Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

အောက်တိုဘာ ၂၃ (နေပြည်တော်)
===========================

အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၉)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၉)၌ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (တတိယအကြိမ်) အစည်းအဝေး ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်များ၊ သံယဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင် ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တို့ တက်ရောက်ခဲ့သည်။
အခမ်းနား၌ အဏ္ဏဝါဂေဟေစနစ်၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်နိုင်ရေးနှင့် သစ်တောဂေဟစနစ် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် စီမံချက်တို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။