Home / ပန်းတောင်းမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

ပန်းတောင်းမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

 

ပန်းတောင်းမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

နိဒါန်း

ပန်းတောင်းမြို့

၁။      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်   ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ဌာနတစ်ခု ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဟူသော ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင်ဆောင်ရွက် လျက် ရှိပါသည်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရပြီး နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားချောမွေ့စွာ လည်ပတ်ရေးတွင်ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ ရည်မှန်း ချက် တာဝန် များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ်သောတာဝန်များနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့ များမှ ပေးအပ်သော  လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာ အချက်အလက်များပြုစုခြင်းဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုသကဲ့သို့ အကြီး အကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင် နယ်မြေ၏အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်သည်ပန်းတောင်း မြို့နယ် ၏ ဒေသဆိုင်ရာအချက်အလက် များ (၂၀၁၆ ခုနှစ်၊သြဂုတ်လကုန်ထိအခြေ အနေ) ကို သက်ဆိုင်ရာ ဌာနအသီးသီးမှ ပေးပို့သော ကိန်းဂဏန်း များနှင့် အညီ ပြုစု တင်ပြထားခြင်းဖြစ်ပါသည်။

တည်နေရာ နှင့်အကျယ်အဝန်း

၂။        ပန်းတောင်း မြို့နယ်သည် ‌မြောက်လတ္တီတွဒ်  ( ၁၈ ဒီဂရီ ၂၁ မိနစ်) နှင့် (၁၈  ဒီဂရီ ၅၉ မိနစ်) အကြား အရှေ့လောင်ဂျီတွဒ် (၉၄ ဒီဂရီ ၂၁ မိနစ်) နှင့် (၉၅ ဒီဂရီ ၁၁ မိနစ် ) အကြားတွင် တည်ရှိပါသည်။  အရှေ့မှအနောက်သို့ (၃၄) မိုင် နှင့် တောင်မှမြောက်သို့(၂၈.၄၇)မိုင် ရှည်လျားပါသည်။ ပန်းတောင်း မြို့နယ်နှင့်မြို့တို့၏ ဧရိယာစတုရန်းမိုင်မှာအောက်ပါ အတိုင်း ဖြစ်ပါ သည်-

စဉ် မြို့နယ် မြို့နယ်ခွဲ ဧရိယာ

စတုရန်းမိုင်

မြို့ ဧရိယာ

စတုရန်းမိုင်

ပန်းတောင်းမြို့နယ် ၉၆၈
ပန်းတောင်းမြို့ ၀.၆၆
ဥရှစ်ပင်မြို့ ၀.၄၂
မြို့နယ်ချုပ်   ၉၆၈   ၁.၀၈

 

နယ်နိမိတ်

၃။       အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင် မြို့နယ်၊ အနောက်ဘက် တွင် ရခိုင်ပြည်နယ်-တောင်ကုတ်မြို့နယ်၊ မြောက် ဘက်တွင်မကွေးတိုင်းဒေသကြီး-ကံမမြို့နယ်၊ တောင်ဘက်တွင် ဧရာဝတီ တိုင်းဒေသကြီး-ကြံခင်းမြို့နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ ပါသည်။ ပြည်မြို့မှ (၁၀)မိုင်၊ ရွှေတောင်မြို့မှ(၅)မိုင်၊ ကြံခင်းမြို့နယ်မှ (၂၉)မိုင်၊ ကံမမြို့မှ (၂၂)မိုင်နှင့် တောင်ကုတ်မြို့မှ(၉၃)မိုင်ကွာဝေး ပါသည်။

 

မြေမျက်နှာသွင်ပြင်

၄။ ပန်းတောင်းမြို့နယ်သည် အနောက်ဘက်တွင် ရခိုင်ရိုးမနှင့် ဆက်စပ် ၍ တောင်ကုန်း တောင်တန်းပေါများပြီး၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်ကမ်းထိ မြေပြန့်လွင်ပြင် အနည်းငယ် သာရှိ ပါသည်။

 

ရာသီဥတု

၅။      ပန်းတောင်းမြို့နယ်သည် မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး ၊အမြင့်ဆုံးအပူချိန်(၃၇-.C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၂၂ .C) ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက် ဖော်ပြ ပါအတိုင်း ဖြစ် ပါသည်-

စဉ် ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာရက် စုစုပေါင်း  မိုးရေချိန် (လက်မ) နွေရာသီ (.C) ဆောင်းရာသီ (.C)
အမြင့်ဆုံး အနိမ့်ဆုံး
၂၀၁၀ ၇၈ ၅၀.၄၂ ၃၇ C ၂၂ C
၂၀၁၁ ၉၈ ၆၃.၄၃ ၃၇ C ၂၂ C
၂၀၁၂ ၈၆ ၃၇.၁၅ ၃၇ C ၂၂ C
၂၀၁၃ ၈၉ ၅၆.၈၉ ၃၇ C ၂၂ C
၂၀၁၄ ၇၈ ၄၄.၄၉ ၃၇ C ၂၂ C
၂၀၁၅ ၇၄ ၄၂.၁၁ ၃၇ C ၂၂ C
၂၀၁၆ ၆၁ ၃၅.၁၁ ၃၇ C ၂၂ C

 

 

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၆။     ပန်းတောင်းမြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း  ဖြစ်ပါ သည်-

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
၄၀ ၂၀၈

 

အုပ်ချုပ်ရေးမှူးရုံးများ

၇။      ပန်းတောင်းမြို့နယ်၏မြို့နယ်၊မြို့နှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ်

အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ် ရုံး မြို့ရုံး ရပ်ကွက်ရုံး ကျေးရွာအုပ်စု

ရုံး

ဦးကျော်ဆွေ ၄၀

ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအင်အားစာရင်း

၈။      ပန်းတောင်းမြို့နယ်ရှိဌာနဆိုင်ရာများနှင့် ဝန်ထမ်းအင်အားစာရင်း အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ဌာနဆိုင်ရာအမည် ခွင့် ပြု ခန့်ထား လစ်လပ်
အရာရှိ အဆင့် အခြား အဆင့် ပေါင်း အရာရှိ အဆင့် အခြား အဆင့် ပေါင်း အရာ ရှိ အဆင့် အခြား အဆင့် ပေါင်း
မြို့နယ်ထွေ/အုပ်ဌာန ၉၆ ၉၈ ၈၆ ၈၈ ၁၀ ၁၀
မြို့နယ်တရားရုံး ၁၀ ၁၂ ၁၁
မြို့နယ်ဥပဒေရုံး
မြို့နယ်ကော်မရှင်ရုံး
မြို့နယ်စာရင်းစစ်ရုံး ၁၃ ၁၄ ၁၁ ၁၂
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၃၆ ၁၆၈ ၂၀၄ ၁၉ ၁၁၁ ၁၃၀ ၁၇ ၅၇ ၇၄
မီးသတ်ဦးစီးဌာန ၄၀ ၄၇ ၁၉ ၂၀ ၂၁ ၂၇
စည်ပင်သာယာရေးအဖွဲ့ ၇၈ ၈၀ ၂၃ ၂၅ ၅၅ ၅၅
ပြန်/ဆက်
၁၀ သမဝါယမဦးစီးဌာန ၃၈ ၄၂ ၁၂ ၃၀ ၃၀
၁၁ စိုက်ပျိုးရေးလုပ်ငန်း ၄၈ ၅၀ ၁၇ ၁၉ ၃၁ ၃၁
၁၂ မြေစာရင်းဦးစီးဌာန ၂၉ ၃၀ ၂၄ ၂၅
၁၃ တိ/မွေး/ကု
၁၄ ဆက်သွယ်ရေး
၁၅ ပတ်ဝန်းကျင်/သစ်တော ၄၅ ၄၆ ၂၈ ၂၉ ၁၇ ၁၇
၁၆ မြန်မာ့လျှပ်စစ်လုပ်ငန်း ၆၀ ၆၅ ၃၈ ၄၂ ၂၂ ၂၃
၁၇ လဝက ၁၄ ၁၅
၁၈ စက်မှုသီးနှံ ၂၂ ၂၄ ၁၅ ၁၇
၁၉ အား/ကာ
၂၀ ပညာရေး ၂၀ ၁၇၃၃ ၁၇၅၃ ၁၈ ၁၅၆၄ ၁၅၈၂ ၁၆၉ ၁၇၁
၂၁ ကျန်းမာရေး ၁၀ ၁၉၁ ၂၀၁ ၁၂၄ ၁၃၀ ၆၇ ၇၁
၂၂ တိုင်းရင်းဆေး
၂၃  ကျေးလက်ဖွံ့ဖြိုးရေး ၂၆ ၂၇ ၁၃ ၁၄ ၁၃ ၁၃
၂၄ မြန်မာ့စီးပွားရေးဘဏ် ၁၄ ၁၈ ၁၄ ၁၈
၂၅ ပြည်တွင်းအခွန်များ ၁၀
၂၆ စီမံကိန်း ၁၀
၂၇ လမ်းဦးစီး ၁၀ ၁၁ ၁၀ ၁၁
၂၈ ရထား ၁၄ ၁၄ ၁၄ ၁၄
၂၉ ဖွံ့ဖြိုးရေးဘဏ်
၃၀ လူမှုဖူလုံရေး ၂၇ ၂၉ ၁၁ ၁၃ ၁၆ ၁၆
၃၁ အမှတ်(၂၃)သစ်စက် ၁၀၆ ၁၀၈ ၅၂ ၅၃ ၅၄ ၅၅
၃၂ ကစစ(၁၂) ၈၁ ၁၄၈၅ ၁၅၆၆ ၅၃ ၁၀၄၀ ၁၀၉၃ ၂၈ ၄၄၅ ၄၇၃
၃၃ ကစစ(၁၆) ၇၃ ၁၁၂၁ ၁၁၉၄ ၃၁ ၉၀၂ ၉၃၃ ၄၂ ၂၁၉ ၂၆၁
၃၄ ကစစ(၂၃) ၅၂ ၇၀၂ ၇၅၄ ၂၅ ၃၆၆ ၃၉၁ ၂၇ ၃၃၆ ၃၆၃
၃၅ ဘက်ထရီစက်ရုံ(၂၄) ၆၉ ၇၁ ၆၉ ၇၁
၃၆ ကွန်ကရိဇလီဖားစက်ရုံ ၂၂ ၂၃ ၂၂ ၂၃
မြို့နယ်ချုပ် ၃၃၂ ၆၂၃၇ ၆၅၆၉ ၂၀၀ ၄၆၃၉ ၄၈၃၉ ၁၃၁ ၁၅၉၉ ၁၇၃၀

 

တရားစီရင်ရေး

၉။      ပန်းတောင်းမြို့နယ်၏၂၀၁၆-၂၀၁၇ ခုနှစ်၊ တရားစီရင်ရေး ဆောင်ရွက်မှု အခြေ အနေ မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)    အမှုကြီး(၁၀)မျိုးတွင် မုဒိန်းမှုဖြစ်ပွါးမှု(၁)မှုရှိခဲ့ပြီး၊ လက်ကျန်မှု(၁)မှုရှိပါသည်။

( ခ)    အခြားအမှု(၁၀)မျိုးတွင်ခိုးမှု(ရိုးရိုး)ဖြစ်ပွားမှု(၂)မှုရှိခဲ့ပြီး၊ လက်ကျန်မှု(၂)မှုရှိပါ သည်။ နာကျင်(ရိုးရိုး)ဖြစ်ပွားမှု(၁)မှုရှိခဲ့ပြီး၊ တရားစွဲဆိုမှု(၁)မှုရှိပါသည်။ နာကျင် (ယာဉ်)ဖြစ်ပွားမှု(၂၇)မှုရှိပြီး၊ တရားစွဲဆိုမှု(၈)မှုနှင့်လက်ကျန်(၁၉)မှုရှိပါသည်။

          ကျန်အခြားဖြစ်ပွားမှု(၄၅)မှုရှိပြီး၊ တရားစွဲဆိုမှု(၁၈)မှုနှင့်လက်ကျန်မှု(၂၇)မှုရှိပါ သည်။ စုစုပေါင်း ဖြစ်ပွားမှု(၇၅)မှုရှိပြီး၊ စွဲဆိုမှု(၂၇)မှုနှင့်လက်ကျန်မှု(၄၈)မှုရှိပါ သည်။

 ( ဂ)    ကြိုတင်ကာကွယ်မှု(၁၁)မျိုး တွင် လက်နက်ပုန်းဖြစ်ပွားမှု(၃)မှုရှိပြီး၊တရားစွဲဆိုမှု

           (၃)မှုရှိပါသည်။ လောင်းကစားဖြစ်ပွားမှု(၄)မှုရှိပြီး၊ တရားစွဲဆိုမှု(၂)မှုနှင့်   လက်

           ကျန်မှု(၂)မှုရှိပါသည်။ ကျင့်-၅၄/၅၅ ဖြစ်ပွားမှု(၄)မှုရှိပြီး၊ စွဲဆိုမှု(၂)မှု၊ ပိတ်သိမ်းမှု

          (၂)မှုရှိပါသည်။ ရဲအက် ဖြစ်ပွါးမှု(၆၉)မှု၊ တရားစွဲဆိုမှု(၆၉)မှုရှိပါသည်။ ယစ်မျိုးမှု

          ဖြစ်ပွားမှု(၁၄)မှုရှိပြီး၊ တရားစွဲဆိုမှု(၁၄)မှုရှိပါသည်။   မော်တော်ယာဉ်   ဖြစ်ပွားမှု

          (၈၁၈)မှုရှိပြီး၊ တရားစွဲဆိုမှု(၈၁၈)မှုဖြစ်ပါသည်။ စုစုပေါင်း(၉၁၂)မှုဖြစ်ပွားပြီး၊ တ

          ရားစွဲဆိုမှု(၉၀၈)မှု၊ ပိတ်သိမ်းမှု(၂)မှုနှင့်လက်ကျန်မှု(၂)မှုရှိပါသည်။

 

ကာကွယ်ရေးနှင့်လုံခြုံရေး

၁၀။    ပန်းတောင်းမြို့နယ်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဖြန့်ချထားရှိမှု အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)   တိုင်းစစ်ဌာနချုပ်/ တပ်မ/ တပ်ရင်း

