Home / ပဲခူးမြို့နယ် / တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဇွန် ၅ (ပဲခူး)

====================

          ဇွန် (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူများအတွက် ဧကကွက်များ၊ ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ စျေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ သီးနှံအလိုက် အာမခံရရှိနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ပေါင်းစည်းလယ်ယာစနစ် ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေးနှင့် တောင်သူလယ်သမား တစ်ဦးချင်း ကိုယ်ပိုင်အရည်အသွေးမြင့်မားလာစေရန် ကဏ္ဍတစ်ခုခြင်းအလိုက် ဖြေရှင်း ဆောင်ရွက်ပေးရမည့် အချက်များအပေါ် ရှင်းလင်းမှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းအဖွဲ အတွင်းရေးမှူး ဝန်ကြီး ဦးအောင်ဇော်နိုင်က စိုက်ပျိုး သီးနှံများ အရည်အသွေးမြင့်မားစေရန်နှင့် စျေးကွက်ခိုင်မာမှုရရှိစေရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ၊ တက်ရောက်လာကြသော လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်ဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီးနောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

          အဆိုပါအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။