Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဒုတိယအကြိမ် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး(ပထမ‌နေ့)သို့ ဝန်ကြီးချုပ် တက်ရောက်

ဒုတိယအကြိမ် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး(ပထမ‌နေ့)သို့ ဝန်ကြီးချုပ် တက်ရောက်

ဒီဇင်ဘာ ၁၂ (ပဲခူး)

=============================

1  2

ဒီဇင်ဘာလ(၁၂)ရက်‌နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော်ခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး(ပထမ‌နေ့) ကျင်းပပြုလုပ်ရာ တပ်မ‌တော်သား တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း(၃)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ‌ပေါ်တွင် လက်မှတ်‌ရေးထိုးခြင်း၊ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်၏ မိန့်ခွန်းနှင့်သဝဏ်လွှာများအား တိုင်း‌ဒေသကြီးလွှတ်‌တော်က မှတ်တမ်းတင်ခြင်း၊ ပဲခူးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိန့်ခွန်း‌ပြောကြားခြင်း၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်‌မောင်ရင်က မိန့်ခွန်း‌ပြောကြားခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ‌ရေးနှစ် ပဲခူးတိုင်း‌ဒေသကြီး၏ ဘဏ္ဍာ‌ငွေအရ/အသုံး ခန့်မှန်း‌ခြေ ‌ငွေစာရင်းအား တိုင်း‌ဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးညွှန့်‌ရွှေက တင်သွင်းခြင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာ‌ရေးနှစ် ပဲခူးတိုင်း‌ဒေသကြီး၏ ဘဏ္ဍာ‌ငွေ အရ/အသုံးခန့်မှန်း‌ခြေ‌ငွေစာရင်းနှင့်စပ်လျဉ်း၍ ‌ဆွေး‌နွေးရန်ရှိပါက လွှတ်‌တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းကြရန် လွှတ်‌တော်ဥက္ကဋ္ဌက‌ ကြေညာခြင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာ‌ရေးနှစ် ပဲခူးတိုင်း‌ဒေသကြီး ဘဏ္ဍာ‌ငွေအရ/အသုံး ခန့်မှန်း‌ခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ‌ငွေ‌ကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာနှင့် ဥပ‌ဒေဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာများကို ‌ကော်မတီများမှ ဖတ်ကြား ကြသည်။
ထို့‌နောက် ကြယ်ပွင့်ပြထားသည့် ‌မေးခွန်းများကိုတိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များက ‌မေးမြန်းခြင်းနှင့်သက်ဆိုင်ရာ တိုင်း‌ဒေသကြီးအဆင့်အစိုးရအဖွဲ့ဝင်များက ပြန်လည်‌ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး အစည်းအ‌ဝေးသို့ တက်‌ရောက်ခွင့်ရှိသူ လွှတ်‌တော် ကိုယ်စားလှယ်(၇၆)ဦးအနက်မှ (၆၉)ဦး တက်‌ရောက်ခဲ့သည်။

Leave a Reply