စဉ် စစ်ဌာနချုပ်၊တပ်မ၊တပ်ရင်း တည်နေရာ
အမှတ်(၉၂)ခြေလျင်တပ်ရင်း တောင်ဘွေအုပ်စု

 

        ()    ရဲတပ်ဖွဲ့ တပ်ဖြန့်အင်အား         

စဉ် ရဲတပ်ရင်း/

ရဲတပ်ဖွဲ့အမည်

အဆင့် အင်အား
အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး (က) ၁၃ ၁၈
ပန်းတောင်းမြို့မရဲစခန်း (က) ၃၈ ၄၄
ဥရှစ်ပင်နယ်မြေရဲစခန်း (ခ) ၂၃ ၂၇
ထုံးဘိုနယ်မြေရဲစခန်း (ခ) ၂၈ ၃၁
နဝဒေးရဲကင်းရဲစခန်း ၁၃ ၁၄
ရွှေဘုံသာရဲကင်း
ညောင်ကျိုးရဲကင်း
သူရဲတန်းရဲကင်း
ကျီးပင်ရဲကင်း
စုစုပေါင်း   ၂၂ ၁၄၈ ၁၇၀

       

 ()   ရဲတပ်ဖွဲ့ နှင့် လူဦးရေအချိုး

               

စဉ် မြို့နယ်လူဦးရေ တပ်ဖွဲ့ဝင်ဦးရေ အချိုး
၁၄၆၄၆၉ ၁၇၀ ၁အချိုး၈၆၁

()   မီးသတ်အင်အားနှင့် မီးသတ်ယာဉ်

စဉ် စခန်းအရေအတွက် လူအင်အား စက်ကိရိယာအင်အား
သ န္ဓေအင်အား အရန်အင်အား စုစုပေါင်း မီးသတ်ယာဉ် ရေသယ်ယာဉ် အထောက် အကူပြု ယာဉ် အပေါ့စားစက်
၂၀ ၁၁၅၇ ၁၁၇၇ ၁၆ ၃၁

 

()    ပြည်သူ့စစ်အင်အား

စဉ် ပြည်သူ့စစ်

တပ်ဖွဲ့အင်အား

ခေါင်းဆောင်

အမည်

အင်

အား

မှတ်

ချက်

မရှိပါ။      

 

နယ်မြေအခြေအနေ

၁၁။    ပန်းတောင်းမြို့နယ်သည် အဖြူရောင် နယ်မြေဖြစ်ပြီး အေးချမ်း တည်ငြိမ်မှုရှိသည်။

ငြိမ်းချမ်းရေးအဖွဲ့အစည်းများ/ အကြမ်းဖက်သောင်းကျန်းသူများ

၁၂။    ပန်းတောင်းမြို့နယ်တွင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ/ အကြမ်းဖက် သောင်းကျန်းသူ များမရှိပါ။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ

၁၃။    ပန်းတောင်းမြို့နယ်၏ ၂၀၁၆-ခုနှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ ကျား(၅၀၈၇၀)ဦး မ(၅၆၂၁၃)ဦး၊ စုစုပေါင်း(၁၀၇၀၈၃)ဦးဖြစ်ပါသည်။

နိုင်ငံရေးပါတီများ

၁၄။    ပန်းတောင်းမြို့နယ်အတွင်း တည်ရှိသောနိုင်ငံရေးပါတီများမှာအောက်ပါအတိုင်းဖြစ်ပါ သည်-

          (က)    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

          ( ခ)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

          ( ဂ)    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

          (ဃ)    အရှိုချင်းအမျိုးသားပါတီ

          ( င)    အမျိုးသားတိုးတက်ရေးပါတီ

ရွေးချယ်ခံရသောလွှတ်တော်ကိုယ်စားလှယ်များ

၁၅။    အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် လွှတ်တော်ကိုယ်စား

လှယ်အမည်

ပါတီ/ တသီးပုဂ္ဂလ အမည် လွတ်တော်

အမည်

ဒေါ်ဇင်မိုးထိုက် အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်ပါတီ

တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် အမှတ်(၁)
ဒေါ်ပပဟန် အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်ပါတီ

တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ် အမှတ်(၂)
ဒေါ်ခင်နှင်းသစ် အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်ပါတီ

ပြည်သူ့လွှတ်တော်
ဒေါက်တာ၀င်းမြင့်ချစ် အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်ပါတီ

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၈)

လူဦးရေဆိုင်ရာအချက်အလက်များ

နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ

၁၆။    ပန်းတောင်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစု များမှာ  အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ် လူမျိုး နေထိုင်သည့်ဦးရေ မြို့နယ်လူဦးရေ မြို့နယ်လူဦးရေ၏

ရာခိုင်နှုန်း

ကချင်
ကယား
ကရင် ၃၁၃ ၀.၂၁
ချင်း ၁၁၃၅၉ ၇.၇၅
မွန်
ဗမာ ၁၃၃၈၁၇ ၉၁.၃၉
ရခိုင် ၃၇၀ ၀.၂၅
ရှမ်း ၁၄ ၀.၀၀၉
အခြား ၅၉၆ ၀.၄၀
မြို့နယ်ချုပ် ၁၄၆၄၆၉ ၁၄၆၄၆၉ ၁၀၀

 

အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံခြားသားများနေထိုင်မှု     

၁၇။    ပန်းတောင်းမြို့နယ်၏၂၀၁၆ခုနှစ် သြဂုတ်လကုန်အထိ လူဦးရေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)   အိမ်ခြေ/အိမ်ထောင်စု

        (၁)     မြို့                                          ၁

          (၂)     ရပ်ကွက်                                  ၈

          (၃)     ကျေးရွာအုပ်စု                          ၄၀

          (၄)     ကျေးရွာ                               ၂၀၈

          (၅)     အိမ်ခြေ                             ၃၇၀၅၃

          (၆)     အိမ်ထောင်စု                      ၃၃၈၂၆

 ()   လူဦးရေ

(၁)     (၁၈)နှစ်အထက်ကျား(၅၀၈၇၀)ဦး၊မ(၅၆၂၁၃)ဦး၊ပေါင်း(၁၀၇၀၈၃)ဦး

(၂)     (၁၈)နှစ်အောက်ကျား(၁၉၉၆၅)ဦး၊မ(၁၉၄၂၁)ဦး၊ပေါင်း(၃၉၃၈၆)ဦး

(၃)     စုစုပေါင်းလူဦးရေကျား(၇၀၈၃၅)ဦး၊မ(၇၅၆၃၄)ဦး၊ပေါင်း(၁၄၆၄၆၉)ဦး

( ဂ )  ကိုးကွယ်သည့်ဘာသာ

(၁)     ဗုဒ္ဓဘာသာ               ၁၄၁၆၉၆-ဦး

(၂)     ခရစ်ယာန်ဘာသာ         ၄၁၉၁-ဦး

(၃)     အစ္စလာမ်ဘာသာ            ၅၈၁-ဦး

(၄)     စုစုပေါင်း                 ၁၄၆၄၆၉-ဦး

          (ဃ)    နိုင်ငံခြားသားများနေထိုင်မှု      

(၁)     တရုတ်                                    ၃၈-ဦး

(၂)     အိန္ဒိယ                             ၆-ဦး

(၃)     အခြား                         ၅၅၂-ဦး


စီပွားရေးဆိုင်ရာအချက်အလက်

 

၁၈။    ပန်းတောင်းမြိုနယ်သည်ပဲခူးတိုင်းဒေသကြီးအတွင်းတည်ရှိပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသောမြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ပန်းတောင်းမြို့နယ်သည်ကုန်း လမ်းဆုံရာ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပဲမျိုးစုံဖြစ်ပြီးပြည်မြို့သို့ အများဆုံး တင်ပို့ ရောင်းချပါသည်။

မြေအသုံးချမှု

၁၉။    ပန်းတောင်းမြို့နယ်၏ မြေအမျိုးအစားအလိုက် အသုံးချ ထားသည့် ဧကအား အောက်ပါ အတိုင်းဖော်ပြအပ်ပါသည်-

စဉ် မြေအမျိုးအစား ဧရိယာ(ဧက)
အသားတင်စိုက်ပျိုးမြေဧရိယာပေါင်း ၇၁၇၀၉
 လယ်မြေဧရိယာ ၄၀၅၇၂
ယာမြေ ၂၃၈၉၃
ကိုင်း/ကျွန်းမြေ ၄၈၇၄
ဥယျာဉ်မြေ ၂၃၇၀
တောင်ယာမြေ
  မြေရိုင်း ၃၇၈၄၁
တောရိုင်း ၁၅၄၅၅
သစ်တောကြိုးဝိုင်း ၃၁၅၀၂၄
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၁၇၉၄၈၀
သတ္တုတွင်းမြေ
ကျွဲ/နွားစားကျက်မြေ ၂၁
မီးရထားလမ်းမြေ ၅၉၇
လမ်းမြေ ၂၀၇၈
ဆည်မြောင်း၊ကန်၊တာတမံမြေ ၄၅၉၃
မြစ်ချောင်းရေအောက်မြေ ၁၉၂၇၄
အင်းအိုင်မြေ ၁၃၂
စက်ရုံမြေ ၆၄၀၉၃
မြို့တွင်းနေထိုင်သည့်မြေ ၉၃၆
၁၀ ရွာမြေ ၇၀၇၅
၁၁ လေယာဉ်ပျံကွင်းမြေ
၁၂ သာသနာ/သုဿံ/အဆောက်အဦးမြေ ၉၅၀၇
၁၃ ကျန်အခြားမြေ ၇၁၁၇၄
မြို့နယ်ချုပ် ၆၁၉၅၀၉

ဆည်မြောင်းတာတမံများ

၂၀။    ပန်းတောင်းမြို့နယ်ရှိ ဆည်မြောင်းတာတမံများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    အစိုးရဆည်များ

                   (၁)     ညောင်ကိုင်းဆည်(မြေသားတမံ)

                   (၂)     ခဝါဆည်(မြေသားတမံ)

          ( ခ)    မြစ်ရေတင်စီမံကိန်းများ

                   (၁)     စမ်းပေါက်ချောင်းမြစ်ရေတင်

                   (၂)     ခတ္တိယမြစ်ရေတင်

                   (၃)     သရက်လိန်မြစ်ရေတင်

                   (၄)     သူရဲတန်းမြစ်ရေတင်

                   (၅)     ပျဉ်ကြီးမြစ်ရေတင်

                   (၆)     ထုံးဘိုမြစ်ရေတင်

စိုက်ပျိုးရေးလုပ်ငန်း

၂၁။    ပန်းတောင်းမြို့နယ်၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

          (က)   အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံ
အမည်
၂၀၁၅၂၀၁၆ လျာထားဧက  
စိုက် ရိတ် နှုန်း အထွက်

(တင်း)

 

စပါးပေါင်း နွေ ၁၀၅၀ ၁၀၅၀ ၁၀၅၀ ၈၂.၉၈ ၈၇၁၂၉
မိုး ၄၆၉၃၁ ၄၆၉၃၁ ၄၆၉၃၁ ၇၅.၇၂ ၃၅၅၃၄၂၉

 

မြေပဲ မိုး ၃၀၅၄ ၃၀၄၇ ၃၀၄၇ ၅၈.၇၁ ၁၇၈၈၈၉
ဆောင်း ၆၈၉၃ ၆၉၅၁ ၆၉၅၁ ၆၇.၅၈ ၄၆၉၇၇၆

 

နှမ်း မိုး ၁၂၄၅၁ ၁၂၀၀၉ ၁၂၀၀၉ ၁၁.၂၆ ၁၃၅၂၃၀
ဆောင်း ၃၁ ၃၁ ၃၁ ၁၀.၈၄ ၃၃၆
နေကြာ ၅၅ ၃၇ ၃၇ ၁၃.၅၉ ၅၀၃
မတ်ပဲ ၉၂၄၃ ၉၅၈၂ ၉၅၈၂ ၁၈.၈၂ ၁၈၀၃၆၆
ပဲတီစိမ်း မိုး ၁၄၂၆ ၁၄၂၆ ၁၄၂၆ ၁၅.၄၀ ၂၁၉၆၀
ဆောင်း ၅၅၉၁ ၅၄၈၄ ၅၄၈၄ ၁၅.၄၀ ၈၄၄၆၄
ပဲစင်းငုံ ၅၀၅၉ ၅၀၅၉ ၅၀၅၉ ၁၅.၆၁ ၇၈၉၇၈
ဝါ
ကြံ
၁၀ အစေ့ထုတ်ပြောင်း

(ခ)    နှစ်ရှည်သီးနှံစိုက်ပျိုးမှုအ‌ခြေအနေ

စဉ် သီးနှံအမည် စိုက် (ဧက) ရိတ် (ဧက) အထွက်နှုန်း  (ပိဿာ) အထွက်ပေါင်း (ပိဿာ)
သစ်စိမ့် ၁၃၅၀
ငရုတ်ကောင်း ၂၄ ၂၄ ၅၈.၄၆ ၁၄၀၃
ကွမ်းရွက် ၂၀၀ ၂၀၀ ၄၇၇၂.၉၃ ၉၅၄၅၈၇
ငှက်ပျော ၅၂၀ ၅၂၀ ၁၈၆၀.၂၈ ၉၆၇၃၄၈
အုန်း ၁၂၄ ၁၂၄ ၅၀၅၈.၁၃ ၆၂၇၂၀၈
ထန်း ၂၂၃
သစ်သီးဥယျာဉ် ၄၅၁၄
မြို့နယ် ချုပ် ၆၉၅၅ ၈၆၈

          ( ဂ)    လယ်ယာသုံးစက်ကိရိယာသုံးစွဲမှုအခြေအနေ။    အောက်ပါအတိုင်းဖြစ်ပါ

                   သည်-

                   (၁)     လယ်ထွန်စက်(ပုဂ္ဂလိက)                    ၂-စီး

                   (၂)     လက်တွန်းထွန်စက်(ပုဂ္ဂလိက)         ၆၅၃-စီး

                   (၃)     Combine Havester                        ၂-စီး

                   (၄)     ချွေလှေ့စက်                                 ၃၀၃-စီး

                   (၅)     ရေစုပ်စက်                                  ၁၉၅-လုံး

          (ဃ)    လယ်ယာသုံးထယ်၊ထွန်။    အောက်ပါအတိုင်းဖြစ်ပါသည်-

                   (၁)     ထယ်အရေအတွက်                       ၃၁၀၄၅-ခု

                   (၂)     ထွန်အရေအတွက်                         ၃၁၀၄၅-ခု

 

