   ၄၄၃ ၄၄၃

 

တရားစီရင်ရေး

၁၀။    တောင်ငူမြို့နယ်၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် တရားစီရင်ရေး  ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အမှုကြီး(၁၀)မျိုး

စဉ် အမှုအမျိုးအစား ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
လူသတ်မှု ၁၈ ၁၄ ၄၇ ၄၇
ဓါးပြမှု
လှုယက်မှု
ပြန်ပေးဆွဲမှု
မုဒိန်းမှု
ဖောက်ထွင်းမှု
တိရစ္ဆာန်ခိုးမှု
နိုင်ငံတော်ပုန်ကန်မှု
လက်နက်အရေးပေါ်မှု
၁၀ မတရားအသင်းမှု
စုစုပေါင်း ၂၃ ၁၈ ၄၉ ၄၉

 

(ခ ) အခြားအမှု(၇)မျိုး

စဉ် အမှု အမျိုးအစား ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
၆(၁)မှု
ခိုး(ဆိုင်ကယ်)
ခိုး(၃၈၂)
ခိုး(ရိုးရိုး) ၁၅ ၁၃
နာကြင်(ရိုးရိုး) ၉၁ ၈၀ ၁၀ ၅၀ ၃၀ ၂၀
နာကြင်(ယာဉ်) ၆၃ ၃၆ ၄၇ ၄၀
ကျန်အခြား ၂၃၆ ၂၁၀ ၁၀ ၁၆ ၂၄၀ ၂၂၀ ၁၀ ၁၀
စုစုပေါင်း ၄၀၇ ၃၄၈ ၂၉ ၃၀ ၃၄၀ ၂၉၃ ၃၇ ၁၀

 

(ဂ ) ကြိုတင်ကာကွယ်မှု(၁၀)မျိုး

 

စဉ်

အမှု

အမျိုးအစား

၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
လက်နက်ပုန်း ၂၇ ၂၇
လောင်းကစား ၄၅ ၄၄ ၅၀ ၄၀
ပြည့်တန်ဆာ
မူးယစ်
ခြေချုပ်/ ခံဝန်
ကျင့် ၅၄/၅၅ ၁၆ ၁၂ ၂၀ ၁၂
ရဲအက် ၁၀၀၀ ၁၀၀၀ ၁၀၁၂ ၁၀၁၂
အရေးပေါ်၅(ည)
ယစ်မျိုးမှု ၁၈၁ ၁၈၁ ၁၈၀ ၁၈၀
၁၀ ဗီဒီယိုအက် ၁၀ ၁၀
စုစုပေါင်း ၁၂၈၀ ၁၂၇၅ ၁၂၈၂ ၁၂၆၄ ၁၃

စီးပွားရေး

၁၁။    တောင်ငူမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွားရေးအရ အချက်အခြာ ကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း/ မွေးမြူရေးလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ တောင်ငူမြို့နယ် သည် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ် ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။

 

မြေအသုံးချမှု

၁၂။    တောင်ငူမြို့နယ်၏ မြေအမျိုးအစားအလိုက် အသုံးချထားသည့် ဧကအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

စဉ် မြေအမျိုးအစား ဧရိယာ(ဧက)
အသားတင်စိုက်ပျိုးမြေ ၆၇၉၂၀
(က)  လယ်မြေဧရိယာ ၅၀၈၂၁
( ခ)  ယာမြေ ၁၀၁၃၂
( ဂ) ကိုင်း/ကျွန်းမြေ ၃၅၇
( ဃ) ဥယျာဉ်မြေ ၆၆၀၅
( င)   တောင်ယာ
လှပ်ထားမြေဧရိယာပေါင်း
(က)  လယ်မြေဧရိယာ
( ခ)  ယာမြေ
( ဂ) ကိုင်း/ကျွန်းမြေ
( ဃ) ဥယျာဉ်မြေ
( င)   တောင်ယာ
စားကျက်မြေ ၇၅၉၁
စက်မှုလုပ်ငန်းသုံးမြေ ၂၃၃
မြို့မြေ ၄၆၉၅
ရွာမြေ ၆၉၀၁
အခြားမြေ ၇၅၂၅၅
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာ ၂၂၁၀၈၅
တောရိုင်း ၁၄၂၃၄
၁၀ မြေရိုင်း ၄၆၈၈
၁၁ စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ ၁၁၆၇၉၀
စုစုပေါင်း ၅၈၇၃၁၂

 ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာ

၁၃။    တောင်ငူမြို့နယ်ရှိ ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက် ဧရိယာမှာ အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-

(က)    အစိုးရဆည်များ

စဉ် မြို့နယ် ဆည်အမည် အမျိုး

အစား

ဆည်ရေ သောက် ဧရိယာ အကျိုး

ပြုဧက

တောင်ငူ ပသိဆည် မြေသားကျောက်ဖြည့် ၄၅၀၀ ၄၅၀၀
တောင်ငူ သောက်ရေခပ်ဆည် မြေသားကျောက်ဖြည့် ၄၅၀၀ ၄၅၀၀
မြို့နယ်ချုပ် ၉၀၀၀ ၉၀၀၀

 

(ခ)     ကိုယ့်အားကိုယ်ကိုးဆည်များ

စဉ် မြို့နယ် ဆည်အမည် အမျိုးအစား ဆည်ရေသောက် ဧရိယာ အကျိုးပြု

ဧက

    မရှိပါ

 

(ဂ)       မြစ်ရေတင်စီမံကိန်းများ

စဉ် မြို့နယ် စီမံကိန်းအမည် ဆည်ရေသောက် ဧရိယာ အကျိုးပြုဧက
တောင်ငူ သဖန်းပင် ၅၀၀ ၅၀၀
တောင်ငူ ရွာတန်းရှည် ၁၀၀၀ ၁၀၀၀
မြို့နယ်ချုပ် ၁၅၀၀ ၁၅၀၀

 

(ဃ)     တာတမံများ/ ရေထိန်းတံခါး

စဉ် မြို့နယ် တာတမံ/ရေထိန်းတံခါး ကာကွယ်သည့် မြစ်/ချောင်း အကျိုးပြု ဧက
အမည် အမျိုးအစား အရှည်(ပေ)
တောင်ငူ အနောက်ဆင်တာ တာတမံ ၄/၄မိုင် စစ်တောင်း ၄၅၀၀
  ၂ တောင်ငူ အရှေ့ဆင်တာ တာတမံ ၅မိုင် စစ်တောင်း ၃၅၀၀
  ၃ တောင်ငူ သဖန်းပင်တာတမံ တာတမံ ၂/၂ မိုင် စစ်တောင်း ၂၅၀၀
  ၄ တောင်ငူ ကမ်းနီတာတမံ တာတမံ ၄.၄၇ မိုင် စစ်တောင်း ၅၃၀၀
မြို့နယ်ချုပ် ၁၅၈၀၀

 

စိုက်ပျိုးရေးလုပ်ငန်း

၁၄။    တောင်ငူမြို့နယ်၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံအမည် ၂၀၁၆၂၀၁၇

လျာထားဧက

၂၀၁၅၂၀၁၆ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်(တင်း)

 

စပါးပေါင်း နွေ ၁၅၃၆၃ ၃.၂၀
မိုး ၅၈၆၈၁ ၅၈၆၈၁ ၈၉.၄၂ ၇၉.၃၁

 

မြေပဲ မိုး ၁၄၇၀ ၂၀၆၁ ၁၀၀.၁၄ ၄၂.၉၄
ဆောင်း ၁၉၆၁ ၈၀.၀၂ ၆၀.၅၅

 

