• ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေစဉ်

  • ၂၀၁၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားစဉ်

  • ၂၀၁၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဆုချီးမြှင့်စဉ်

  • ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်ဖြင့် တင်ဆက်စဉ်

နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

စက်တင်ဘာ ၈

စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက” မြန်မာ့ကျောင်း”သီချင်း၊ “ဒို့အင်ဒို့အား”သီချင်းနှင့်  “ပြည်သူခေါ်သောလမ်း” သီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးတာဝန်ခံဆရာမကြီး ဒေါ်မြင့်မြင့်သန်းက နိုင်ငံတကာစာတတ်မြောက်ရေးအခမ်းနားသို့ ပေးပို့သည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး ၂၀၁၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် စာစီစာကုံး၊ ပိုစတာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူများက “ပညာပြည့်စုံမြန်မာ့ဂုဏ်”၊ “လူတိုင်းအတွက်ပညာရေး”၊ “ဇာတိမာန်”သီးချင်းတို့ဖြင့် သရုပ်ဖော်တင်ဆက်ကြပြီး တက်ရောက်လာကြသူများက ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။