( င)    ဒေသတွင်း ဆန်ဖူလုံမှုရာခိုင်နှုန်း။    အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ် အကြောင်းအရာ ရေတွက်

ပုံ

၂၀၁၅၁၆ အမှန် ၂၀၁၆၁၇

လျာထား

မှတ်

ချက်

လူဦးရေ ဦး ၁၄၆၀၃၀ ၁၄၆၄၆၉
လူတစ်ဦးတစ်နှစ်စားသုံးမှု
-ကျေးလက်နေ တင်း ၁၁၉၃၁၇၅ ၁၉၁၉၂၉၅
-မြို့နေ တင်း ၂၂၁၈၂၀ ၂၂၂၁၉၂
ဝမ်းစာလိုအပ်ချက် တင်း ၂၁၃၄၉၉၅ ၂၁၄၁၄၈၇
စပါးစိုက်ဧကပေါင်း ဧက ၄၇၉၈၁ ၄၇၉၈၁
-အထွက်နှုန်း တင်း ၇၅.၉၅ ၇၅.၈၇
-အထွက်တင်း တင်း ၃၆၃၆၃၈၆ ၃၆၄၀၅၅၈
လာမည့်နှစ်စပါးစိုက် ဧက ဧက ၄၇၉၈၁ ၄၇၉၈၁
ချန်လှပ်ရမည့်တင်း တင်း ၉၅၉၆၂ ၉၅၉၆၂
အသုံးပြုတင်း တင်း ၂၃၇၄၉၀၀ ၂၃၈၁၃၉၂
ပိုလျှံမှု တင်း ၁၂၆၁၄၈၆ ၁၂၅၉၁၆၆
ဝမ်းစာကျန်ရှိမှု တင်း ၁၂၆၁၄၈၆ ၁၂၅၉၁၆၆
၁၀ ဖူလုံမှု % ၁၅၃.၁၂ ၁၅၂.၈၇

          ( စ)    ဒေသတွင်းဆီဖူလုံမှုရာခိုင်နှုန်း။     အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် အကြောင်းအရာ ရေတွက်

ပုံ

၂၀၁၅၁၆ အမှန် ၂၀၁၆၁၇

လျာထား

မှတ်

ချက်

လူဦးရေ ဦး ၁၄၆၀၃၀ ၁၄၆၄၆၉
လူတစ်ဦးတစ်နှစ်စားသုံးမှု ပိဿာ
ဝမ်းစာလိုအပ်ချက်  တန် ၁၄၃၀.၅၀ ၁၄၃၄.၈၀
ဆီထွက်ရှိမှု တင်း ၆၅၃၅၆၅ ၆၄၈၈၄၂
အလေအလွင့်နှင့် အခြား တင်း ၇၄၈၆၄ ၇၄၃၉၀
ချန်လှပ်ရမည့်တင်း တင်း ၆၁၂၅၆ ၆၁၅၀၂
အသုံးပြုမှု တင်း ၁၃၆၁၂၀ ၁၃၅၈၉၂
ပိုလျှံမှု တင်း ၅၁၇၄၄၅ ၅၁၂၉၅၀
ဖူလုံမှု ရာခိုင်နှုန်း ၂၀၆.၂၇ ၂၀၄.၃၉

မွေးမြူရေးလုပ်ငန်းများ

၂၂။     ပန်းတောင်းမြို့နယ်၏၂၀၁၆-၂၀၁၇ခုနှစ်၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေ အနေမှာ အောက်ပါ အ အတိုင်းဖြစ်ပါသည်-

          (က)    မွေးမြူရေး(ကောင်ရေ)

                   (၁)     ကျွဲ                                         ၂၂၀၈-ကောင်

                   (၂)     နွား                                       ၇၀၂၈၁-ကောင်

                   (၃)     ဝက်                                      ၁၆၆၃၈-ကောင်

                   (၄)     သိုး/ဆိတ်                                 ၃၂၁၆-ကောင်

                   (၅)     ကြက်                               ၁၄၈၅၇၈၅-ကောင်

                   (၆)     ဘဲ                                       ၂၁၇၆၀-ကောင်

          ( ခ)    အသားထုတ်လုပ်မှု(ပိဿာ)

                   (၁)     နွားသား                           ၁၀၇၀၁၅၅-ပိဿာ

                   (၂)     ဝက်သား                           ၁၈၂၈၈၁၉-ပိဿာ

                   (၃)     သိုး/ဆိတ်သား               ၂၁၄၉၅-ပိဿာ

                   (၄)     ကြက်သား                        ၅၅၀၃၃၅၆-ပိဿာ

                   (၅)     ဘဲသား                                ၁၉၈၅၄၉-ပိဿာ

          ( ဂ)    ကြက်/ဘဲ/ငုံးဥထုတ်လုပ်မှု(လုံး)

                   (၁)     ကြက်ဥ                             ၅၉၇၁၆၀၃၉-လုံး

                   (၂)     ဘဲဥ                                   ၁၆၈၈၇၈၉-လုံး

          (ဃ)    နို့ထွက်ပစ္စည်းထုတ်လုပ်မှု

                   (၁)     နို့စားနွား(ကောင်ရေ)                 ၁၃၄-ကောင်

                   (၂)     နို့ထွက်(ပိဿာ)                  ၁၉၂၉၆၀-ပိဿာ

စက်မှုလက်မှုလုပ်ငန်း

၂၃။    ပန်းတောင်းမြို့နယ်၏ စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေမှာအောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    စက်ရုံအလုပ်ရုံများ။    ပန်းတောင်းမြို့နယ်အတွင်း နိုင်ငံပိုင်စက်ရုံ(၅)ရုံရှိပြီး၊ လုပ်သားအင်အားမှာ(၁၄၁၁)ဦးဖြစ်ပါသည်။

( ခ)    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ။            ပန်းတောင်းမြို့နယ်အတွင်းအိမ်သုံးစက်မှု လက်မှုလုပ်ငန်းအမျိုးအစား(၉)ခုမှအရေအတွက်(၃၃၀)ခုတွင်လုပ်သားအင်အား (၃၇၉)ဦးဖြင့်ဆောင်ရွက်လျှက်ရှိပါသည်။

သစ်တောလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

၂၄။    ပန်းတောင်းမြို့နယ်၏ သစ်တောလုပ်ငန်းနှင့်ပတ်သက်သော အချက်အလက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    သစ်တောများ။        သစ်တောကြိုးဝိုင်းဧရိယာ(၃၁၅၀၀၁.၆၁)ဧကတွင် ကျွန်း၊ ပျဉ်းကတိုး၊ ဘင်္ဂ၊ ရုံး၊ နဘဲ၊ ချဉ်ယုတ်၊ သစ်ဖြူ၊ သစ်မကျီး၊ သက်ရင်းကြီး၊ ပဲ့ပြား၊ ဒီဒူး၊ ပျဉ်းမ၊ သစ်စိမ့်၊ ဇောင်းပုလွေး၊ မဒမ၊ မှတ်ကျောက်၊ သစ်ပုဂံ၊ မျောက်ချော ပင်များပေါက်ပေါက်ပါသည်။ ကြိုးပြင်တောဧရိယာ(၂၅၉၄၅၆)ဧကရှိသဖြင့် စုစု

          ပေါင်းသစ်တောဧရိယာ(၅၇၄၄၅၇.၆၁)ဧကဖြစ်ပါသည်။

( ခ)    စီးပွားဖြစ်သစ်တောစိုက်ခင်း။       စီးပွားဖြစ်သစ်တောစိုက်ခင်းအဖြစ် နိုင်ငံပိုင် စိုက်ခင်း(၂၀၀)ဧကအား သံလယ်ကြီး(၂)ကြိုးဝိုင်းတွင် ကျွန်း(၁၀၈၀၀၀)ပင်စိုက် ပျိုးထားရှိပါသည်။

 

စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ

၂၅။    ပန်းတောင်းမြို့နယ်၏ စွမ်းအင်/လျှပ်စစ်နှင့်ပတ်သက်သောအချက်အလက်များမှာအောက် ပါအတိုင်းဖြစ်ပါသည်-

(က)    ဓါတ်ဆီ/ဒီဇယ်အရောင်းဆိုင်။               ပန်းတောင်းမြို့နယ်အတွင်း ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင်(၉)ဆိုင်ရှိပြီး၊ တစ်နှစ်လျှင် ဓါတ်ဆီ(၃၀၈၀)ဂါလံ၊ ဒီဇယ်(၁၆၀၂) ဂါလံ၊ စုစုပေါင်း(၄၆၈၂)ဂါလံ ရောင်းချနိုင်ခဲ့ပါသည်။

( ခ)    ဓါတ်အားခွဲရုံ။                  ပန်းတောင်းမြို့နယ်အတွင်း နိုင်ငံပိုင် ဓါတ်အားခွဲရုံ(၇)ရုံရှိ ပြီး ရရှိဖြန့်ဖြူးသည့်ဓါတ်အား(KW ) (၁၅၆၀၀၀)ရရှိဖြန့်ဖြူးနိုင်ခဲ့ပါသည်။

( ဂ)    ထရန်စဖော်မာ။       ပန်းတောင်းမြို့နယ်အတွင်း 11/0.4 KVA ထရန်စဖော်မာ (၈၉)လုံးဖြင့် (၁၅၆၀၀၀)ကီလိုဝပ် ဓါတ်အားဖြန့်ဖြူးနိုင်ပါသည်။

(ဃ)    လျှပ်စစ်ဓါတ်အားသုံးစွဲမှု။      ပန်းတောင်းမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲမှုပမာဏ(၁၅၆၀၀၀) KW ဖြစ်ပြီး လိုအပ်မှုနှင့်ပိုလျှံမှုမရှိပါ။

ဆက်သွယ်ရေး

၂၆။    ပန်းတောင်းမြို့နယ်၏ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    စာတိုက်၊ကြေးနန်း၊တယ်လီဖုန်း၊အင်တာနက်။   အောက်ပါအတိုင်းဖြစ်ပါသည်-

                   (၁)     စာတိုက်                                      ၆-ခု

                   (၂)     ကြေးနန်းရုံး                                 ၅-ခု

                   (၃)     အော်တိုဖုန်း                             ၈၄၉-လုံး

                   (၄)     IP star                                       ၁-ခု

                   (၅)     Cord less                                   ၆-ခု

                   (၆)     Mobile                              ၁၈၇၃၂

                   (၇)     လက်လှည့်ဖုန်း                             ၂-လုံး

                   (၈)     အင်တာနက်အသုံးပြုသူဦးရေ  ၁၁၁၃၀-ဦး

ပန်းတောင်းမြို့နယ်အတွင်း လူဦးရေ(၁၄၆၄၆၉)ဦးရှိရာဖုန်း(၁၉၅၉၀)လုံး အသုံးပြုလျက်ရှိသဖြင့် ဖုန်းသုံးစွဲမှုရာခိုင်နှုန်းမှာ(၁၃.၃၇)ဖြစ်ပါသည်။

( ခ)    ရုပ်သံလွှင့်ရုံ/ထပ်ဆင့်လွှင့်ရုံ။                 ပန်းတောင်းမြို့နယ်အတွင်း မိုက်ခရိုဝေ့(ဖ်) စခန်း(၁)ခုရှိပါသည်။

 

ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း

၂၇။    ပန်းတောင်းမြို့နယ်၏ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သက် သော အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ရေကြောင်းလမ်း။     ပန်းတောင်းမြို့နယ်၏ ဧရာဝတီမြစ်အရှည်ရေမိုင်မှာ (၃၂.၅)မိုင်ရှည်ပြီး၊ အခြားဆိပ်ကမ်းအရေအတွက်မျာ(၄)ခုရှိပါသည်။

( ခ)    ရထားလမ်းနှင့်ဘူတာရုံများ။                 ပန်းတောင်းမြို့နယ်အတွင်း ကြံခင်း-ကံမ ရထားလမ်းသည်ကျီးတောအုပ်စုမှရွာသာယာအုပ်စုအထိအရှည်(၄၂)မိုင်ရှည်လျား ပြီးဘူတာကြီး(၁)ခု၊ ဘူတာသေး(၆)ခုရှိပါသည်။

( ဂ)    ကားဂိတ်များ။                 ပန်းတောင်းမြို့နယ်အတွင်း ပြေးဆွဲသည့်ခရီးစဉ်(၁၁)ခုတွင် ယာဉ်စီးရေ(၈၂)စီးဖြင့် ဥရှစ်ပင်ကားဂိတ်ကိုမူတည်၍ပြေးဆွဲကြပါသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းများ

၂၈။    ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

 (က)  ကားလမ်း   

စဉ် ကားလမ်းအမည် မြို့နယ်အတွင်း အရှည်မိုင်
မှ ထိ
ပန်းတောင်း-တောင်ကုတ် ၀/၀ ၄၆/၇ ၄၆/၇
ကံမ-ပြည် ၁၅/၄ ၂၄/၀ ၈/၄
ပုသိမ်-မုံရွာ ၁၃၅/၅ ၁၇၉/၁ ၄၃/၄
နဝဒေးတံတားလမ်း ၀/၀ ၁၂/၁ ၁၂/၁
မြို့နယ်ချုပ်     ၁၁၁

(ခ)     မြို့နယ်ချင်းဆက်လမ်းများ

                စဉ် လမ်းအမည် အရှည် (မိုင်ဖာလုံ) အမျိုးအစား မှတ် ချက်
ကတ္တရာ ကျောက်ချော အမာခံ လမ်း
ပန်းတောင်း-တောင်ကုတ် ၄၆/၇
ပုသိမ်-မုံရွာ ၄၃/၄
ကံမ-ပြည် ၈/၄
နဝဒေးတံတားလမ်း ၁၂/၁
မြို့နယ်ချုပ် ၁၁၁

 

          ( ဂ)    တံတားများ

(၁)     ပေ(၁၈၀)အထက်တံတားများမှာ ပုသိမ်-မုံရွာလမ်းတွင် သံကူကွန်ကရိ တံတား(၃)စင်း၊ ပန်းတောင်း-တောင်ကုတ်လမ်းတွင်သံကူကွန်ကရိတံတား (၂)စင်း၊ စုစုပေါင်း(၅)စင်းရှိပါသည်။