နှမ်း မိုး ၂၆၀၉ ၂၀၆၁ ၁၀၆.၂၈ ၉.၉၉
ဆောင်း ၂၈၇၅ ၁၀၀ ၉.၈၈
နေကြာ ဆောင်း ၃၀၈ ၁၀၀ ၂၇.၆၉
မတ်ပဲ ၁၆၉၅၄ ၁၇၉၈၁ ၁၀၆.၆ ၁၉.၅၁
ပဲတီစိမ်း မိုး ၃၆၀၁ ၁၈.၃၈
ဆောင်း ၁၅၉၅၄ ၁၃၂၀ ၈.၂၇ ၁၅.၃၈
ပဲစင်းငုံ
ဝါ
ကြံ
၁၀ အစေ့ထုတ်ပြောင်း ၁၅၉၇

 

(ခ)    နှစ်ရှည်သီးနှံစိုက်ပျိုးမှုအ‌ခြေအနေ

စဉ် သီးနှံအမည် စိုက်(ဧက) ရိတ် နှုန်း ထွက်
ရာဘာ ၃၈၇၉
သစ်ဆိမ့်
ကော်ဖီ ၇၅၁
ကွမ်းသီး
အုန်း
ဆီသပြေ
သီဟိုဠ်
မန်ကျည်း
မြို့နယ်ချုပ် ၄၆၃၀    

 

(ဂ)    ဒေသတွင်း ဆန်ဖူလုံမှုရာခိုင်နှုန်း

စဉ် အကြောင်းအရာ ရေတွက်ပုံ ၂၀၁၅-၁၆

လျာထား

၂၀၁၆-၁၇

လျာထား

မှတ်ချက်
လူဦးရေ ဦး ၂၃၅၄၇၀ ၂၄၀၈၈၇
လူတစ်ဦးတစ်နှစ် စားသုံးမှု တင်း
-ကျေးလက်နေ တင်း ၁၅ ၁၅
-မြို့နေ တင်း ၁၂ ၁၂
ဝမ်းစာလိုအပ်ချက် တင်း ၃၂၉၃၃၄၀ ၃၃၁၉၇၈၅
စပါးစိုက်ဧကပေါင်း ဧက ၇၄၁၆၉ ၇၄၃၈၀
-အထွက်နှုန်း တင်း ၇၇.၃၅ ၈၁.၆
-အထွက်တင်း တင်း ၅၇၃၇၁၀၄ ၆၀၄၅၆၉၀
လာမည့်နှစ်စပါးစိုက် ဧက ဧက ၇၄၂၀၀ ၇၄၂၀၀
ချန်လှပ်ရမည့်တင်း တင်း ၂၉၂၃၅၀ ၂၉၂၃၅၀
အသုံးပြုတင်း တင်း ၃၅၈၅၆၉၀ ၃၆၉၀၈၂၁
ပိုလျှံမှု/လိုအပ်မှု တင်း +၂၁၅၁၄၁၄ ၂၃၅၄၈၆၉
ဝမ်းစာကျန်ရှိမှု တင်း ၅၄၄၄၇၅၄ ၅၇၅၃၃၄၀
၁၀ ဖူလုံမှု ရာခိုင်နှုန်း ၂၂၇.၅၀ ၁၆၃.၈

 

(ဃ)    ဆီဖူလုံမှုရာခိုင်နှုန်း

စဉ် အကြောင်းအရာ ရေတွက်ပုံ ၂၀၁၅-၁၆

လျာထား

၂၀၁၆-၁၇

လျာထား

မှတ်ချက်
လူဦးရေ ဦး ၂၃၅၄၇၀ ၂၄၀၈၈၇
လူတစ်ဦးတစ်နှစ် စားသုံးမှု ပိဿာ
ဝမ်းစာလိုအပ်ချက် မက်/တန် ၂၁၇၃.၃၆ ၂၃၀၆
ဆီထွက်မှု တန် ၉၅၀ ၁၀၆၂
အလေအလွင့်နှင့်အခြား တင်း ၆၆.၈၂ ၆၆.၈၂
ချန်လှပ်ရမည့်တင်း တင်း
ဆီထွက်ပေါင်း မက်/တန် ၉၅၀ ၁၀၆၂
ပိုလျှံမှု/လိုအပ်မှု မက်/တန် ၈၈၃.၁၈ ၁၂၄၄
ဖူလုံမှု ရာခိုင်နှုန်း ၄၃.၇၁ ၈၅

 မွေးမြူရေးလုပ်ငန်းများ

၁၅။    တောင်ငူမြို့နယ်၏ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    မွေးမြူရေးဇုန်များ

စဉ် ဇုန်အမည် ကျွဲ နွား ၀က် သိုး/ ဆိတ် ကြက် ဘဲ ငုံး
မြို့နယ်ချုပ်  

 

(ခ)     မွေးမြူရေး(ကောင်ရေ)

စဉ် ခုနှစ် ကျွဲ နွား/ နွားနောက် ၀က် ကြက် ဘဲ သိုး/ ဆိတ်
၂၀၁၅-၂၀၁၆ ၃၄၈၀၃ ၁၇၇၇၅ ၃၄၃၉၉ ၈၄၄၂၅ ၄၇၄၁၀ ၁၄၉၄
၂၀၁၆-၂၀၁၇ ၁၆၁၇၇ ၃၁၈၉၃ ၃၄၇၅၁ ၉၆၆၅၀ ၄၅၂၂၀၀ ၁၂၅၅

   

(ဂ)     မြို့နယ်အသားထုတ်လုပ်မှု(ပိဿာ)

စဉ် ခုနှစ် ကျွဲ နွား/

နွားနောက်

၀က် ကြက် ဘဲ သိုး/ ဆိတ်  

ငုံး

၂၀၁၅-၂၀၁၆ ၂၉၉၈ ၂၅၇၅၄ ၂၆၄၁၆၉၁ ၆၀၈၆၂၆၉ ၃၅၅၅၃၆ ၇၃၇၄ ၂၇၅၇
၂၀၁၆-၂၀၁၇ ၃၀၅၄ ၂၈၅၅၆ ၂၇၄၆၄၆၁ ၆၅၈၆၂၆ ၃၈၅၅၃၆ ၇၃၇၄ ၂၆၅၄

   

(ဃ)   မြို့နယ်ကြက်/ ဘဲ/ ငုံး ဥထုတ်လုပ်မှု (လုံး)

စဉ် ခုနှစ် ကြက်ဥ ဘဲဥ ငုံးဥ
၂၀၁၅-၂၀၁၆ ၅၆၆၇၇၇၆၁ ၃၂၂၈၁၉၈ ၃၈၅၇၇
၂၀၁၆-၂၀၁၇ ၅၆၇၄၃၄၆၁ ၃၃၁၈၃၉၈ ၃၅၅၇၂

 

(င)     နို့ထွက်ပစ္စည်းထုတ်လုပ်မှု

စဉ် ခုနှစ် နို့စားနွား

(ကောင်ရေ)

နို့ထွက်

(ပိဿာ)

၂၀၁၅-၂၀၁၆ ၂၉ ၃၄၈၀၀
၂၀၁၆-၂၀၁၇ ၃၅ ၄၂၀၀၀

 

(စ)     ငါး၊ ပုဇွန်မွေးမြူမှု အခြေအနေ

စဉ် ခုနှစ် ငါး ပုဇွန်
အရေအတွက်

(ကန်)

