Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

အောက်တိုဘာ ၂၃ (ပဲခူး)
===================================

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေးအား အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၆၈)ဦးတက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိန့်ခွန်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသည့် မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားများကို ပြုလုပ်ကြရာ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားကြသည်။
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့တွင် မှတ်တမ်းတင်ခြင်း(၁)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု၊ အစီရင်ခံစာ(၁)နှင့် အဆိုတင်သွင်းခြင်း(၁)ခုတို့ ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးချုပ်၊ ဒုတိယဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။