(၂)     ပေ(၁၈၀)အောက်တံတားများမှာ သံကူကွန်ကရိတံတား(၉)စင်း၊ ဘေလီ တံတား(၁)စင်း၊ သံဘောင်တံတား(၁)စင်း၊ စုစုပေါင်း(၁၁)စင်းရှိပါသည်။

          ပေ(၅၀)အောက်တံတား(၃၂၉)စင်းရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း

၂၉။    ပန်းတောင်းမြို့နယ်တွင် တည်းခိုခန်း(၄)ခန်းရှိပါသည်။

သမဝါယမအသင်းများ

၃၀။    ပန်းတောင်းမြို့နယ်တွင်သမဝါယမအသင်းပေါင်း(၁၄၆)သင်း နှင့် သမဝါယမအသင်းစု (၁)ခုရှိပါသည်။

စီးပွားရေးဆိုင်ရာအခြေခံအဆောက်အဦများ

၃၁။    ပန်းတောင်းမြိုနယ်တွင်ရှိသောစီးပွားရေးဆိုင်ရာအခြေခံအဆောက်အဦးများမှာအောက်ပါ အတိုင်းဖြစ်ပါသည်-

          (က)    ပွဲရုံများ

                   (၁)     ဆန်ပွဲရုံ                             ၁၃-ရုံ

                   (၂)     ပဲ/နှမ်းပွဲရုံ                          ၈-ရုံ

                             ပေါင်း                               ၂၁-ရုံ

( ခ)   ဈေးများ             

စဉ် ဈေးအမည် တည်နေရာ မှတ်ချက်(ဆိုင်ခန်း)
မြို့မစျေး ပန်းတောင်း ၄၃
ဆင်တဲစျေး ဆင်တဲ ၈၄
ဥရှစ်ပင်စျေး ဥရှစ်ပင်မြို့ ၃၄၈
ထုံးဘိုစျေး ထုံးဘို ၁၃၃
မြို့နယ်ချုပ် ၆၀၈

 

( ဂ)    ဘဏ်များ။      ပန်းတောင်းမြို့နယ်အတွင်း အစိုးရပိုင်ဘဏ်(၁)ခု၊ ပုဂ္ဂလိကပိုင် ဘဏ်(၁)ခု၊ စုစုပေါင်း(၂)ခုရှိပါသည်။

(ဃ)    စတိုးဆိုင်နှင့်အရောင်းဆိုင်များ။    ပန်းတောင်းမြို့နယ်အတွင်း စတိုးဆိုင်နှင့် အ

          ရောင်းဆိုင်(၁၆၃)ဆိုင်ရှိပါသည်။

စည်ပင်သာယာရေးလုပ်ငန်းများ

၃၂။      ပန်းတောင်းမြို့နယ်၏စည်ပင်သာယာရေးလုပ်ငန်းများမှာ  အောက် ပါအတိုင်းဖြစ် ပါ သည်−

(က)   ဈေးလုပ်ငန်း

စဉ် စျေးအမည် ဆိုင်ခန်းအရေ

အတွက်

နိုင်ငံပိုင် ပုဂ္ဂလိကပိုင် တည်နေရာ
မြို့မစျေး ၄၃ နိုင်ငံပိုင် ပန်းတောင်း
ဆင်တဲစျေး ၇၉ နိုင်ငံပိုင် ဆင်တဲ
ဥရှစ်ပင်စျေး ၃၆၉ နိုင်ငံပိုင် ဥရှစ်ပင်
ထုံးဘိုစျေး ၁၁၇ နိုင်ငံပိုင် ထုံးဘို
  မြို့နယ်ချုပ် ၆၀၈

          ( ခ)    သောက်သုံးရေရရှိရေးလုပ်ငန်း။   ပန်းတောင်းမြို့နယ်အတွင်း သောက်သုံးရေ

                   ရရှိရေးအတွက် တစ်ရက်(၆၀၀၀၀)ဂါလံထုတ်လုပ်၍ အိမ်ခြေ(၉၀၀)သို့ဖြန့်ဖြူးနိုင်

                   ခဲ့ပါသည်။

( ဂ)    သန့်ရှင်းရေးလုပ်ငန်း။       ပန်းတောင်းမြို့နယ်အတွင်း သန့်ရှင်းရေး  ယာဉ် (၂)စီး၊ ရေစုပ်စက်(၂)စီးဖြင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိပါ သည်။

(ဃ)    လမ်း/တံတားလုပ်ငန်း

          (၁)     လမ်းလုပ်ငန်း။        ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ

ဆောင်ရွက်သည့်လမ်းပေါင်း(၈၃)လမ်း၊ လမ်းအရှည် ၂၇/၇.၁၈ မိုင် ရှိရာ ကတ္တရာလမ်း(၂၄)လမ်း၊ ၅/၅.၅၁ မိုင်၊ ကျောက်ခင်းလမ်း (၂၇)လမ်း၊ ၄/၁.၄၃ မိုင်၊ မြေသားလမ်း(၃၂)လမ်း ၁၅/၁.၀၄ မိုင် ဆောင်ရွက်ပေးခဲ့ပါ

သည်။

(၂)     တံတားလုပ်ငန်း။     ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်တံတား(၃၂)စင်း၊ ရေပြွန်(၂၀)စင်း၊ စုစုပေါင်း(၅၂)စင်းဆောင် ရွက်ပေးနိုင်ခဲ့ပါသည်.

(၃)     လမ်းတံတားသုံးစက်ကရိယာများ။          ပန်းတောင်းမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တွင် မြေကြိတ်စက်(၁)စင်း ဖြင့်ဆောင်ရွက် လျှက်ရှိပါသည်။

ပုံနှိပ်လုပ်ငန်းနှင့်မီဒီယာလုပ်ငန်းများ

၃၃။    ပန်းတောင်းမြို့နယ်တွင်ရှိသော ပုံနှိပ်တိုက်နှင့် မီဒီယာလုပ်ငန်းများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ပုံနှိပ်လုပ်ငန်းနှင့်တေးသံသွင်း၊ဗီဒီယို။      ပန်းတောင်းမြို့နယ်အတွင်း ကွန်ပျူတာ(၁၂)ဆိုင်၊ မိတ္တူ(၄)ဆိုင် မှတ်ပုံတင်ထားရှိ ပါသည်။

( ခ)    မီဒီယာလုပ်ငန်းများ။            ပန်းတောင်းမြို့နယ်အတွင်း ပြန်ကြားရေးဝန်ကြီး ဌာန မှ ထုတ်ဝေသည့်သတင်းစာ/ဂျာနယ် (၃)မျိုး အားဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး

၃၄။    ပန်းတောင်း မြို့နယ်၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်  ဝန်ဆောင်မှုတန်ဖိုးကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

          ကျပ်သန်းပေါင်း

စဉ် အကြောင်း အရာ ၂၀၁၅၂၀၁၆ အသားတင် ထုတ်လုပ်မှု တန်ဖိုး ၂၀၁၆၂၀၁၇
ရည်မှန်းချက် တန်ဖိုး
၂၀၁၆၂၀၁၇ခုနှစ် ဆောင်ရွက်နိုင်မှု
တန်ဖိုး အကောင်

အထည်

ဖော်နိုင်မှု

 

တိုး

တက်မှု

%

မှု%

ထုတ်လုပ်မှုတန်ဖိုး ၄၆၇၃.၅ ၈၇၈၉၈.၅ ၄၉၇၃.၁ ၅.၇ ၆.၄
ဝန်ဆောင်မှု ၅၀၇၈.၅ ၂၈၃၂၈.၂ ၆၀၉၇.၃ ၂၁.၅ ၂၀.၁
ကုန်သွယ်မှုတန်ဖိုး ၁၁၇၆.၄ ၂၄၃၃၃.၉ ၁၂၀၈.၈ ၅.၀ ၂.၈
အသားတင်ထုတ်

လုပ်မှုနှင့်ဝန်ဆောင်

မှုတန်ဖိုး

၁၀၉၂၈.၄ ၁၄၀၅၆၀.၈ ၁၂၂၇၉.၂ ၈.၇ ၁၂.၄

 

တစ်ဦးချင်းဝင်ငွေ

၃၅။    ပန်းတောင်းမြို့နယ်၏တစ်ဦးချင်း၀င်ငွေကိုအောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

          (က)    ၂၀၁၂-၂၀၁၃ ခုနှစ်                        ၇၈၉၂၃၅

          ( ခ)    ၂၀၁၃-၂၀၁၄ ခုနှစ်                        ၇၉၅၃၅၂

          ( ဂ)    ၂၀၁၄-၂၀၁၅ ခုနှစ်                        ၈၇၅၂၀၄

          (ဃ)    ၂၀၁၅-၂၀၁၆ ခုနှစ်                        ၉၇၀၅၁၄

လူမှုရေးဆိုင်ရာအချက်အလက်များ

ပညာရေးကဏ္ဍ

၃၆။    ပန်းတောင်း မြို့နယ်တွင်ရှိသော ပညာရေးဆိုင်ရာအချက် အလက် များမှာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

          (က)    အခြေခံပညာ

                   (၁)     အထကကျောင်းများ                         ၇-ကျောင်း

                             ဆရာ/မဦးရေ                               ၂၇၉-ဦး

                             ကျောင်းသား/သူဦးရေ                   ၆၂၂၆-ဦး

                             ဆရာနှင့်ကျောင်းသားအချိုး            ၁အချိုး၂၃

                   (၂)     အလကကျောင်းများ                          ၉-ကျောင်း

                             ဆရာ/မဦးရေ                                 ၂၀၃-ဦး

                             ကျောင်းသား/သူဦးရေ                   ၃၀၃၈-ဦး

                             ဆရာနှင့်ကျောင်းသားအချိုး            ၁အချိုး၁၅

                   (၃)     အမကကျောင်းများ                         ၇၅-ကျောင်း

                             ဆရာ/မဦးရေ                               ၃၄၂-ဦး

                             ကျောင်းသား/သူဦးရေ                   ၂၉၁၅-ဦး

                             ဆရာနှင့်ကျောင်းသားအချိုး            ၁အချိုး၁၈

                   (၄)     မူလတန်းကြိုကျောင်း                       ၈၁-ကျောင်း

                             ဆရာ/မဦးရေ                                  ၈၁-ဦး

                             ကျောင်းသား/သူဦးရေ                   ၆၉၉-ဦး

                             ဆရာနှင့်ကျောင်းသားအချိုး            ၁အချိုး၁၃

 

          ( ခ)    ဘုန်းတော်ကြီးသင်ပညာရေးကျောင်း    ၅-ကျောင်း

                   ဆရာ/မဦးရေ                                        ၁၄-ဦး

                   ကျောင်းသား/ဦးရေ                                ၃၆၆-ဦး

          ( ဂ)    ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နှံမှု

                   ကျား                                                   ၁၃၄၆-ဦး

                   မ                                                        ၁၀၂၉-ဦး

                   ပေါင်း                                                  ၂၃၇၅-ဦး

          (ဃ)    တက္ကသိုလ်ဝင်တန်းအောင်မြင်မှု(၂၀၁၅-၂၀၁၆)

                   (၁)     စာရင်းရှိ                                     ၁၇၄၅-ဦး

                   (၂)     ဖြေဆို                                        ၁၆၃၆-ဦး

                   (၃)     အောင်မြင်                                   ၅၃၅-ဦး

                   (၄)     ရာခိုင်နှုန်း                                   ၃၂.၇၀

          ( င)    စာတတ်မြောက်မှုနှုန်း

                   (၁)     (၁၅)နှစ်အထက်လူဦးရေ                ၁၁၁၄၈၃-ဦး

                   (၂)     စာတတ်မြောက်ဦးရေ                    ၁၃၀၄၅၁-ဦး

                   (၃)     စာတတ်မြောက်မှုနှုန်း                    ၈၉.၃၃

          ( စ)    စာကြည့်တိုက်များဖွင့်လှစ်နိုင်မှု

                   (၁)     အုပ်ချုပ်ရေး                                ၁-ခု

                   (၂)     ပညာရေး                                    ၉-ခု

                   (၃)     ပြန်ဆက်                                    ၁၉-ခု

                             စုစုပေါင်း                                    ၂၉-ခု

ကျန်းမာရေးကဏ္ဍ

၃၇။    ပန်းတောင်း မြို့နယ်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက် အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

          (က)   ဆေးရုံများ

စဉ် ဆေးရုံအမည် အစိုးရ/ပုဂ္ဂလိက ကုတင်အရေအတွက်
 မြို့နယ်ဆေးရုံ(ပန်းတောင်း) အစိုးရ ၂၅
 တိုက်နယ်ဆေးရုံ(ဥရှစ်ပင်) အစိုးရ ၁၆
 တိုက်နယ်ဆေးရုံ(ထုံးဘို) အစိုးရ ၁၆
 တိုက်နယ်ဆေးရုံ(ဇရပ်လှ) အစိုးရ ၁၆
မြို့နယ်ချုပ် ၇၃

 

()   ဆေးပေးခန်းများ

စဉ် ဆေးပေးခန်း အမည်  အစိုးရ/

ပုဂ္ဂလိက

ကုသသည့် ရောဂါအမျိုးအစား
ငှက်ဖျားရောဂါတိုက်ဖျက်ရေး

ဆေးပေးခန်း

အစိုးရ ငှက်ဖျားရောဂါ
ဒေါက်တာမောင်မောင် ပုဂ္ဂလိက အထွေထွေရောဂါ
ဒေါက်တာမြင့်ချို ပုဂ္ဂလိက အထွေထွေရောဂါ
ဒေါက်တာကျော်မိုး ပုဂ္ဂလိက အထွေထွေရောဂါ
ဒေါက်တာဇော်မြတ်ထွန်း ပုဂ္ဂလိက အထွေထွေရောဂါ
မြို့နယ်ချုပ် ၁/၄

 