ဧက ထုတ်လုပ်မှု

ပိဿာ

အရေအတွက် (ကန်) ဧက ထုတ်လုပ်မှု

ပိဿာ

၂၀၁၅-၂၀၁၆ ၂၂၀ ၂၈၀ ၂၅၅၆
၂၀၁၆-၂၀၁၇ ၁၆၈ ၂၇၇ ၂၈၁၃

        (ဆ)    ရေချိုရေငန်ငါးဖမ်းလုပ်ငန်းမှအသားထုတ်မှု(တန်)

စဉ် မြို့နယ် ငါး ပုဇွန်
လေလံအရေ အတွက် လုပ်ငန်း

အရေအတွက်

ထုတ်လုပ်မှု

(တန်)

လေလံ အရေအတွက် လုပ်ငန်းအရေအတွက် ထုတ်လုပ်မှု (တန်)
၂၀၅၅
မြို့နယ်ချုပ် ၂၀၅၅

 

စက်မှုလက်မှုလုပ်ငန်း

၁၆။    တောင်ငူမြို့နယ်၏ စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)     စက်မှုဇုန်များ

စဉ် စက်မှုဇုန်

အမည်

စက်ရုံအမည် ထုတ်လုပ်သည့် ပစ္စည်းများ
မရှိပါ
မြို့နယ်ချုပ်

 

(ခ)     မြို့နယ်ရှိစက်ရုံများ

စဉ် စက်ရုံ    အမည် အမျိုးအစား နိုင်ငံ ပိုင် ပုဂ္ဂ   လိက

ပိုင်

လုပ် သား အင်

အား

အမှတ်(၈၉)သစ်စက် ၁၂၀
ဟာလာစက်လုပ်ငန်း ၃၀
ဆန်ချောလုပ်ငန်း ၁၂
ဆီကြိတ်လုပ်ငန်း ၂၀
သစ်ခွဲစက် ၁၂ ၄၄
လျှာထိုးစက် ၁၆ ၆၄
သံရည်ကြိုစက် ၁၂
ကွန်ကရစ်တိုင်လုပ်ငန်း ၂၅
မြို့နယ်ချုပ် ၃၉ ၃၂၇

 

(ဂ)     မြို့နယ်ရှိအလုပ်ရုံများ

စဉ် အလုပ်ရုံ   အမည် အမျိုးအစား နိုင်ငံ ပိုင် ပုဂ္ဂ လိကပိုင် လုပ်သား အင်အား
ဝပ်ရှော့လုပ်ငန်း ၁၂၀
တွင်ခုံလုပ်ငန်း ၁၂ ၁၄၂
မြို့နယ်ချုပ် ၂၀ ၂၆၂

(ဃ)    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ

စဉ် စက်မှုလက်မှုလုပ်ငန်းအမျိုးအစားများ အရေအတွက် လုပ်သားအင်အား
ယက်ကမ်းလုပ်ငန်း
စက်ချုပ်လုပ်ငန်း ၃၆ ၃၆
ပန်းတိမ်လုပ်ငန်း ၂၈
ပန်းဘဲလုပ်ငန်း ၁၂ ၉၆
ဝါးခမောက်လုပ်ငန်း ၄၅
ဖရောင်းတိုင်လုပ်ငန်း
တံမျက်စည်းလုပ်ငန်း ၁၂၀
အိုးလုပ်ငန်း
မုန့်လုပ်ငန်း ၅၉ ၃၆၅
၁၀ အခြားလုပ်ငန်း ၃၉ ၄၆၂
မြို့နယ်ချုပ် ၁၆၉ ၁၁၅၂

စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ

၁၇။    တောင်ငူမြို့နယ်တွင်ရှိသော စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)     ကုမ္ပဏီ၊ကုန်စည်ဒိုင်၊ပွဲရုံများ၊ဈေးနှင့်ကုန်တိုက်များ

(၁)ကုမ္ပဏီများ

စဉ် ကုမ္ပဏီအမည် ဆောင်ရွက်သည့်လုပ်ငန်း တည်နေရာ မှတ်ချက်
ကေတုမတီဖွံ့ဖြိုးတိုး တက်ရေးအများပိုင်ကုမ္ပဏီ စက်မှုဇုံ ၂-ရပ်ကွက် ဆောင်ရွက်ဆဲ

(၂)ကုန်စည်ဒိုင်များ 

စဉ် ကုန်စည်ဒိုင်အမည် ရောင်းဝယ်သည့်ပစ္စည်းများ တည်နေရာ
ဆိတ်ဖူးတောင် ဒညင်း/ဖါလာ ဆိတ်ဖူးတောင်

(၃)ပွဲရုံများ

စဉ် ပွဲရုံအမည် ရောင်းဝယ်သည့်ပစ္စည်းများ တည်နေရာ
ဦးမောင်ကျော် ဆန်/ပဲ/ငရုပ်/ကြက်သွန် ၁၆/စျေးလမ်း
ဦးယဉ်ဌေး ဆန်/ပဲ/ငရုပ်/ကြက်သွန် ၁၁/ကန်တော်လမ်း
ဦးယဉ်ထွေး ဆန်/ပဲ/ငရုပ်/ကြက်သွန် ၁၃ရပ်ကွက်
ဦးသိန်းလွင် ဆန်/ပဲ/ငရုပ်/ကြက်သွန် ၁၁/ကန်တော်လမ်း
ဦးကျော်ဆန်း ဆန်/ပဲ/ငရုပ်/ကြက်သွန် ၂၀/စက်ရှင်လမ်း
ဦးမွှေး ဆန်/ပဲ/ငရုပ်/ကြက်သွန် ၁၈/ရပ်ကွက်
ဒေါ်ခင်ဌေး ကြံသကာ/သကြား ၁၁-ရပ်ကွက်
ဒေါ်ခင်လှ ဆန်/ပဲ/ငရုပ်/ကြက်သွန် ၁၅-ရပ်ကွက်

(၄)ဈေးများ  

စဉ် စျေးအမည် ဆိုင်ခန်း အရေအတွက် တည်နေရာ နိုင်ငံပိုင် ပုဂ္ဂလိကပိုင်
ဘုရင့်နောင်စျေး ၁၅၀၀ ရပ်ကွက်(၁၉) နိုင်ငံပိုင်
မြို့မစျေး ၂၂၉၈ ရပ်ကွက်(၁၆)
ကရင်မစျေး(ဓါတုကလျာ) ၃၂ ရပ်ကွက်(၂၀)
ညောင်ပင်စျေး ၇၂ ရပ်ကွက်(၁၉)
ကေတုမတီမြို့သစ် ၅၀
အင်ဒိုင်းစျေး ၁၂ အင်ဒိုင်း
ဆိတ်ဖူးတောင်စျေး ၂၅ ဆိတ်ဖူးတောင်

                   (၅)ကုန်တိုက်များ

စဉ် ကုန်တိုက်အမည် တည်နေရာ မှတ်ချက်
မရှိ    

(ခ)       ဘဏ်များ

စဉ် ခရိုင် ဘဏ်ပေါင်း အစိုးရပိုင် ပုဂ္ဂလိကပိုင် စုစုပေါင်း
၁၃ ၁၁ ၁၃
မြို့နယ်ချုပ် ၁၃ ၁၁ ၁၃

