Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

မေ (၁၆) နေပြည်တော်

===========

          မေလ (၁၆)ရက်နေ့၊  နံနက် (၉)နာရီအခွဲအချိန်၊ သစ်တောဦးစီးဌာန၊ အင်းကြင်းခန်းမ၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်သည်။

          အဆိုပါအစည်းအဝေးသည် ကမ်းရိုးတန်းဒေသ သယံဇာတများ စီမံခန့်ခွဲရာတွင် နိုင်ငံအဆင့် လွှမ်းခြုံအကျိုးသက်ရောက်မှုရှိသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရေး ဦးစီးဆောင်ရွက်ရန် ဆက်စပ်ပတ်သက်သည့်ဌာနများအကြား ထိရောက်စွာပူးပေါင်းဆောင်ရွက် နိုင်ရေးစေရန်နှင့် ကမ်းရိုးတန်းဒေသချင်း ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

          အစည်းအဝေးသို့ ဒုတိယသမ္မတ(၁)၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် လုပ်ငန်း/ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။