()    ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ

စဉ် ကျေးလက်ကျန်းမာရေး ဌာနအမည် ကျေးလက်ကျန်းမာရေး ဌာနခွဲအမည် မှတ်

ချက်

ဇရပ်လှကျန်းမာရေးဌာန လယ်တီ ကျန်းမာရေးဌာနခွဲ  
    ကျွဲရဲကျန်းမာရေးဌာနခွဲ  
    သံလယ်ကြီးကျန်းမာရေးဌာနခွဲ  
    ကျီးပင် ကျန်းမာရေးဌာနခွဲ  
    ငှက်ဝ ကျန်းမာရေးဌာနခွဲ  
ထုံးဘိုကျန်းမာရေးဌာန သူရဲတန်း ကျန်းမာရေးဌာနခွဲ  
    ပဲကြီး ကျန်းမာရေးဌာနခွဲ  
    မသုံ ကျန်းမာရေးဌာနခွဲ  
    ကျီးတော ကျန်းမာရေးဌာနခွဲ  
    ကျားအို ကျန်းမာရေးဌာနခွဲ  
    ထိပ်ပေါက်ကျန်းမာရေးဌာနခွဲ  
ဒေါင်းမြတ်နားကျန်းမာရေးဌာန ရွာသာယာကျန်းမာရေးဌာနခွဲ  
    ခတ္တိယ ကျန်းမာရေးဌာနခွဲ  
    နတ်မောက်ကျန်းမာရေးဌာနခွဲ  
    ဒန့်ဒလွန် ကျန်းမာရေးဌာနခွဲ  
    စွယ်တော် ကျန်းမာရေးဌာနခွဲ  
ဥရှစ်ပင်ကျန်းမာရေးဌာန မကျီးထုံး ကျန်းမာရေးဌာနခွဲ  
    ပဲကြီးအင်း ကျန်းမာရေးဌာနခွဲ  
    ကြိုးကြာ ကျန်းမာရေးဌာနခွဲ  
    ကျောက်ဖူး ကျန်းမာရေးဌာနခွဲ  
    ကျွန်းမီး ကျန်းမာရေးဌာနခွဲ  
ညောင်ကျိုးကျန်းမာရေးဌာန ညောင်ခြေထောက်ကျန်းမာရေးဌာနခွဲ  
    ဆင်လန်ကျန်းမာရေးဌာနခွဲ  
    ပုဂံကွဲကျန်းမာရေးဌာနခွဲ  
    ရပ်သာ ကျန်းမာရေးဌာနခွဲ  
  ၂၅  

 

       (ဃ)   ကျန်းမာရေးစောင့်ရှောက်မှု

                (၁)    ဆရာဝန်ဦးရေ                                       ၆-ဦး

                (၂)    ဆရာဝန်နှင့်လူဦးရေအချိုး                        ၁အချိုး၂၄၁၁

                (၃)    သူနာပြုဦးရေ                                        ၂၁-ဦး

                (၄)    သူနာပြုနှင့်လူဦးရေအချိုး                 ၁အချိုး၆၉၇၄

                (၅)    လ/ထကျန်းမာရေးမှူး                             ၃-ဦး

                (၆)    လ/ထကျန်းမာရေးမှူးနှင့်လူဦးရေအချိုး       ၁အချိုး၄၈၈၂၃

        ( င)   ကျန်းမာရေးအတွက်အစိုးရအသုံးစရိတ်

                                                                                ကျပ်သိန်းပေါင်း

စဉ် ဌာနအမည် လျာထားငွေ ခွဲဝေချထားငွေ သုံးစွဲငွေ ပြန်အပ်ငွေ
ကုသရေးဦးစီးဌာန   ၁၁၃၄.၀၉ ၄၈၁.၀၄
ကျန်းမာရေးဦးစီးဌာန   ၁၃၆၃.၂၂ ၅၉၉.၁၅
  မြို့နယ်ချုပ်   ၂၄၉၇.၃၁ ၁၀၈၀.၁၉

လူမှုရေးအသင်းအဖွဲ့များ

၃၈။    ပန်းတောင်းမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များဆိုင်ရာ အချက် အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

          (က)    အမျိုးသမီးရေးရာ                           ၁၄၂၄၇-ဦး

          ( ခ)    မိခင်နှင့်ကလေးအသင်းဝင်ပေါင်း      ၁၀၇၀၂၆-ဦး

          ( ဂ)    စစ်မှုထမ်းဟောင်းပေါင်း                      ၅၆၅-ဦး

          (ဃ)    ကြက်ခြေနီ                                      ၂၇၇-ဦး

          ( င)    အရံမီးသတ်                                  ၁၁၅၇-ဦး

                   စုစုပေါင်း                                    ၁၂၃၂၇၂-ဦး

အားကစားနှင့်ဖျော်ဖြေရေးလုပ်ငန်းများ

၃၉။    ပန်းတောင်းမြို့နယ်၌ ဘောလုံးအားကစားကွင်း(၁)ကွင်းနှင့် ပန်းခြံ(၁)ခုရှိပါသည်။

 

ဘာသာရေးဆိုင်ရာအချက်အလက်များ

ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အဦများနှင့်သာသနာဝင်ပုဂ္ဂိုလ်များ

၄၀။    ပန်းတောင်းမြို့နယ်ရှိ ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အဦများနှင့်သာသနာဝင်ပုဂ္ဂိုလ်များ ဆိုင်ရာအချက်အလက်များအား အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

          (က)    သာသနိကအဆောက်အဦများ

                   (၁)     ဘုရား                                ၆၂-ဆူ

                   (၂)     ဘုန်းကြီးကျောင်း                ၃၀၈-ကျောင်း

                   (၃)     သီလရှင်ကျောင်း                ၂၈-ကျောင်း

          ( ခ)    ရဟန်းသံဃာနှင့်သီလရှင်များ

                   (၁)     ရဟန်း                             ၆၁၆-ပါး

                   (၂)     သာမဏေ                          ၂၃၄-ပါး

                   (၃)     သီလရှင်                           ၁၆၀-ပါး

အခြားဘာသာရေးအဆောက်အဦများ

၄၁။    ပန်းတောင်းမြို့နယ်ရှိ အခြားဘာသာရေးအဆောက်အဦများမှာအောက်ပါအတိုင်းဖြစ်ပါ သည်-

          (က)    ခရစ်ယာန်ကျောင်း                        ၁၇

          ( ခ)    အစ္စလာမ်ဗလီ                              ၃

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၄၂။    ပန်းတောင်းမြို့နယ်အတွင်း ၂၀၁၆-၂၀၁၇(ဘဏ္ဍာရေးနှစ်)တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အောက်ဖော်ပြပါလုပ်ငန်းအားတင်ပြထားရှိပါသည်-

          -ကျေးရွာအုပ်စု                                      ဆင်တဲကျေးရွာအုပ်စု

          -လုပ်ငန်းတည်ရာဒေသ                            အင်းဝန်းကျေးရွာ-ပုတီးတောကျေးရွာ

                                                                   ဆက်သွယ်ရေးလမ်း

          -လုပ်ငန်းအမျိုးအမည်                    မြေနီကျောက်စရစ်ခင်းလမ်း

          -အတိုင်းအတာ                                      အလျား(၅၉၄၀)ပေ၊အနံ(၁၀၀ပေ၊

                                                                   ဇေါက်(၇.၅)လက်မ

          -တောင်းခံသည့်ရန်ပုံငွေ                           ၅၀၀၀၀၀၀/-ကျပ်

          -ပြည်သူလူထုပါဝင်သည့်အကူအညီ             ၁၅၀၀၀၀၀/-ကျပ်(ပစ္စည်းတန်ဘိုး)

          –                                                        ၁၀၀၀၀၀၀/-ကျပ်(လုပ်အားတန်ဘိုး)

          -စုစုပေါင်း                                             ၇၅၀၀၀၀၀/-ကျပ်

-အကျိုးသက်ရောက်မှု  င်းဝန်း၊ပုတီးတောကျေးရွာတို့မှဒေသခံပြည်သူများ အနေဖြင့်စက်မှုသင်တန်းကျောင်း(ဆင်တဲ)လမ်းမှ တဆင့် ပန်းတောင်း-တောင်ကုတ်လမ်းမကြီးသို့ တိုက်ရိုက်ဆက်သွယ်သွားလာနိုင်မည်ဖြစ်၍ ဆင်တဲကျေးရွာ အုပ်စုမှရွာသူ/သားများ လိုအပ်သည့် ကုန်ပစ္စည်းများကိုလည်းကောင်း၊ မိမိဒေသမှထွက်ကုန်များကိုလည်းကောင်း ရာသီမရွေးသယ်ယူ/တင်ပို့ရောင်းချနိုင်ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

၄၃။    ပန်းတောင်းမြို့အမည်တွင်လာပုံမှာပုဂံခေတ်တွင် နရသီဟပတေ့ မင်းသည် မွန်ဂိုတာတာ တို့၏ ရန်ပြုကျူးကျော်မှုကို နှိမ်နင်းရန် သားတော်ငယ်ဥဇနာရှိရာပုသိမ်မြို့သို့ စုန်ဆင်းလာခဲ့ သည်။ နရသီဟ ပတေ့မင်း နှင့်အတူ သားတော် ပြည်စားသီဟသူနှင့်မိဖုရားစောလည်း လိုက်ပါ လာခဲ့လေသည်။ ထိုအချိန် တွင် မိုးကျလာသည့်အတွက် တာတာ စစ်သည်တို့ ပြန်လည် ဆုပ်ခွါသွားသောကြောင့် နရသီဟပတေ့မင်းလည်း ပုဂံသို့ဖောင်ဖြင့် ဆန်တက်တော်မူသည်။ ဤတွင် သားတော်ဥဇနာက မင်းကြီးအား သီဟသူ လုပ်ကြံမည်ဖြစ်ကြောင်း လျှောက်ထားရာ သီဟသူကို သံချေကျင်းခတ်၍ စောင့်ခဲ့လေသည်။ ညအခါတွင် သီဟသူသည် ထွက်ပြေး လွတ်မြောက် ပြီး ပြည်သို့ဆန်တက်ခဲ့လေသည်။ ပြည်သို့ မရောက်မီ ယခု ပန်းတောင်းမြို့တည်ရာ အရပ်တွင် ထုံးဖွေးဖွေး နှင့်စေတီ တစ်ဆူကို တွေ့မြင်ရလေသည်။ သီဟသူနှင့်မိဖုရားတို့သည် ထိုစေတီကို ၀င် ရောက်ဖူးမျှော်၍ ဧကရာဇ် စင်စစ်ဧကန်ဖြစ်မည်မှန်က ကျွန်တော်မ၏ မြသဘက်သည် စေတီတော်တွင် ပတ်မိပါစေသားဟု အဓိဌာန်ပြုသည့်အတိုင်း မြတဘက် သည် စေတီတော် အား ပတ်မိ လေသည်။ သီဟသူလည်း ပြည်မြို့သို့ ရောက်သည် နှင့် ဖခမည်းတော် နရသီဟပတေ့မင်း ကို ပုန်ကန်ခြားနားရန် လူသူစုရုံးနေလေ သည်။

          နရသီဟပတေ့မင်းသည် မိဖုရားဖွားစော၏ ပြည်သို့ မ၀င်သင့် ကြောင်း တားမြစ်ချက်ကို အလေးမမူပဲ ပြည်မြို့သို့ ဆန်တက်ခဲ့ လေသည်။ ထိုအချိန်တွင် သီဟသူသည် ကြိုတင် အကြံအစည် ရှိသည့်အတိုင်း နရသီဟပတေ့မင်းကြီးအား ပြည်မြို့မှ ဆက်လက် ဆန်တက် ခြင်း မပြုရန် တားမြစ်လေသည်။ ထို့အပြင် အဆိပ်ခတ် ထားသည့် ထမင်းကိုလည်း မင်းကြီး ထံပို့၍ ပွဲတော်တည်ပါဟုမှာ ကြား လိုက်သည်။ နရသီဟပတေ့ မင်းကြီးသည် ပွဲတော်တွင် အဆိပ်ခတ်ထားကြောင်း သိ၍ ပွဲတော် မတည်ဘဲနေသည်။ ထိုအကြောင်းကို သီဟသူကြား လျှင် ဓါးလွတ်ကိုင် ရဲမက်(၃၀၀) အား စေလွှတ် ၍ မင်းကြီး၏ဖေါင်တော်ကို၀န်းရံ ထား စေသည်။ သေဘေးမှ မလွတ်  မြောက်နိုင်တော့ကြောင်းသိရသဖြင့် မင်းကြီး သည် မိဖုရားကြီးဖွားစော အား ယခုအခြေအနေ၌မည်ကဲ့သို့ပြုလုပ်သင့်သလဲဟု    မေးမြန်းတိုင်ပင်သည်။     မိဖုရားကြီးဖွားစော က   ” အရှင်မင်းကြီး သေရမည့် အတူ သူ့ဓါး၊ လက်နက်ဖြင့် သွေးသံရဲရဲ သေရသည်ထက် အဆိပ် ဖြင့်သေရခြင်းကကောင်းသေး “ဟု လျှောက်ထားလေရာ၊ ယုံကြည်လွယ်သော နရသီဟပတေ့မင်း သည် အဆိပ် ထမင်းကို စားသုံး၍ ကံတော်ကုန် လေသည်။

သီဟသူသည် ခမည်းတော်အား လုပ်ကြံပြီးနောက် ဥဇနာရှိရာ ပုသိမ်သို့ စုံဆင်း ခဲ့လေ သည်။ လမ်းခရီးတွင် မိမိပထမက ဆုတောင်း အဓိဌာန်ပြုခဲ့ သည့် စေတီတော်သို့ရောက်သော် စခန်းချရပ်နားလေသည်။ ထို့နောက် ယင်း စေတီအားငုံ၍ စေတီတစ်ဆူတည်တော်မူကာ ထိုစေတီ တော်ကို ဆုတောင်းပြည့် စေတီတော်ဟု တွင်စေသည်။ ထို့ပြင် ပြည်စား သီဟသူက ဘုရားတွင် ဆုပန် တောင်းခဲ့သည်ကို အစွဲပြု၍လည်းကောင်း၊ မိဖုရားဖွားစောမှ နရသီဟပတေ့ မင်းကြီးအား သားတော်သီဟသူ ထံ မ၀င်ပါရန် (ပန်ကြားတောင်းပန်) ပန်တောင်း ခဲ့သည်ကို အကြောင်းပြု၍ ပန်းတောင်းမြို့ဟု သမိုင်းတွင်လာလေ သည်။