(ဂ)       စတိုးဆိုင်နှင့်အရောင်းဆိုင်များ

စဉ် ဆိုင်အမျိုးအစား အရေအတွက်
 စတိုးဆိုင် ၂၂
ရွှေဆိုင် ၁၅
လျှပ်စစ်ပစ္စည်းဆိုင်
ဖုန်း/ဖုန်းပစ္စည်းအရောင်းဆိုင် ၂၄
စာအုပ်ဆိုင်
ဆေးဆိုင် ၁၆
စားသောက်ဆိုင် ၂၂
လက်ဖက်ရည်ဆိုင် ၁၀၅
ကုန်မာဆိုင် ၂၂၁
၁၀ စိုက်ပျိုးရေးပစ္စည်းဆိုင်
၁၁ ဆောက်လုပ်ရေးပစ္စည်းဆိုင်
၁၂ ဝန်ဆောင်မှုလုပ်ငန်းဆိုင်
၁၃ ဆန်ဆိုင်
၁၄ အဝတ်အထည်ဆိုင် ၁၆
၁၅ နိဗ္ဗန်ကုန်ဆိုင်
မြို့ချုပ် ၄၇၀


လူမှုရေး

ပညာရေးကဏ္ဍ

၁၈။    တောင်ငူမြို့နယ်တွင်ရှိသော ပညာရေးဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က) အဆင့်မြင့်ပညာ         

စဉ် တက္ကသိုလ်/ကောလိပ်/ သိပ္ပံကျောင်းအမည် တည်နေရာ အကျယ်

အဝန်း (ဧက)

ဆရာ

ဆရာမ ဦးရေ

ကျောင်း

သား/သူ ဦးရေ

ဆရာနှင့် ကျောင်းသား    အချိုး
တောင်ငူတက္ကသိုလ် ဆင်ဆိပ်ကျေးရွာ ၂၀ ၂၂၄ ၁၃၃၃၁ ၁:၂၈
နည်းပညာတက္ကသိုလ် ကေတုမတီမြို့သစ် ၁၀ ၁၉၄ ၂၄၃၁ ၁:၁၂
ကွန်ပျူတာတက္ကသိုလ် ကံရိုး ၃၂ ၃၀၈ ၁:၁၇
ပညာရေးကောလိပ် ရပ်ကွက်(၇) ၅၁ ၅၀၂ ၁:၆
မြို့နယ်ချုပ်   ၃၇ ၅၀၁ ၁၆၅၇၂ ၁:၃၄

(ခ) အခြေခံပညာ

               (၁) အထကကျောင်းများ

စဉ် ကျောင်းအမည် တည်နေရာ အကျယ်အဝန်း (ဧက) ဆရာ/ ဆရာမ ဦးရေ ကျောင်း သား/သူ ဦးရေ ဆရာ ကျောင်းသား အချိုး
အထက(၁) ၁၉ရပ်ကွက် ၃၄ ၁၀၅၈ ၁:၃၁
အထက(၂) ၂ရပ်ကွက် ၃၃ ၈၇၃ ၁:၂၆
အထက(၄) ၂၁ရပ်ကွက် ၁၈ ၃၉၁ ၁:၂၂
အထက(၅) ၂ဝ ရပ်ကွက် ၁၄ ၂၈၅ ၁:၂၀
အထက(၆) ၈ ရပ်ကွက် ၁၄ ၁၇၅ ၁:၁၃
နတ်စင်ကုန်းအထက အင်ဒိုင်းကျေးရွာ ၃၂ ၇၈၈ ၁:၂၅
အထကမြို့သစ် ကေတုမြို့သစ် ၁၄ ၁၈၃ ၁:၁၇
အထကလေးမိုင် ဆိတ်ဖူးတောင် ၁၁ ၁၈၉ ၁:၁၇
မြို့နယ်ချုပ်   ၁၇၀ ၃၉၄၂ ၁:၂၃

            

             (၂) အလကကျောင်းများ

စဉ် ကျောင်းအမည် တည်နေရာ အကျယ်အဝန်း (ဧက) ဆရာ/ ဆရာမ ဦးရေ ကျောင်းသား/ သူဦးရေ ဆရာနှင့် ကျောင်းသား အချိုး
အလက(၁) ၂၀ ရပ်ကွက် ၁၄ ၂၆၈ ၁:၁၉
အလက(၂) ၁၅ ရပ်ကွက် ၂၃ ၅၈၄ ၁:၂၅
အလက(၃) ၂ ရပ်ကွက် ၂၀ ၆၁၁ ၁:၃၁
အလကဆူးတပ် ဆူးတပ်ရွာ ၁၇၈ ၁:၂၅
ကျောက်တိုင် ကျောက်တိုင်ရွာ ၁၆၃ ၁:၃၃
အထကတပခ တပခ ၂၁၉ ၁:၃၇
မြို့နယ်ချုပ်     ၇၅ ၂၀၂၃ ၁:၂၇

 

     (၃) အမကကျောင်းများ

စဉ် ကျောင်း

အရေအတွက်

ဆရာ/ဆရာမ ဦးရေ ကျောင်းသား/သူ ဦးရေ ဆရာနှင့်ကျောင်းသား အချိုး
၁၅၇ ၆၈၉ ၂၆၀၇၃ ၁:၃၈

 

(ဂ) မူလတန်းကြိုကျောင်း

စဉ် ‌ကျောင်း

အရေအတွက်

ဆရာ/ဆရာမ

ဦးရေ

‌ကျောင်းသား/သူ ဦးရေ အချိုး
၁၄ ၅၂ ၃၅၀ ၁:၆၇
မြို့နယ်ချုပ် ၁၄ ၅၂ ၃၅၀ ၁:၆၇

(ဃ) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

စဉ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသား/သူဦးရေ ဆရာ/ဆရာမ ဦးရေ အချိုး
ပဒဲတောင်ကျောင်း ၂၂၀ ၁:၃၁
အမှတ်(၂)မူလွန်(၄)မိုင်ရွာဦးကျောင်း ၈၅ ၁:၁၂
ဝိသုဒ္ဓါရုံကျောင်းမြင်းဖြူအင်း ၄၄ ၁:၁၁
ပေါ်တော်မူ ၉၀ ၁:၃၀
သင်္ဘောဦးကျောင်း ၁၂၂ ၁:၂၀
ဓမ္မဝိဟာရကျောင်း ၂၉ ၁:၉
မြို့နယ်ချုပ် ၅၉၀ ၂၉ ၁:၂၀

ကျန်းမာရေးကဏ္ဍ

၁၉။    တောင်ငူမြို့နယ်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  ဆေးရုံများ

စဉ် ဆေးရုံအမည်  အစိုးရ/ပုဂ္ဂလိက ကုတင်အရေအတွက် မှတ်ချက်
တောင်ငူ အစိုးရ ၂၀၀
ညောင်ကိုင်း အစိုးရ ၁၆
တော်၀င် ပုဂ္ဂလိက ၁၆
သောသီခို ပုဂ္ဂလိက ၁၆  
ကေတုမတီ ပုဂ္ဂလိက ၁၆
မြို့နယ်ချုပ်   ၂၆၄

                  


(ခ)     ဆေးပေးခန်းများ

စဉ် ဆေးပေးခန်း

အမည်

 အစိုးရ/

ပုဂ္ဂလိက

ကုသသည့် ရောဂါအမျိုးအစား
အနာကြီး အစိုးရ အနာကြီး
ငှက်ဖျား ။/ ငှက်ဖျား
တီဘီ တီဘီ
မိခင်နှင့်ကလေး အထွေထွေ
မြို့နယ်ချုပ်

 

