• ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ နှစ်သိမ့်အားပေးစကား ပြောကြားစဉ်

  • ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဒုက္ခသည်(၄)ဦးအား တစ်ဦးလျှင်ကျပ်(၂)သိန်းစီ ထောက်ပံ့ပေးအပ်စဉ်

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးညွန့်ရွှေက ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးပါ ပုံးတစ်လုံးအား ထောက်ပံ့ပေးအပ်စဉ်

  • သယံဇာတသစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံမှ လူသုံးကုန်ပစ္စည်း (၂၂)မျိုးပါ ကစ်(၁)ပုံးအား ထောက်ပံ့ပေးအပ်စဉ်

  • ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်ဆေးမှ လူသုံးကုန်ပစ္စည်း(၁၀)မျိုးပါ ကစ်(၁)ပုံးအား ထောက်ပံ့ပေးအပ်စဉ်

  • ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ မီဖိုချောင်သုံးပစ္စည်း(၁၀)မျိုးပါ ကစ်(၁)ပုံးအား ထောက်ပံ့ပေးအပ်စဉ်

  • ဒုက္ခသည်မိသားစုဝင်(၄)ဦးကိုယ်စား ဦးရဲနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားစဉ်

Home / ကဝမြို့နယ် / ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများ​ပေးအပ်ခြင်းအခမ်းအနား

ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများ​ပေးအပ်ခြင်းအခမ်းအနား

အောက်တိုဘာလ  ၂၈ (ပဲခူး)

————————-

IMG_4176

         (၂၈.၁၀.၂၀၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ထိုင်းနိုင်ငံဒုက္ခသည် စခန်းရှိ မိမိဆန္ဒအလျှောက် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများအနက် ပဲခူးတိုင်းဒေသကြီးမှ ဒုက္ခသည်(၄)ဦးအား ကြိုဆိုခြင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဦးရဲနိုင်ပါဒုက္ခသည်(၄)ဦးတို့ တက်ရောက်ခဲ့သည်။

          အခမ်းအနား၌ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွင်းမှ အခြားပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အလုပ်လုပ်ကိုင် နေကြသူများလည်းရှိကြောင်း၊ တစ်ချို့ကြတော့ တရားဝင် မဟုတ်တဲ့အတွက် ထိန်းသိမ်းရေးစခန်းများ၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေရကြောင်း၊ ဒါကလည်း ရေရှည်တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးခြင်းသည်လည်း မဖြစ်နိုင်ကြောင်း၊ ခဏတာအတွက်သာ အဆင်ပြေနိုင်ကြောင်း၊ ယခုလို မိမိတို့နေရပ်ဖြစ်သော ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ ပန်းပဲစုရပ်ကွက်သို့ ပြန်လည်ရောက်လာမှုကို ကြိုဆိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ လိုအပ်သည်များကို ကူညီပံ့ပိုးစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း၊ ယခုနေရပ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်၍ ဒုက္ခသည်ဟု ခံယူနေစရာမလိုဘဲ၊ အများသူငှာလို သွားလာလှုပ်ရှားပြီး မိမိတက်ကျွမ်းသည့် လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ရန်ဟု အားပေးစကား ပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မှတ်ပုံတင်၊ အိမ်ထောင်စု၊ သန်းခေါင်စာရင်း၊ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ ဒုက္ခသည်(၄)ဦးအတွက် တစ်ဦးလျှင်(၂)သိန်းနှုန်းဖြင့် မိသားစု(၄)ဦးအတွက် ငွေကျပ်(၈)သိန်း၊ ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးပါ ပုံးတစ်လုံး၊ လူသုံးကုန်ပစ္စည်း (၂၂)မျိုးပါ ကစ်(၁)ပုံး၊ လူသုံးကုန်ပစ္စည်း(၁၀)မျိုးပါ ကစ်(၁)ပုံး၊ မီဖိုချောင်သုံးပစ္စည်း(၁၀)မျိုးပါ ကစ်(၁)ပုံးတို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

Leave a Reply