ပန်းတောင်းမြို့ အား ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန ၏  (၃၀-၈-၇၂) ရက်စွဲပါ စာအမှတ်၊ ၁၀၃/၂၄/စိတ်(၁)ဖြင့် ထုတ်ပြန် သည့် အမိန့် ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၄)ခု၊ ကျေးရွာခွဲ (၂၁၀) ရွာအား ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၏ (၃၁-၁-၇၃) ရက်စွဲပါစာအမှတ်၊ ၃/၁၅၁/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့် ကြော်ငြာ စာဖြင့် လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာန၏(၆-၁၁-၂၀၀၀)ရက်စွဲပါစာအမှတ်၊၁၀၀/၂၃-၁၀၀/ဦး၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း ၊    ပြည်ထဲရေး၀န်ကြီးဌာန    ၏ (၃-၃-၂၀၀၅) ရက်စွဲပါစာအမှတ်၊ ၂၀၀/ ၂၃-၁၀၀/ ဦး၁ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ များဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး၊ ယင်းအချိန်မှ စတင်၍ ရုံးများစတင် ဖွင့်လှစ်ခဲ့ပါသည်။

ပွဲတော်များ

အထင်ကရပွဲတော်များနှင့်ကျင်းပသည့်အချိန်

၄၄။    ပန်းတောင်းမြို့နယ်အတွင်းကျင်းပပြုလုပ်သည့် ပွဲတော်များနှင့် ကျင်းပသည့်အချိန် တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ကျင်းပသည့်ပွဲတော်နယ်အတွင်းကျင်းပပြုလုပ်သည့်ပွဲတော်များနှင့် ကျင်းပသည့်အချိန်တို့မှာအောက်ပါအတိုင်းဖြစ်ပါသည်- ကျင်းပသည့်အချိန် မှတ်ချက်
ပေါ်တော်မူ(နေရာဦး)

ဘုရားပွဲတော်

တော်သလင်းလပြည့်ကျော် (၈)ရက်မှ(၁၅)ရက်ထိ ဝန်လိုရပ်ကွက်
ပေါ်တော်မူ(ရှင်ဖြူ)

ဘုရားပွဲတော်

ပြာသိုလဆန်း(၈)ရက်မှ (၁၅)ရက်ထိ ဝန်လိုရပ်ကွက်
ငါးမျက်နှာစေတီတော်

ဘုရားပွဲတော်

တပို့တွဲလဆန်း(၈)ရက်မှ (၁၅)ရက်ထိ ငါးမျက်နှာရွာ
မဟာအတုလအနန္တမုနိ

ဘုရားပွဲတော်

တပို့တွဲလဆန်း(၈)ရက်မှ( ၁၅)ရက်ထိ ထုံးဘိုရွာ
ရွှေဘုံသာမုနိစေတီ

ဘုရားပွဲတော်

တပေါင်းလဆန်း(၁၃)ရက်မှ လပြည့်ကျော်(၁)ရက်ထိ ရွှေဘုံသာရွာ

ဘုရားသမိုင်းကြောင်း

ပေါ်တော်မူ(နေရာဦး)မြတ်စွာဘုရားကြီးသမိုင်း အကျဉ်း

၄၅။    ခရစ်နှစ် ၁၈၇၄ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၂၃၆ခုနှစ်၊ တော်သလင်းလကွယ်နေ့သည် ပန်းတောင်းမြို့သူမြို့သားအားလုံးအတွက် ဘာသာသာသနာနှင့်ပတ်သက်၍ထူးခြားမွန်မြတ်သော မင်္ဂလာနေ့ဖြစ် ပါသည်။ ပန်းတောင်းမြို့၊တပ်ကုန်းရပ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေဂူစေတီအနီး ဆော့ကစားနေကြသော နွားကျောင်းသားမောင်လှဘူးနှင့်ုံးအတွက် ဘာသာသာသနာနှင့် ပတ်မောင်စံမြတို့သည် မိုးရွာလာသဖြင့်  ရွှေဂူ စေတီအတွင်းမိုးခိုရန်ဝင်ရောက်ခဲ့ကြသည်။ထိုအချိန်တွင် ရွှေဂူစေတီမြေကမ္ဗလာအတွင်း မှ ယိမ်းယိုင်လှုပ်ရှားကာ ပေါ်ထွက်လာသောရုပ်ပွားတော်မြတ်၏ဦးခေါင်းတော်ကိုဖူးမြင်ကြရလေသည်။  ထိုကလေးနှစ်ယောက်  ၏ ပြောကြားမှုကြောင့်  မြို့သူမြို့သားများ အုတ်အုတ်ကျက်ကျက်  အံ့ချီး ဘနန်း လာရောက်ကြည့်ရှုကြရာ ရုပ်ပွားတော်မြတ်သည် မြေလွှာ  အ တွင်းမှတဖြေးဖြေး အပေါ် သို့ ဓမ္မခဏ်ထိ ပေါ်ထွက်လာသည်ကိုဖူးတွေ့ ကြရသည်။ ထို့နောက်ပန်းတောင်းမြို့၊ သူရဲဇီးရွာမှ ဂိုဏ်းထောက်ဆရာ ကြီးဦးအရိန္ဒမ၏ သစ္စာအဓိဌာန်ဖြင့် ပင့်ဆောင်မှုကြောင့်ပလ္လင်တော် အထိ မြေပေါ်သို့လွတ်လပ်စွာပေါ်ထွန်းလာခဲ့ပါသည်။ ပေါ်ထွန်းချိန် ကား ကောဇာက္ကရာဇ် ၁၂၃၆ ခု တော်သလင်းလကွယ်နေ့ညနေ(၅)နာရီ အချိန်ဖြစ်ပါသည်။  မြေကမ္ဗလာအတွင်း မှ ပေါ်ထွန်း လာ  သဖြင့်“ ပေါ်တော်မူ “ မြတ်စွာဘုရားဟုသမုတ်ခေါ်ဝေါ်ကိုးကွယ်ခဲ့ကြသည်။ ပေါ်တော်မူမြတ်စွာ ဘုရားသည်ရွှေဂူစေတီနှင့်  ဂန္ဓကုဋီတိုက်တော် တွင်၅၂-နှစ်တိုင်ကိန်းဝပ်စံပ္ပါယ်ခဲ့ပြီး ဧရာဝတီမြစ်ရေ တိုက်စားမည့်ဘေး၊ ရေကြီးနစ်မြုပ်မည့်ဘေးတို့ကြောင့်ခရစ်နှစ်၁၉၂၆ခု၊ ကောဇာသက္ကရာဇ် ၁၂၈၈ခုနှစ်၊ပြာသိုလဆန်း၁၅ ရက်နေ့တွင်ပန်းတောင်းမြို့၊ဝန်လိုရပ် ရှိသီရိမင်္ဂလာကုန်းတော်မြတ် သို့ ပြောင်းရွှေ့ သီတင်းသုံးပူဇော်ကိုးကွယ် ခဲ့ကြပါသည်။ မူလသီတင်းသုံးရာတပ်ကုန်းရပ်နှင့် ပြည်သူအများ ကိုယ်စားကိုယ်ပွား ကိုးကွယ်ပူဇော်နိုင်ရန် ဆရာကြီး ဦးမှဲ့ဘူး ဦးဆောင် သော ဂေါပကအဖွဲ့လူကြီးမင်းများကမန္တလေးမြို့မှ ကျောက်ဆစ်ဆရာအဖွဲ့အားခေါ်ယူကာ ရုပ်ပွားတော် တစ်ဆူ ထုဆစ် ပူဇော်ကိုး ကွယ်ခဲ့ကြသည်။ မူလပေါ်ထွန်းပေါ်တော်မူရာနေရာတွင်တည်ထား ကိုးကွယ်ခဲ့ကြသဖြင့် “ ပေါ်တော်မူနေရာဦး “ ဘုရားဟုသမုတ်ခေါ်ဝေါ်ပူဇော်ခဲ့ကြသည်။ ခရစ်နှစ် ၁၉၇၈ခု၊ကောဇာသက္ကရာဇ် ၁၃၄၀ခု တွင်ဧရာဝတီမြစ်ရေတိုက်စားပြီးကမ်းပြိုသည့် ဒဏ် စတင်ခံခဲ့ရပြီး၊ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသော်လည်းတားဆီးမရနိုင်ခဲ့သဖြင့်ပန်းတောင်းမြို့မင်းရပ်  သဒ္ဓမ္မဝံသပေါင်းတည် ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏုတ္တရ ဦးဆောင်သော ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်သူရွာသားများ စုပေါင်းပြီး ပန်းတောင်း-တောင်ကုတ်လမ်းဘေး ယခုတည်နေရာသို့ ၁၃၄၃ခုနှစ်၊ တန်ဆောင်မုန်းလဆုပ် (၁၁)ရက်နေ့ တွင် ပြောင်းရွှေ့ခဲ့ရသည်။ ကောဇာသက္ကရာဇ် ၁၃၅၅ခုနှစ်၊တပေါင်းလဆန်း(၁၁)ရက် နေ့တွင်ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် ရွှေဂူစေတီနှင့်ဂန္တကုဋီတိုက်တို့ပြိုကျမြေခ ပျက်ဆီးခဲ့ရသည်။