          (ဂ)     ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ

စဉ် ကျေးလက်ကျန်းမာရေး

ဌာနအမည်

ကျေးလက်ကျန်းမာရေး

ဌာနခွဲအမည်

မှတ်ချက်
ကျွန်းကုန်း ပင်မ
မြောက်ရေကြည်
ကညင်မြောင်
မြို့သစ်
နေပူကုန်း
ဝက်ခေါက်စိန်
ဆင်ရွာ ပင်မ
ပဒဲ
ဒိုးအင်း
အလယ်ကျွန်း
မဟင်
လဲဘူး ပင်မ
ကင်းဆိပ်
စပါးကြွယ်
ဇီးကုန်း
ဘိုကတော်
ကျောက်တိုင် ပင်မ
(၄)မိုင်
ကွမ်းပင်
မိုးကောင်း
ကျေးအင်းကုန်း
ဒိုးသောင် ပင်မ
မြို့ကြီး
ပွတ်စု
ဇီးဒိုင်း
ရွှေတံတား
ဆူးတပ် ပင်မ
ချောင်းဖြူ
အင်ဒိုင်း
ကန်ရိုး
ကျေးတော
ကမ်းနီ ပင်မ
အရှေ့ဆင်
ရွှေလေးအင်း
ဆိတ်ဖူးတောင်
သာယာကုန်း
မြို့နယ်ချုပ် ၃၆

 

 

(ဃ)     ကျန်းမာရေးစောင့်ရှောက်မှု

စဉ် မြို့နယ် လူဦးရ ဆရာဝန်မှ   ကျန်းမာရေး စောင့်ရှောက်မှုနှုန်း   သူနာပြုမှ ကျန်းမာရေး စောင့်ရောက်မှုနှုန်း လက်ထောက် ကျန်းမာရေးမှူးမှ

ကျန်းမာရေး စောင့်ရှောက်မှုနှုန်း

ဆရာ၀န် ဦးရေ ဆရာ၀န်နှင့် လူဦးရေ အချိုး သူနာပြု ဦးရေ သူနာပြုနှင့်

လူဦးရေ

အချိုး

လ/ထ ကျန်းမာ ရေးမှူး ဦးရေ လ/ထကျန်း

နှင့် လူဦးရေ အချိုး

တောင်ငူ ၂၄၀၈၈၇ ၇၃ ၁:၃၂၉၉ ၆၃ ၁:၃၈၂၃ ၁:၄၈၁၇၇
မြို့နယ်ချုပ် ၂၄၀၈၈၇ ၇၃ ၁:၃၂၉၉ ၆၃ ၁:၃၈၂၃ ၁:၄၈၁၇၇

 

(င)     ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ

စဉ် မြို့နယ် ‌ရောဂါအမျိုးအစား
ငှက်ဖျား ဝမ်းလျှော တီဘီ ဝမ်းကိုက် အသည်းရောင်
ဖြစ် သေ ဖြစ် သေ ဖြစ် သေ ဖြစ် သေ ဖြစ် သေ
တောင်ငူ ၅၇၉ ၁၀၁၇ ၁၄၀ ၇၉၉
မြို့နယ်ချုပ် ၅၇၉ ၁၀၁၇ ၁၄၀ ၇၉၉

 

လူမှုရေးအသင်းအဖွဲ့များ

၂၀။    တောင်ငူမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

        (က)     INGO        

စဉ် မြို့နယ် INGO အမည် ရုံး/ ရုံးခွဲတည်နေရာ ဆောင်ရွက်သည့်လုပ်ငန်း
တောင်ငူ

 

     (ခ)     NGO (ဦးရေ)

စဉ် မြို့နယ် အမျိုးသမီးရေးရာ မိခင်/ ကလေး

အသင်း

စစ်မှုထမ်းဟောင်း ကြက်ခြေနီ အရံမီးသတ် စုစုပေါင်း
တောင်ငူ ၃၅၈၈၂ ၆၁၇၅၉ ၁၇၂၃ ၆၄ ၇ဝဝ ၁၀၀၁၂၈
မြို့နယ်ချုပ် ၃၅၈၈၂ ၆၁၇၅၉ ၁၇၂၃ ၆၄ ၇ဝဝ ၁၀၀၁၂၈

 

(ဂ)     အသင်းအဖွဲ့

စဉ် မြို့နယ် အသင်းအဖွဲ့ အမည် ရုံး/ ရုံးခွဲ တည်နေရာ မှတ်ပုံတင်

အမှတ်

ဆောင်ရွက်သည့် လုပ်ငန်း
တောင်ငူ ပုညနန္ဒီ ကံရိုးကျေးရွာ ၀၀၁ သာရေး/ နာရေး/ လူမှုရေး
တောင်ငူ ကေတုမတီလူမှုရေးအသင်း ကေတုမြို့သစ် ၀၀၂ သာရေး/

နာရေး/ လူမှုရေး

ဆိတ်ဖူးတောင်လူမှု

ကူညီရေးအသင်း

ဆိတ်ဖူးတောင် ကျေးရွာ ၀၀၃ သာရေး/

နာရေး/ လူမှုရေး

မြောက်ရေကြည်၊ အလယ်ရွာ၊ ကံရွာပရ ဟိတလူမှုကူညီရေးအသင်း မြောက်ရေကြည် ကျေးရွာ ၀၀၄ သာရေး/

နာရေး/ လူမှုရေး

ကျောင်းသစ်ကျောင်း အခမဲ့နာရေးကူညီမှုအသင်း ကံရိုးကျေးရွာ ၀၀၅ သာရေး/

နာရေး/ လူမှုရေး

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

၂၁။    တောင်ငူမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများ

(၁)     မြို့ကျေးလက်၊ ကျေးရွာချင်းဆက်လမ်းများ

စဉ် လမ်းအရေအတွက် အရှည် (မိုင်ဖာလုံ) အမျိုးအစား
ကတ္တရာ ကျောက်ချော မြေသား ဂဝံ ကွန်ကရစ်
အရေအတွက် မိုင်/ဖာလုံ အရေအတွက် မိုင်/ဖာလုံ အရေအတွက် မိုင်/ဖာလုံ အရေအတွက် မိုင်/ဖာလုံ အရေအတွက် မိုင်/ဖာလုံ
၃/၁ ၀/၅ ၂/၄
၁၂/၅ ၁/၄ ၁၁/၁
မြို့နယ်ချုပ် ၁၅/၆ ၁/၉ ၁၁/၁ ၂/၄

(၂)       တံတားများ

စဉ် တံတား အမည် အရှည်(ပေ) အမျိုးအစား ဆောက်လုပ်မှုပုံစံ
အသစ် ပြင်ထိန်း
ကျေးတော-ကောလိလမ်း ၂x(၅’x၂၅’x၃’) Box-culvert
ပန်းပဲချောင်း ၁၀၀’x၁၄’x၁၀’ ကွန်ကရစ်
ဘိုကတော်-အင်တိုင်း Under Pass ၃x(၅’x၂၅’x၃’) Box-culvert
ကင်းဆိပ်-ဆင်ဆိပ်-ဇီးပင်သာလမ်း ၂၅’x၁၄’x၁၀’ အုတ်ခုံခံသစ်သား တံတား(၁)
ကင်းဆိပ်-ဆင်ဆိပ်-ဇီးပင်သာလမ်း ၁၅’x၁၄’x၁၀’ အုတ်ခုံခံသစ်သား တံတား(၂)
မြတ်စောညီနောင်- ရွှေတံတား- ပေါင်းလောင်းတိန် ၃၀’x၁၄’x၁၀’ ကွန်ကရစ်

