Home / ပဲခူးမြို့နယ် / ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်မံရင်းနှီးမြှုပ်နှံရန် I-Land Park Myanmar Limited မှ လာရောက်တွေ့ဆုံ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်မံရင်းနှီးမြှုပ်နှံရန် I-Land Park Myanmar Limited မှ လာရောက်တွေ့ဆုံ

ဇန်နဝါရီ ၁၆ (ပဲခူး)

==================================

       ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထပ်မံရင်းနှီးမြှုပ်နှံရန် စင်္ကာပူနိုင်ငံအခြေစိုက် I-Land Park Myanmar Limited မှ CEO, Mr.Tam Chi Wah Terry ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံသည်။

          ရှေးဦးစွာ Mr.Tam Chi Wah Terry က ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး မြေဧရိယာ (၃၄-၅၂)ဧကအား စက်ရုံ/အလုပ်ရုံများ တည်ဆောက်နိုင်ရန်အတွက် ထပ်မံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့စက်ရုံသည် လူစွမ်းအားအရင်းအမြစ်အား အပြည့်အဝ အသုံးပြုသွားမည်ဖြစ်၍ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း တင်ပြဆွေနွေး ခဲ့သည်။

          ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်ဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကို ဖိတ်ခေါ်နေသလို ပြည်တွင်းလုပ်ငန်းရှင်များအား စက်မှု/လက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သလို ပတ်ဝန်းကျင်ဒေသများအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ကို ယုံကြည်ပါကြောင်း ပြန်လည်ပြော ကြားခဲ့သည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။