ပေါ်တော်မူ(ရှင်ဖြူ)မြတ်စွာဘုရားကြီးသမိုင်း အကျဉ်း

၄၆။    သာသနာသက္ကရာဇ် ၁၆၃၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ် ၌ အရိမဒ္ဒနပုဂံပြည် တွင် အလောင်းစည်သူမင်းဖြစ်တော်မူ၏။ သမုဒ္ဒရာ အရပ်သို့ရှုကြည့်ရန် ရေအားကြည်းအား စုန်တော်မူရာ ပုသိမ်မြို့တွင်ကွန်းထောက်၍ရေလမ်းဖြင့် သိန်းဃိုကျွန်းနှင့် ဇမ္ဗုသပြေပင် သို့ ရောက်လေလျှင် ဘုရားရှင်တို့နေရာကျောက်ဖျာကို တွေ့ရှိကြည်ညိုတော်မူ စဉ် သာသနာပြုမင်း ဖြစ်သည်နှင့်လျှော်စွာ သိကြားမင်းသည် ဘိသိတ် သွန်းလောင်းပြီး ကျောက်ဖျာသက္ကဒါန်ဦးကို(ရှင်ဖြူ)ဘွဲ့တော်ဖြင့်ဘုရားရုပ်ထုတော်တစ်ဆူနှင့် သပြေပင်လက်ျာတောင်ကိုင်း ကို (ရှင်လှ) ဘွဲ့တော် ဖြင့် တစ်ဆူပြုလုပ်ပေးအပ်လေသည်။ အလောင်းစည်သူမင်း ကြီးသည် နေပြည်တော်ကို သင်္ကနက် လှေဖောင်တော်တွင်(ရှင်ဖြူ) (ရှင်လှ)ဘုရားနှစ်ဆူကို တင်ဆောင်၍ပြန်ခဲ့၏။ ခရီးလမ်းဝယ် ဗလဝါ မုက္ခဝဲသို့ရောက်၍ လှေဖောင်တော် တုန်လှုပ်ပြီး(ရှင်ဖြူ) ဘုရားစင်၍ ရေ၌ကျလေရာ ဟင်္သာနှစ်ခုအတောင်ယှက်ခံလျှက် သီတင်းသုံးတော်မူ၍ “ အလောင်းစည်သူ ငါ့ကိုယူလော့” ဟူ၍မိန့်ဆိုသဖြင့်ပင့်ယူလေသည်။ သာသနာ ၁၆၅၉ ခုနှစ်၊ ကောဇာ ၄၇၇ ခုနှစ်သို့ရောက်သော် နန်းတော်တွင်ထား၍ ကိုးကွယ်သည်ထက်ခပ်သိမ်းသူတို့၏စီးပွားအလို့ငှာ မြတ်ဘုရားနှစ်ဆူကို ဖောင်တော်ထက်တင်၍“ကိန်းဝပ်တော်မူလို သောအရပ်၌ နှုတ်တော်မြွက်သည်ဖြစ်စေသော” ဟူ၍ ဓိဌာန်လျှက်ဆန်တော်မူလေရာ စစ်ကိုင်း၊ချောက်မသို့ရောက်သော်“ အမြဲနေပင် ဤ ချောက်တွင်” ဟူ၍မြွက်တော်မူသဖြင့် ထိုအရပ်တွင်ဂူတည်၍ ကိုးကွယ်လေသည်။ စစ်ကိုင်းမြို့တွင် အလောင်းစည်သူမင်းလက်ထက်တွင် ၄၇၇ခုနှစ်စ၍ဟံသာဝတီရောက်မင်း (မဟာဓမ္မရာဇာဓိပတိ) လက်ရားနှစ်ဆူကိုဖောင်တော်ထက်တင်၍ “ကောဇာ ၄၇၇ ခုနှစ်သို့ရောက်သော် နန်းတော်တွင်ထား၍ကိုးကွယ်သည်ထက်ခပ်သိမ်းသူတို့၏စီထက် ၁၀၉၈ခုနှစ်တိုင်အောင် နှစ်ပေါင်း ခြောက်ရာ ကျော် စံပယ် တော်မူခဲ့ လေသည်။ ထိုမင်းလက်ထက်၌ (ရှင်လှ)ဘုရား ကွယ် လေ သည်ဟု ရာဇဝင်တို့၌ဆို၏။ ထို့ပြင် တလိုင်းတို့ တိုက်ခိုက် သော ကြောင့် အင်းဝပျက်ဆီး၍ မဏိပူရ ကသည်းတို့သည်လည်း စစ်ကိုင်း တိုင် အောင် ဆင်းသက်ဖျက်ဆီးကြကာ (ရှင်ဖြူ)ဘုရားကို ပင့်ဆောင် သွား လေသည်။ ကောဇာသက္ကရာဇ် ၁၁၁၄ခုနှစ်၌မြန်မာ့ကျက်သရေဆောင်ဦးအောင်ဇေယျ (အလောင်းမင်းတရား) နန်းတက်တော်မူ၍ ၁၁၁၅ ခုနှစ်တွင် ရတနာသိင်္ခ ကုန်းဘောင်မြို့တည်တော်မူလျှက် ရာမည တိုင်း မွန်သုံးရပ်နှင့် ကမ္ဗောဇရှမ်းနယ်များ သိမ်းပိုက်ပြီးလျှင် မဏိ ပူရ ကသည်းပြည်ကို အောင်မြင်လေ သော်(ရှင်ဖြူ)မြတ်ဘုရားကို ပြန် လည်ပင့်ဆောင်ခဲ့၍ နန်းတော်ဦး၌ကိုးကွယ်၏။ သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် အလောင်းမင်းတရားကြီးနတ်ရွာစံသဖြင့် နန်းတက်သော သားတော်ကြီး နောင်တော်မင်းသည်လည်းကောင်း၊ ၁၁၂၅ ခုနှစ်တွင် ဆက်လက်နန်းတက် သော ဒုတိယသား တော် ဆင်ဖြူရှင်မင်း (သီရိ သုဓမ္မမဟာရာဇာဇနိန္ဒာဓိပတိ) သည်လည်းကောင်း၊ ရတနာသိင်္ခ ကုန်းဘောင်နန်းဦး၌(ရှင်ဖြူ)မြတ်ဘုရားကို ကိုးကွယ်ခဲ့ကြလေသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ဆင်ဖြူရှင်မင်းကိုယ်တိုင် ကသည်းပြည်သို့ ကြွချီငြိမ်ဝပ်စေပြီး နောက်  အင်းဝနေပြည်တော်ကို  ပြန်လည်   တည်ထောင်တော်မူ၍ ရတနာသိင်္ခ ကုန်း ဘောင်မှ ပြောင်းရွှေ့စံမြန်းလာရာ (ရှင်ဖြူ) နန်းဦးဘုရားကို ပင့်ဆောင်ခဲ့လေသည်။ ပန်းတောင်းမြို့ သူရဲဇီး(တလည်းစီးရပ်)မှ ဗိုလ်ဦးငြိမ်း သည် မဏိပူရကသည်းပြည် စစ် ချီစဉ်မှ အင်းဝတည်ထောင်စံမြန်းသည်အထိ အမှုထမ်း ဖြစ်ခဲ့ ပေသည်။ ဆင်ဖြူရှင်မင်းသည် ရတနာပူရအင်းဝကို ပြန်လည်တည်ထောင်ပြီး သော် အမှုထမ်း ကောင်း သူတို့အား လိုရာဆုကိုတောင်းခံ စေရာ ဗိုလ်ဦးငြိမ်းသည်(ရှင်ဖြူ) မြတ်ဘုရား ကို တောင်းခံသဖြင့် တစ်ဦးတည်း ပင့်ဆောင်နိုင်ပါကခွင့်ပေးတော်မူလေသောကြောင့် အဓိဌာန်ပြု၍ပင့်ဆောင်ခြင်းဖြင့် သူရဲဇီးသို့ ရောက်ခဲ့လေသည်။ သက္ကရာဇ် ၁၁၄၆ခုနှစ် တန် ဆောင်မုန်း လဆန်း(၄)ရက် စနေနေ့ အမရပူရ နေပြည် တော် မှ ဘိုးတော်မင်းတရားကြီး အမိန့်ဖြင့် ရခိုင်ပြည် သို့ ချီလာသော   သားတော်အိမ်ရှေ့ဥပရာဇာ(သီဟသူရ) သည် ပန်းတောင်း- တောင်ကုတ် လမ်း  (ဥယျာဉ်ပုလမ်းကြောင်း)  ဖြင့် ကြွရောက်စဉ် ခေတ္တ ကွန်းထောက်ရာယာယီနန်း၌ (ရှင်ဖြူ) ဘုရားကို ပင့်ဆောင်ကိုးကွယ်ခဲ့ သ ဖြင့် ပန်းတောင်း တပ်ကုန်းရပ်သို့ ဒေသစာရီကြွချီခဲ့ရပါသည်။  ဘိုးတော်မင်းတရားလက်ထက်၌ပင် ပန်းတောင်း ယာယီနန်းအနီးတွင် ရွှေဂူစေတီတည်ထား သဖြင့် (ရှင်ဖြူ)ဘုရားသည် ရွှေဂူသို့ ပင့်ယူရောက်ရှိခဲ့ပါသည်။ သက္ကရာဇ် ၁၁၈၆ခုနှစ်တွင် ဘကြီး တော်မင်း လက်ထက်၌ မြန်မာ-အင်္ဂလိပ်ပထမစစ်ပွဲဖြစ်လေရာ ဧရာဝတီမြစ် တလျှောက်အင်္ဂလိပ် တပ်များရန်ကြောင့် ပန်းတောင်းမြို့သူမြို့သား တို့ တိမ်း ရှောင်ကြစဉ် ဘူမိယက်သိုက်သမားတို့ (ရှင်ဖြူ)ဘုရား၏ပလ္လင်အောက်သို့တူးဖော်ရှာဖွေကြ၍ မြေတွင်းဖြစ်စေသည့်ပြင် ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် မြေအတွင်းသက်ဆင်းကျရောက်နေသောဘုရားပေါ်သို့ ညွန်ပျောင်းညွန်နှစ် များ ဖုံးလွှမ်းသဖြင့် မြေအောက်နန်းတွင် စံမြန်းတော်မူရလေသည်။ သာသနာ ၂၄၁၈ ခုနှစ်၊ ကောဇာ ၁၂၃၆ခုနှစ် တော်သလင်းလကွယ်(၁၅)ရက် (၁၀-၁၀-၁၈၇၄) စနေနေ့ ညနေ(၅)နာရီခန့် တွင် တန်ခိုးတော်ဖြင့်မြေပေါ်ကြွရောက်ပေါ်ပေါက်တော်မူ လာ သောကြောင့် “ပေါ်တော်မူ မြတ်ဘုရား”ဟူ၍သမုတ်ခေါ်ကြလေသည်။ မူလပေါ်တော်မူသောနေရာတွင် (၅၂)နှစ်မျှကြာသော် မြစ်ရေအန္တရာယ်ကြောင့် စုပေါင်း လုပ်အားဒါနဖြင့် ပြုလုပ်သော ယခုတည်နေရာ သီရိမင်္ဂလာ ကုန်းတော်သို့   ၁၂၈၈-ခုနှစ်၊ ပြာသိုလဆန်း(၈)ရက်မှ   စ၍ပြောင်းရွှေ့ ပူဇော်ကြရာ လပြည့်နေ့ ညနေ(၅)နာရီတွင် ပလ္လင်နန်း၌ ကြွမြန်းစံပယ်တော်မူလေသတည်း။

ငါးမျက်နှာစေတီတော်မြတ်ကြီးသမိုင်းအကျဉ်း

၄၇။    သက္ကရာဇ် ၂၁၉ခုနှစ်၊ တော်သလင်းလဆန်း(၁)ရက်နေ့ ဇလုပဗ္ဗတ အမည်ရှိသော တောင်ပေါ် ၌ ပါဋလိပုတ်မြို့ကို အစိုးရသော သီရိမုတ္တမ မင်းသည် ငါးမျက်နှာ ဘုရား သခင်ကိုတည်တော်မူသည်။ တည်တော်မူသည့် သက္ကရာဇ်ကား ၂၁၉ခု၊ တော်သလင်းလဆန်း(၁) ရက်၊ ဗုဒ္ဓဟူးနေ့၌နေ့တချက်တီးကျော် သုံးမောင်းတွင် မြေသနစ်တည်တော်မူသည်။ ၄င်းလဆန်း (၁၃)ရက်နံနက်လေးချက်တီးကျော်သုံး မောင်း၌ သီရိစန္ဒာအမတ်၊ သုပိန္နအမတ်၊ သီရိသူရာအမတ်၊ ဓေါပညာ ဝရအမတ်၊ ထိုအမတ်ကြီးလေးယောက်တို့နှင့်တကွသီရိမုတ္တမမင်း သည် အရှေ့မျက်နှာ သီရိစန္ဒာအမတ်၊ တောင်မျက်နှာ သုပိန္နအမတ်၊ အနောက်မျက်နှာ သီရိသူရာအမတ်၊ မြောက်မျက်နှာ ဓေါပညာဝရ အမတ်။ ၄င်းအမတ်ကြီးလေးဦးတို့နှင့် မင်းကြီးကိုယ်တိုင် နှင့် ငါးယောက်သောပုဂ္ဂိုလ်ထူးတို့သည် တည်တော်မူလေသည်။ ၄င်းတော် သလင်း လဆန်း(၁၃)ရက်နေ့၊ နံနက်လေးချက်တီးကျော်သုံးမောင်းအတွင်း၌ ရွှေပနက်လေးတိုင်၊ ငွေပနက်လေးတိုင်စိုက်မုတ်တော်မူသည်။ ၄င်းလေးချက်တီးကျော်သုံးမောင်းတွင် အောက်ဌာပနာ တိုက်တော်တူး၍အုဠ်မြစ်စတည်တော်မူသည်မှာ  ဌာပနာတော်တိုက်အနက်  (၁၃)တောင် နှစ်မိုက်၊ ဘုရားအုဠ်မြစ်တော်ပနက်မှာ(၁၂)တောင်သုံးမိုက်နှင့် တည်တော်မူသည်။ ဘိနပ်တော်ဌာပနာတိုက် ပြီး၍ဌာပနာသွင်းတော် မူအံ့သည်ကို စီရင်တော်မူသည်။ ဌာပနာတိုက်၌အခင်းကျောက်ဖျာ ကား-နာဂရာဇ်ငွေတောင်ရိုး၌ကြိမ်ကြိုက်ခဲလှစွာသောကျောက်ဖျာကို မင်းကြီးအားသိကြားပြတော်မူ၍ နီလာညိုအဆင်းနှင့်တူတောကျောက် ဖျာလေးချပ်ကို ဌာပနာတိုက်အတွင်း၌ ခင်း၍ ထိုသို့ ခင်းတော်မူပြီးလျှင် ဌာပနာကားဓမ္မာသောကမင်းကြီးပေးတော်မူ၍ကိုးကွယ်စိမ့်သောငှာ ရတော် မူ သောမွေရှင်တော်ရှစ်ဆူ၊ ထို့နောက်သီရိမုတ္တိမမင်းကြီးလက် ထက်တော်သို့ရောက်မှ တန်ခိုးတော်အားဖြင့်ကိုးကွယ်ထိုက်သောသူ ဖြစ်၍ပွားတော်မူသောမွေရှင်တော်တဆယ့်ခြောက်ဆူ တို့ကို ငွေကြုပ် ဖြင့်ထည့်တော်မူပြီးလျှင် ပဉ္စလောဟာအပေါ်ကအုပ်ပြန်၏၊ ထိုသို့ပြီးမှ မိုးကြိုးကြုပ်ဖြင့်အပေါ်ကအုပ်ပြန်၏၊ ရွှေကြုပ်ဖြင့်အုပ်ပြန်၏၊ ရွှေဆင်းတုဆယ်ဆူ၊ ငွေဆင်းတု ငါးဆူ၊ ရွှေဗေါဓိ လေးပင်၊  မြဆင်းတု လေးဆူ၊ ဖလ်ဆင်းတု လေးဆူ၊ သတ္တဌာန ဌာပနာရန် တဌာနလျှင် ရွှေအချိန်(၂-ကျပ်)စီ၊ ပဉ္စလောဟာ ဆင်းတု(၃)ဆူ၊ ပဒါးဆင်းတု(၃)ဆူ ရွှေပန်းခိုင်၊ ငွေပန်းခိုင် လေးခိုင်စီ၊ ဒီပင်္ကရာရုပ်ထုတော် ဆွမ်းရပ်ဟန်ရဟန္တာအဆူ(၂၀)၊ သွန်းလုပ်တော်မူပြီး လျှင် ၄င်းတော်သလင်းလဆုပ် (၁၀)ရက်သောကြာနေ့နံနက်ဌာပနာတွင်းသို့သွင်းသွင်း ဌာပနာ တော်မူ၏။ ၄င်းလဆုပ်(၁၀)ရက်သောကြာနေ့သုံးချက်တီးကျော်အချိန်၌လေးပါးသောအမတ် တို့နှင့် ၇၀၀-သောဗိုလ်ထုပေါင်းဖြင့်ထက်ဝန်း ကျင်ြီးမှ မိုးကြိုးကြုပ်ဖြင့်အပေါ်ကအုပ်ပြန်၏၊ ရွှေကြုပ်ဖြင့်အုပ်ပြန်၏၊ ရွှေဆင ပတ်ပတ်လည်ခြံရဲလျှက် ပန်းရံကောင်း နေမျိုး-သုပိန္နဆရာတော်၊ သောဘိတရဟန္တာနှင့် ဌာပနာတွင်းသို့သွင်း၍ပိတ်တော်မူသည်။ ထိုဌာပနာတိုက်ကိုပိတ်ပြီးမူ အထက်ပစ္စယံအစဉ်ထပ်သုံးဆင့်သုံးလီကိုလေးပါးသောအမတ်တို့ အား တစ်မျက်နှာစီဝေခြမ်းပိုင်းခြား တော်မူ၍ ဒါယကာတော် သီရိမုတ္တမမင်းနှင့် တကွ လေးပါးသောအမတ်တို့သည် မပြီးမခြင်းနေ့ညဉ့်စောင့်တော်မူ၍တည်တော်မူသတည်း။  ထိုသို့ တည်တော်မူ၍အုဠ်ရိုးပြီးလျှင် သီတင်းကျွတ်လဆန်း(၁)ရက်သောကြာနေ့ အင်္ဂတေမွန်းမံတော်မူ၍ ၄င်းလဆန်း(၈)ရက်သောကြောနေ့ပြီးဆုံးသည် နှင့်၄င်းနေ့တွင်သစ်စီးသုပ်စေ၍ ၄င်းလဆန်း (၁၄)ရက်ပြီးလျှင်အထက် ချားရားသီးကစ၍၄င်းနေ့ပင်ရွှေသင်္ကန်းဆက်ကပ်ချစေတော်မူသည်။ ၄င်းလပြည့်ကျော်(၅)ရက်ဗုဒ္ဓဟူးနေ့၌ ရွှေသင်္ကန်းမွမ်းမံလှူဒါန်းတော် မူပြီးလျှင် ဘုရားရှင် တော်အားပလ္လင်မြေမြင့်သုံးဆင့် ပစ္စယံတော်ကို ထပ်ဆင့်မြှင့်တော်မူ၍ ၄င်းလပြည့် ကျော် (၇)ရက်နေ့ ထီးတင်တော်မူ သည်။ ၄င်းလပြည့်ကျော်(၁၀)ရက် တနင်္လာနေ့ပွဲကြီးဆင်ယင်ကျင်းပ