တံတား(၁)

မြတ်စောညီနောင်- ရွှေတံတား- ပေါင်းလောင်းတိန် ၂၀’x၂၂’x၆’ ကွန်ကရစ်

တံတား(၂)

ရှမ်းဝါးတီး-ဒိုးသောင်လမ်း ၂၅’x၁၄’x၁၀’ ကွန်ကရစ်

တံတား(၁)

ရှမ်းဝါးတီး-ဒိုးသောင်လမ်း ၂၀’x၁၄’x၁၀’ ကွန်ကရစ်

တံတား(၂)

၁၀ ရှမ်းဝါးတီး-ဒိုးသောင်လမ်း ၂၀’x၁၄’x၁၀’ ကွန်ကရစ်

တံတား(၃)

၁၁ ကျေးတော-ကောလိလမ်း ၁၅’x၁၄’x၁၀’ ကွန်ကရစ်
၁၂ ဒုံကြီးချောင်း

တံတား

၄၀’x၁၄’x၁၀’ ကွန်ကရစ်
၁၃ လဲဒူးချောင်း တံတား ၄၀’x၁၄’x၁၀’ သစ်သား
၁၄ ကရင်ချောင်း လက်တက်တံတား ၄၀’x၁၄’x၁၀’ သစ်သား
၁၅ ခရိုင်ချင်းဆက် လမ်းတံတားအမှတ် (၁/၁၁) ၁၀’x၁၄’x၁၀’ အုတ်ခုံခံသစ်သား
၁၆ ခရိုင်ချင်းဆက် လမ်းတံတားအမှတ် (၁/၁၂) ၁၀’x၁၄’x၁၀’ အုတ်ခုံခံသစ်သား
၁၇ ခရိုင်ချင်းဆက် လမ်းတံတားအမှတ် (၁/၁၃) ၁၀’x၁၄’x၁၀’ အုတ်ခုံခံသစ်သား
၁၈ ရွှေကချောင်းတံတား ၁၀’x၁၄’x၁၀’ အုတ်ခုံခံသစ်သား
၁၉ မရမ်းချောင်းတံတား ၂၀’x၁၄’x၁၀’ အုတ်ခုံခံသစ်သား
၂၀ ဘန်းဘုံချောင်း တံတား ၄၀’x၁၄’x၁၀’ ကွန်ကရစ်
၂၁ တုန်ဇုတ်တံတား ၁၀’x၁၄’x၁၀’ အုတ်ခုံခံသစ်သား
မြို့နယ်ချုပ် ၁၉

              (၃)      သောက်သုံးရေရရှိရေးလုပ်ငန်း

စဉ် လုပ်ငန်းတည်နေရာ အမျိုးအစားနှင့်အတိုင်းအတာ အကျိုးပြု

အိမ်

ရေကန် ရေတွင်း အဝီစိ တွင်း လျှိုပိတ် မြစ်ရေတင်
၁၄ ၃၁၃၁
မြို့နယ်ချုပ် ၁၄ ၃၁၃၁

               (၄)     လျှပ်စစ်မီးလင်းရေးလုပ်ငန်း        

စဉ် လုပ်ငန်း တည်နေရာ ဆောင်ရွက်သည့်နည်းလမ်း အကျိုးပြု အိမ်ခြေ
မဟာ

ဓါတ်အား

မီးစက် နေရောင်

ခြည်

လေ ရေအား ဇီဝ
၃၃ ၃၅၂၇
မြို့နယ်ချုပ် ၃၃     ၃၅၂၇

 

              (၅)     မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း

စဉ် ကျေးရွာအမည် အိမ်ခြေ အိမ်ထောင်စု ခွင့်ပြုငွေ ကျပ်(သိန်း)
ဆိတ်ဖူးတောင် ၃၅၀ ၃၆၈ ၃၀၀
ဟင်းရေမြား ၁၀၃ ၁၀၃ ၃၀၀
ပေါင်းလောင်းတိန် ၁၆၃ ၁၇၀ ၃၀၀
ရှမ်းဝါးတီး ၄၅၄ ၅၆၈ ၃၀၀
ကြို့ကုန်း ၁၈၇ ၁၈၇ ၃၀၀
ကျောက်လုံးကြီး ၈၄ ၈၄ ၃၀၀
ပိတောက်ကုန်း ၉၁ ၉၁ ၃၀၀
တပြေး ၉၃ ၁၀၃ ၃၀၀
ညောင်စခန်း ၂၄၈ ၂၄၈ ၃၀၀
၁၀ ရွာသစ် ၁၃၅ ၁၃၅ ၃၀၀
၁၁ ကုက္ကိုလ်ပေါက် ၁၃၄ ၁၃၄ ၃၀၀
၁၂ ချောင်းဖြူ(အလယ်) ၁၂၅ ၁၃၀ ၃၀၀
၁၃ ပဲချက်ကုန်း ၁၈၅ ၁၈၅ ၃၀၀
၁၄ အိုင်သုံးဆင့် ၁၈၇ ၁၈၇ ၃၀၀
၁၅ သဖန်းပင် ၁၀၀ ၁၃၄ ၃၀၀
၁၆ ကမ္ဘားနီ(ဇီးကုန်း) ၁၁၅ ၁၁၈ ၃၀၀
၁၇ ကမ္ဘားနီ(အရှေ့ဆင်) ၁၅၉ ၁၅၉ ၃၀၀
၁၈ ပဒဲ ၆၁၇ ၆၁၇ ၃၀၀
၁၉ ကျေးအင်း ၃၁၂ ၃၁၂ ၃၀၀
၂၀ မြပင်ကူး ၁၀၈ ၁၀၈ ၃၀၀
၂၁ ဒေါ်နီမတဲကုန်း ၁၀၄ ၁၀၄ ၃၀၀
မြို့နယ်ချုပ် ၄၀၅၄ ၄၂၄၅ ၆၃၀၀

 

(၆)     ကျေးလက်အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်း

စဉ် ကျေးရွာအမည် ခွင့်ပြု အိမ်ခြေ ပြီးစီးအိမ်ခြေ ကုန်ကျငွေ ကျပ်(သိန်း)
ကျောက်တိုင် ၁၇ ၁၇ ၁၉၇.၂
ရေပုတ်ကုန်း ၁၇ ၁၇ ၁၉၇.၂
စပါးလင်ကုန်း ၁၅၀
ဂုံမင်းအိုင် ၁၅၀
မြို့နယ်ချုပ် ၄၄ ၄၄ ၆၉၄.၄

                  

                   (၇)     ကျေးလက်အိမ်သာလုပ်ငန်း

စဉ် ကျေးရွာအမည် ခွင့်ပြုလုံးရေ ပြီးစီးလုံးရေ ကုန်ကျငွေ ကျပ်(သိန်း)
၅ မိုင် ၅ ခန်းတွဲ ၁ လုံး ၅၅
ရေဆင်းကုန်း ၅ ခန်းတွဲ ၁ လုံး ၅၅
ဘောလိ ၅ ခန်းတွဲ ၁ လုံး ၅၅
ရွာသစ် ၅ ခန်းတွဲ ၂ လုံး ၁၁၀
မြို့နယ်ချုပ် ၂၇၅

 

 

 

 

(ခ)       အစိုးရနှင့်ပြည်သူဆောင်ရွက်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

