Home / ပဲခူးမြို့နယ် / နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေး

နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေး

ပဲခူး မေ ၃၀

=============================

          မေလ(၃၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေးပွဲ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က ပဲခူးမြို့၊ ဥဿာမြို့သစ် အမှတ်(၉)ရပ်ကွက်၊ အထူးဇုန်(၆)ရှိ မြေဧရိယာ(၂၈)ဧကပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ အဆိုပါမြေပေါ်တွင် တိုင်းဒေသကြီးအစိုးရမှ နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဖယ်ရှားရှင်းလင်းနိုင်ရေးကို ၂၀၁၇ ခုနှစ်၊ မေလ(၃၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ (၁)နှစ်ကြာမြင့်နေသည့်တိုင်အောင် ဖယ်ရှားရှင်းလင်းခြင်း မရှိသောကြောင့် အစိုးရမှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း အပြီးတိုင်ဖယ်ရှားပေးရန် ညွှန်ကြားလာသဖြင့် အဆိုပါမြေနေပေါ်တွင် နေထိုင်သော ကျူးကျော်(၁၇)ဦး၊ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့အား ဖယ်ရှားရှင်းလင်းပေးနိုင်ရန်နှင့် မဖယ်ရှားပါက ထိရောက်သော ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ တက်ရောက်လာကြသော သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကျူးကျော်ရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက တက်ရောက်လာကြသည့် ကျူးကျော်နေထိုင်သူ များအား ၎င်းပေါ်ဧရိယာပေါ်တွင် နိုင်ငံတော်မှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များပါ စာရွက်စာတမ်းများအား ဝေငှပေးခဲ့ကြောင်း သိရသည်။