စဉ် လုပ်ငန်းအမည် အရွယ်

အစား / အရှည်

ကုန်ကျငွေကျပ်သိန်း ပြီးစီးရက်
အစိုးရ ပြည်သူ ပေါင်း
မီးလင်းရေး ၁၅၀ ၆၆၀ ၈၁၀ ၃၁-၃-၂၀၁၅
ကျောက်ချော(၂၈)လမ်း ၂၈/၃ ၈၂၆ ၅၀၆ ၁၃၃၂ ၃၁-၃-၂၀၁၅
မြို့နယ်ချုပ် ၂၈/၃ ၉၇၆ ၁၁၆၆ ၂၁၄၂

 

ယဉ်ကျေးမှုနယ်မြေများ

၂၂။     တောင်ငူမြို့နယ်တွင် ယာဉ်ကျေးမှုနယ်မြေများမရှိပါ။

 

ဒေသသမိုင်းအကျဉ်း

၂၃။    တောင်ငူမြို့သည် ယခုမြို့၏ အနောက်ဘက်(၁၀)မိုင်အကွာရှိ ခပေါင်းချောင်း လက်ဝဲဘက် ကမ်းတွင် ဓညဝတီဟူသောအမည်ဖြင့် သဝန်ကြီး၊ သဝန်ငယ်မှ စတင်တည်ထောင်ခဲ့ပါသည်။ သက္ကရာဇ်(၆၄၁)ခုနှစ်တွင် စပါးကြွယ်ကျေးရွာအနီး၌ တောင်ငူကြီးဟူ၍ သ၀န်မင်းကြီးမှ စတင် တည်ထောင်သည်။ သက္ကရာဇ် (၈၇၂)ခုနှစ် မင်းကြီးညိုလက်ထက်မှာပင် မြဝတီဟူ၍ ပန်းပဲကမ်းပါး သို့ ယာယီထီးနန်းပြောင်းရွှေ့ခဲ့ပြီးနောက် ခပေါင်းနှင့် ပေါင်းလောင်းမြစ်ဆုံရာ၌ (ဒွာရာဝတီမြို့) ကို တည်ထောင်ခဲ့သည်။ သက္ကရာဇ်(၈၇၅)ခုနှစ်၌ပင် တောင်ငူ ကေတုမတီမြို့ဟု သတ်မှတ် တည်ထောင် ခဲ့ပါသည်။

 

မြို့နယ်အတွင်းရှိ ရာသီအလိုက်ပွဲတော်များ

၂၄။    တောင်ငူမြို့နယ်အတွင်းရှိ အထင်ကရပွဲတော်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  အထင်ကရပွဲတော်များနှင့် ကျင်းပသည့်အချိန်

       တောင်ငူမြို့နယ်တွင်  နှစ်ကျိတ်ရှစ်ဆူ(ကေလဇာတီဘုရား)လှည့်လည်ပူဇော်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်၍ ရွှေဆံတော်ဘုရား (ကဆုန် ညောင်ရေသွန်း)ပွဲတော်ကို နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ကျင်းပပြုလုပ်ပါသည်။

(ခ )   မြေပုံ

 

(ဂ)    မဟာမုနိကေလဇာတီစေတီတော်သမိုင်းကြောင်း

မဟာမုနိကေလဇာတီစေတီတော်ကို မြန်မာသက္ကရာဇ်(၉၁၄) တော်သလင်းလဆန်း (၁၅)ရက်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးနှင့် မိဘုရားခေါင်ကြီးတို့ တည်ထား ကိုးကွယ်ခဲ့သည်။ ခရစ်နှစ်အားဖြင့်(၁၅၅၂)ခုနှစ်ဖြစ်သည်။ ဘုရင့်နောင်မင်းတရားကြီး နှင့် မိဘုရားခေါင်ကြီးတို့သည် သာသနာပိုင်ဆရာတော် အရှင်နာရဒကို ပင့်ဖိတ်၍ ဆွမ်းကပ်ကြသည်။ ဆရာတော်က ဤကေလာသကုန်းမြေသည် အရှင်မင်းကြီးနှင့် မိဘုရားခေါင်ကြီးတို့ လက်ထပ်မင်္ဂလာပြုခဲ့ရသည့် ကုန်းမြေဖြစ်သဖြင့် ဤကုန်းမြေ တွင် ဘုရားစေတီတစ်ဆူ တည်ထားကိုးကွယ်ပါက အသင်မင်းမြတ်သည် အသက်ရှည် ၍ ဘုန်းတန်ခိုးပိုမိုကြီးမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထို့ကြောင့် ထိုကေလာသ ကုန်းမြေ၌ ကေလဇာတီစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပေသည်။

မင်းတရားကြီးသည် ကေလဇာတီစေတီတော်၏ ဌာပနာတိုက်ကိုတည်ဆောက်ရန် တောင်ငူမြို့အရှေ့ဘက်(၇)မိုင်အကွာတွင်ရှိသည့် ကျောက်တောင်မှ သလင်းကျောက် တို့ကို ထုတ်ယူစေခဲ့သည်။ ထို့နောက်တက်ကျွမ်းသည့် ကျောက်ဆစ်ပညာရှင်များအား အဝန်း(၁၀)တောင်ပတ်လည် ဒုတစ်ညိုရှိကျောက်ပြားများနှင့် အလျားနှစ်တောင့်ထွာ ဒုတစ်ထောင်ရှိ ထွန်သွားပုံစံ တစ်ဖက်ထူတစ်ဖက်ပါး ကျောက်တုန်းကျောက်ပြားများ ကို ပြုလုပ်စေခဲ့သည်။ ဌာပနာတိုက်ကို အစောက်(၁၂)တောင် အကျယ်(၁၀)တောင် တူးစေခဲ့သည် ယင်းဌာပနာတိုက်အား ပထမကျောက်ပြား(၃)ချပ်ကိုခင်းစေ၍ ၎င်း အပေါ်မှ သံပြား၊ ကြေးပြား၊ ငွေပြား၊ ရွှေပြားများကို ခင်းစေသည်။ အထူးအပါးမညီ သည့် ကျောက်ပြားများကို အထူအပိုင်းကိုအပေါ်မှထား၍ ပတ်ပတ်လည်စိုက်စေသည့် ယင်းအပေါ်မှကျောက်ပြားကြီးများကို ဖုန်းအုပ်စေခဲ့သည်။

သက္ကရာဇ်(၉၁၄)ခုနှစ် တော်သလင်းလဆန်း(၁၅)ရက် ခရဇ်သက္ကရာဇ် (၁၅၅၂) တွင် အထမြောက်အောင်မြင်တော်မူ၍ ဘုရားကြီးအား မဟာမုနိကေလဇာတီစေတီ ဟူ၍ ဘွဲ့အမည်သမုတ်ပြီး နှစ်စဉ်တော်သလင်းလပြည့်နေ့တွင် ဘုရားကြီးအား ဆွမ်းတော်ကြီးကပ်ပွဲများကို ပြုလုပ်စေခဲ့သည်။

မဟာမုနိကေလဇာတီစေတီဘုရားဝင်းအတွင်းတွင် နှစ်ကျိတ်ရှစ်ဆူသော ဘုရားရှင်မြတ်၏ဆင်းတုတော်များ သတင်းသုံးစံပယ်တော်မူလျှက်ရှိပေသည်။ ယင်း နှစ်ကျိတ်ရှစ်ဆူသော ဘုရားဆင်းတုတော်များသည် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလ တွင် မြို့တွင်းသို့ ဒေသစာရီကြွချီ၍ လှည့်လည်အပူဇော်ခံလေ့ရှိလေသည်။ နှစ်ကျိတ် ရှစ်ဆူ လှည့်လည်အပူဇော်ခံပွဲကို တောင်ငူမြို့တွင် ကြီးကျယ်ခန်းနားစွာ ပြုလုပ်လေ့ ရှိပေသည်။ ယင်းနှစ်ကျိတ်ရှစ်ဆူပူဇော်ခံပွဲကို အကြောင်းပြု၍လည်း ကေလဇာတီ ဘုရားကြီးသည် တောင်ငူဝန်းကျင်တလွှားတွင် အလွန်ထင်ရှားသည့် စေတီတစ်ဆူ ဖြစ်ပေသည်။

၁၉၉၂ ခုနှစ် ငလျင်ဒဏ်ကြောင့် ဘုရားကြီး၏ထီးတော်သည် မြေသို့ခခဲ့ပြီး လုံးဝပျက်စီးသွားခဲ့ရပေသည်။ ငှက်ပျောဖူးထိပ်မှစ၍ ပြိုကျပျက်စီးသွားခဲ့သည်။ ရွှေချထားသည့် ဖောင်းရစ်များမှာလည်း ကြေပျက်ကုန်ကြသည်။ ဖောင်းရစ်မှ တတိယ ပစ္စယံအထိ လေးဖက်လေးတန် အက်ကြောင်းကြီးများပေါ်ခဲ့သည်။ ပြန်လည်ပြုပြင် ပါက ကုန်ကြမည့်ကျပ်ငွေမှာ ၄၀၁၅၂၆ ကျပ်ဖြစ်ကြောင်း သက်ဆိုင်ရာအင်္ဂျင်နီယာများ တွက်ချက်ဖော်ပြချက်အရ သိရပေသည်။

 

 

 

       ရွှေဆံတော်စေတီသမိုင်းအကြောင်း

       မြန်မာသက္ကရာဇ်(၉၃၂)ခု ခရဇ်သက္ကရာဇ် (၁၅၇၀)တွင် ကေတုမတီပြည့်ရှင် ဘုရင် မင်းခေါင်သည် ရွှေဆံတော်စေတီကို တည်ထားကိုးကွယ်ခဲ့သည်။ မင်းခေါင်သည် မင်းရဲသင်္ခသူ(ခေါ်)မင်းကြီးဆွေ၏ သားတော်ဖြစ်၍ ဘုရင့်နောင်၏ ညီတော်အရင်းဖြစ် သည်။ သက္ကရာဇ်(၉၁၀)ခုနှစ်တွင် မင်းကြီးဆွေ၏အရိုက်အရာကို ဆက်ခံခဲ့၍ တောင်ငူ ဘုရင်ဖြစ်လာခဲ့သည်။ မြန်မာသက္ကရာဇ်(၉၃၄) ခရဇ်သက္ကရာဇ်(၁၅၇၂)တွင် အောက်ပစ္စယံ (၃)ဆင့်ပြီးမြောက်ခဲ့သည်။ (၉၃၅)ခု ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ဌာပနာတိုက်ကို ဖွင့်လှစ်ပေးထားခဲ့၍ ယင်းနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဌာပနာ တိုက်ကိုပိတ်ခဲ့သည်။ တပေါင်းလပြည့်နေ့တွင် ထီးတော်ကိုတင်လှူခဲ့သည်။ ပွဲလမ်း သဘင် ခြိမ့်ခြိမ့်သဲခံတော်မူခဲ့သည်။ ပြဿာဒ်ကျောင်းဆရာတော် အမှူးပြုသည့် သံဃာတော်အပါး(၁၀၀၀)တို့အား ဆွမ်း၊ သင်္ကန်းစသည့် ပူဇော်ဖွယ်ပစ္စည်းများကို ကပ်လှူပူဇော်၍ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေစက်သွန်းချတော်မူခဲ့သည်။

ဆံတော်ရှင်၏လုံးပတ်တော်မှာ သံတောင်(၁၅၄၀)ရှိ၍ ဉာဏ်တော်အမြင့်မှာ သံတောင်(၁၂၀)ရှည်သည်။ သံတောင် ၉ တောင်ရှိ စေတီရံအဆူ ၂၀ ရှိခဲ့သည်။ မဟာရံတံတိုင်း၏အမြင့်မှာ သံတောင် ၁၀ တောင်ရှိသည်။ အောက်ပန်းတင်ခုံမှာ အရှေ့မှအနောက်သို့ တာပေါင်း ၄၀ ရှိ၍ တောင်မှမြောက်သို့လည်း တာပေါင်း ၄၀ စီပင် ရှိသည် တာဝန်းသည် ၁၆၀၀ ရှိသည်။

ဘုရားကြီး၏ အနောက်မြောက်ဒေါင့်တွင် ဗောဓိညောင်ပင်ကိုစိုက်၍ ဘုရားကြီး ပတ်ဝန်းကျင်တွင် ချားယားပင်များကို စိုက်ခဲ့သည်။ ဘုရားကြီး၏ တနင်္ဂနွေ၊ အင်္ဂါ စနေနှင့် ရာဟုဒေါင့်လေးဒေါင့်တို့တွင် ရေတွင်းလေးတွင်းကို တူးခဲ့သည်။ ဘုရားကြီး ၏ လေးမျက်နှာမုခ်ဦးများ၌ ဇရပ်ကြီး ၄ ဆောင်ကို ဆောက်လုပ်ထားခဲ့သည်။ မြို့တော်အတွင် အရပ်လေးမျက်နှာ၌ ပြဿာဒ်ကျောင်းတော်ကြီး လေးဆောင်ကိုလည်း ဆောက်လုပ်၍လှူဒါန်းခဲ့သည်။

၁၂၉၃ ခု(၁၉၃၀)ခုတွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့ရသည် ယင်းသို့ပြိုပျက် သည့်အခါ စေတီတော်ကြီး၏အတွင်း၌ နံရံတံတိုင်းသုံးထပ်တွေ့ရှိရသည်။ ယင်းကို ထောက်ရှူ့ခြင်းဖြင့် ယခင်ကသုံးကြိမ်သုံးခါ မွန်းမံပြင်ဆင်ခဲ့ဘူးကြောင်း သိရပေသည်။ ဒုတိယကမ္ဘာစစ်အတွင်း တိုင်းပြည်အုပ်ချုပ်မှု ပျက်ပြားနေချိန်တွင် တရုတ်စစ်သည် များသည် ဘုရားကြီးကို မိုင်းဖြင့်ခွဲခဲ့ကြပြန်သည်။ ဘုရား၏ငှက်ပျောဖူးမှပြုတ်ကျကာ ဂျပန်ခေတ်တလျှောက်လုံး ပြုပြင်မွန်းမံမည့်သူ မရှိဘဲနေခဲ့ရသည်။

ဒုတိကမ္ဘာစစ်ပြီးဆုံးသွားပြီးနောက် နိုင်ငံတော်အစိုးရမင်းများနှင့် မြို့သူမြို့သား များ စေတနာဖြင့် ပြန်လည်ပြင်ဆင်မွန်းမံခဲ့ကြသည်။ သို့သော် ပြည်တွင်းသောင်းကျန်း မှုကြောင့် ကောင်းစွာဖွံ့ဖြိုးမှုကားမရှိခဲ့ပေ။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း သောင်းကျန်းမှု အတော်အတန် အေးချမ်းသွားသည့်အခါတွင်မှ ဘုရားကြီးကိုပြုပြင်ပြီး ထီးတော်ကိုတင်နိုင်ခဲ့ပါသည်။