ကန့် သတ်

ကန့် သတ်

၃၅

တော်မူသည်။ရွှေခရားဖြင့်သွန်းချလှူဒါန်းတော်မူသည်။ပါဋလိပုတ်မြို့ တွင်ရဟန်းထေရ်ကြီး မူးကြီးမတ်ကြီး၊ ရံရွှေတော် သောင်းသောင်း ပရိဿတ်ပေါင်းလေးပါးတို့၏ အလယ်၌တလိုင်း ငါးအိမ်ထောင်သား တို့ကိုရွှေခရားဖြင့်သွန်းချလှူဒါန်းတော်မူသည်။ တစ်လိုင်းငါးအိမ် ထောင် ကား- လင်၊ ငတိနှင့် မယား မိထွန်းသား – ငပါရဲ၊ ၄င်းညီ ငအိုင်ကဲ၊ ၄င်းအိမ်ပုံတို့နှင့် လူပေါင်း အိမ်ထောင်ဦးရေ နှစ်ဆယ်တို့ကို လှူသည်နှင့်လူတို့ကို နတ်ကွင်းလမ်း၌ထားတော်မူသည်။ မြေငါးငယ် ကိုလည်းမြတ်ဘုရားအား ကန့်သတ်ပိုင်းခြား၍လှူတော်မူသည်။ ၄င်းငါးပယ် လှူဒါန်းသည့်မြေမှာ တပါယ်နှင့်ငါးထောင်ကို မန်ကျည်းထုံး ရွာဆော် ငလွန်သူ တိုက်နယ်ကို လှူတော်မူသည်။ နောက်နောင်သော သူတို့သည် ပစ္စုပ္ပန်သံသရာအကျိုးနှစ်ပါးကို ထောက်ရှု၍ ငါလှူသော မြေတို့ကို မတိမ်မမြုပ် လုပ်ဆောင်စားသောက်ကြလျှင် ဘုရားသခင်အား ဟောင်းနွမ်းပျက်စီးလျှင်ပြင်ဆင်လုပ်ကိုင်ကြစေသတည်း။ ငါလှူသောကျွန်ထီးတော် တို့ကိုလည်း ဘုရားသခင်အား မပြတ်သုတ်သင်ကြ ရမည်။ နောင်သူ-နောက်သား မေ့လျော့ညား၍ တိမ်မြုပ်ခဲ့လျှင် တဏှာ ဥပါဒန်ဘဝ၊ သင်္ခါရ ဒေါမနဿ၊ ဒိဌိမာနဟူသော မကောင်းနှိပ်စက် ပျက်စီးခြင်းဖြင့် မကောင်းသောနတ်တို့သည် ဖျက်ဆီးအပ်ကုန်သည် ဖြစ်၍ ဆုံးရှုံး ပျက်စီး ကြလေစေသော်။ နောင်မိန့်တော်မူသောစကားအတိုင်း တည်လေလျှင် ကောင်းသော ချီးမြှင့်ခြင်း ဖြင့် သမာဒေဝနတ် တို့ သည် စောင့်ခဲချီးမြှင့်ကြကုန်၍ တက်သစ်သောနေ၊ ဆန်းသစ်သောလ ကဲ့သို့ ပွားစေသော်၊ နောင်ကာလလည်း အသင်္ခတဟုဆိုအပ်သော နိဗ္ဗာန်သို့ရောက်စေသတည်း။ ဒါယကာ သိရီမုတ္တမင်း တည်တော်မူ သည့် ငါးမျက်နှာဘုရားသမိုင်းတော် ကျောက်စာထွက် ကဗ္ဗည်းမှော် ကွန်းကို ပြည်ဆရာတော် အဂ္ဂသမာဓိ ရေးသားတော်မူသောသမိုင်းပြီး ၏။

 

မဟာအတုလအန္တမုနိကြေးသွန်းရုပ်ပွားတော်ကြီး၏သမိုင်းအကျဉ်း

၄၈။    ကောဇာသက္ကရာဇ် ၁၂၅၄ခု၊ တန်ခူးလပြည့်ကျော် ၇ ရက်နေ့ တွင်မြတ်စွာဘုရား ကိုယ်တော်ကြေးသွန်း ရုပ်ပွားတော်မြတ်ကြီးကိုစတင်သွန်းလောင်းထုလုပ်ကြပါသည်ကုန်းဘောင် ခေတ် သာသနာပိုင် အမိန့်စာချွန်တော်အရ ထုံးဘိုရွာကြီး၏ အလယ်ဗဟို၊ အနောက်ဘက် အစွန်း တွင် “ ယွန်းကျောင်းတိုက် “ ဟုအမည်ရခဲ့ပြီး၊ နောင်အခါ မြသိန်းတန်စေတီတော်ကို အစွဲပြု၍

“ မြသိန်းတန်ကျောင်းတိုက် “ ဟုသမုတ်အပ်သော ကျောင်းတိုက်ကြီး ဒုတိယဂိုဏ်းချုပ် ဆရာတော် ဦးမဉ္ဗူကိုယ်တိုင် ကြီးကြပ်သွန်းလုပ်တော်မူသော ဘုရားကိုယ်တော် မြတ်ကြီးဖြစ်ပါ သည်။ မန္တလေးမြို့မှပန်းတဉ်းပညာရှင်များကိုခေါ်ယူ သွန်းလောင်းပြု လုပ်စေခဲ့ပါသည်။ ဂိုဏ်းအုပ်ဂိုဏ်းချုပ်ဆရာတော်ကြီး ထံသို့ မြတ်စွာဘုရားကြေးသွန်းရုပ်ပွားတော်ကြီးအတွက် လာရောက် လှူဒါန်း ကြသော ရတနာများမှာ ရွှေချိန်(၄)ပိဿာ၊ ငွေစင်ပိဿာ (၂၀၀၀)၊ ကြေးနီပိဿာချိန်(၆၂၅၅.၅)၊ သံချိန်(၁၀၆၆)ပိဿာ၊ သလွဲ စင်ပိဿာချိန်(၁၀၀၀)တို့ဖြစ်ပါသည်။မြသိန်းတန်ကျောင်းတိုက်၊ စက်ကုန်းနေရာတွင် သွန်းလောင်းပြုလုပ်ပြီးမှ နှစ်မလည် တောင်ခုလတ်သို့ ပို့ဆောင်၍ပလ္လင်တော်ပေါ်တွင် စံမြန်းသော ရုပ်ပွားတော်ကြီးဖြစ်ပါ သည်။ ကြေးသွန်းရုပ်ပွားတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ (၁၀တောင် ၂မိုက်) ဖြစ်၍လုံးဝန်းတော်     (၇ တောင်) ဖြစ်ပါသည်။ မဏိလုံးဝန်းတော်(၇ တောင်လေးသစ်)၊ ရောင်လျှံတော်(၂ တောင်)၊ မျက်နှာတော်(၂ တောင် ၁ ထွာ)၊ သင်းကျစ်တော်အလျား (၄ တောင် ရှစ်သစ်)၊ နားရွက်တော်     (၂ တောင်နှစ်သစ်)၊ မောင်းလဒံးတော်လုံးပတ် (၃ တောင် ၂ မိုက် ၅ သစ်)၊ နှစ်ဖက်ဒူးစွန်း         (၈ တောင် ၂ မိုက်)၊ ထက် ဝယ်တော်အမြင့် ပမာဏ (၇ တောင် ၈ သစ်)၊ စမ္မန်တော်အမြင့်အဝန်း (၂၆ တောင် ၂ မိုက်)တို့ဖြစ်ပါသည်။ လှူဒါန်းကြသော ရတနာအလေး ချိန်များအနက် ရုပ်ပွား တော်ကြီးသွန်းလုပ်ပြီးစီးသောအခါတွင် (၇၂၉၂)ပိဿာဖြစ်ပါသည်။ ကျန်ရှိသောပဉ္စလောဟာ အလေးချိန် (၃၃၆၄ ပိဿာ ၅၀ ကျပ်သား)ကို ညီတော်လတ်မုနိငါးဆူနှင့်ညီတော် ငယ်မုနိငါးဆူ၊ သွန်းလောင်းထုလုပ်ပူဇော်ထားရာ မြသိန်းတန်ဘုရား တန်ဆောင်းနှင့်တကွရွှေကျောင်း၊ လယ်ပြင်ကျောင်း၊ နန်းကျောင်း၊ ဘုရားကြီးကျောင်း၊ တောင်ထိပ်ကျောင်းနှင့် ကျီးတော ကျောင်း တို့တွင် စံပါယ်သတင်းသုံးလျှက်ရှိပါသည်။ မြသိန်းတန်ကျောင်းတိုက် စက် ကုန်းနေရာတွင် သွန်းလောင်းထုလုပ်ပြီးစီးသောအလေးချိန်(၇၂၉၂) ပိဿာရှိသည့်  ကြေးသွန်းရုပ်ပွားတော် မြတ်ကြီး ကို(၂)ဖာလုံ လောက် ဝေးသောနေရာသို့ စွပ်ဖားဖြင့်ပင့်ဆောင်ရခြင်း၊ ထိုမှတဆင့် ပေ(၆၀၀) ခန့်မြင့်သောနှစ်မလည်တောင်ခုလတ်သို့ မြှင့်တင်ပို့ဆောင်ရခြင်းမှာ လွယ်ကူသော အဆင့်များမဟုတ်ပါ။ ဆရာတော်ကြီး ဦးမဉ္ဗူက သင့်ချိန်ကျရောက်ပြီဟု အမိန့်ရှိသောအခါမှ ပဌာန်းပရိတ်များရွတ်ဆို သရဇ္စျာယ်ပြီး ဆန်းပန်းပေါက်ပေါက်တို့ဖြင့်ပူဇော်ပင့်ဆောင်တော်မူမှ ပင်ရုပ်ပွားတော်မြတ်ကြီး အလွယ်တကူကြွချီလိုက်ပါတော်မူပါသည်။ ယခုစျေးကုန်းရပ်ကွက် ၌ကွင်းပြင်ကြီးသာရှိသေးရာ ကွင်းလယ်တစ် နေရာတွင် သုံးညကျိန်းစက်အပူဇော်ခံတော်မူပါ သည်။ လမ်းဆုံးသို့ ရောက်သောအခါ နှစ်မလည်တောင်ခုလတ် ပလ္လင်ပေါ်သို့ ပင့်ဆောင်ရ မည် ဖြစ်ရာ အနည်းငယ်ပြေလျှောသော တောင်ကုန်းအနောက်တောင်ထောင့်မှ လျှောက်လမ်း ပေးပြီး စွပ်ဖားဖြင့်  ဆွဲတင်ကြပါသည်။  ပင့် ဆောင်ကြရာ တွင်အပန်းမကြီးဘဲ လွယ်ကူစွာပင်ရောက်ရှိ၍  ပလ္လင် ပေါ်သို့ ပို့ဆောင်နိုင်ခဲ့ပါသည်။ မဟာအတုလအနန္တမုနိကြေးသွန်းရုပ်ပွားတော်ဘုရားကြီး မှာ မိမိဘွဲ့တော်ကို မိမိအိပ်မက်ပေးကာဘွဲ့တော်သတ်မှတ်ခဲ့သည်မှာလည်း အံ့သြဖွယ်ရာ ထူးခြား ချက်ဖြစ်ပါသည်။

ရွှေဘုံသာမုနိဆုတောင်းပြည့်စေတီတော်မြတ်ကြီးသမိုင်းအကျဉ်း

၄၉။    ကောဇာသက္ကရာဇ် ၉၇ ခုနှစ်တွင် ရက္ခပူရဓညဝတီ ရခိုင်ပြည် ကြီးကို စန္ဒသူရိယမင်းမြတ် ထီးဖြူအုပ်ချုပ်မင်းလုပ်တော်မူ၏ ထိုစဉ် မဇ္စျိမဒေသမဂဓ၌ သုံးလောကထွဋ်ထား ရှင်တော်ဘုရား ပွင့်တော်မူ လျှက် လူနတ်ဗြဟ္မာသတ္တဝါတို့အားတရားဒေသနာဟောပြညွန်ကြား သည်ကို ကြားသ ိတော်မူ၏။ ဘုရင်မင်းမြတ်သည် ဖူးမြင်လိုသော သဒ္ဓါဖြစ်လွန်းသဖြင့် မြတ်စွာဘုရားအား ဓညဝတီ ရခိုင်ပြည်သို့ ကိုယ် တော်တိုင်ကြွရောက်တော်မူပါမည့်အကြောင်း နံ့သာဆီမီး တံခွန်ထီး နှင့်လှူဘွယ်ရေချမ်း၊ ပေါက်ပေါက်ပန်းတို့ဖြင့် ပူဇော်ရည်မှန်း၍ပင့်လျှောက်ကာ ဆုတောင်း ပတ္တနာပြုတော်မူ၏။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်မှ သဗ္ဗုညုတရွှေဉာဏ်တော် ဖြင့်ဆင်ခြင်တော် မူသောအခါ၊ ငါးမသွားမူကား ထိုမင်းသည် အကျိုးမဲ့စုတေပျက်စီးရာ ၏။ ငါ့အားဖူးမြင်ရသောလူအပေါင်းတို့မှာလည်းကောင်းကျိုးချမ်းသာ မင်္ဂလာတိုးပွားရာ၏။ ငါ၏ ကိုယ်စား ကိုယ်တော်ပွားထားသည့်ရိုက် ရာ သာသနာလည်းကာလ ရှည်မြင့်စွာ တည်လတံ့ ရဟန်းရှင်လူပြည်သူ အများလည်းဿရဏဂုံ သီလ တည်ကြလတံ့ဟု အနာဂတံသဉာဏ်တော် ဖြင့် ဆင်ခြင်တော်မူ၍ ဓညဝတီရခိုင်ပြည် သေလာဂီရိတောင်သို့ ကြွရောက်တော်မူ၏။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့၌ မြတ်စွာဘုရားသည် ဓညဝတီမြို့ကြီး၏ အနောက်မျက်နှာ ကစ္ဆပနဒီ (ကုလားတန်မြစ်)အရှေ့ဘက်ကမ်း သေလာဂီရိကျောက်တောင်ထိပ်၌ ကြွရောက်တော်မူသောအခါ စန္ဒာသူရိယမင်းကြီးသည် ဝမ်းသာအားရ ဖြစ်တော်မူလျှက် မြတ်စွာဘုရား သခင်အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် လေးပါးသောပစ္စည်းပူဇော်၍ လုပ်ကျွေးဆည်းကပ်တော်မူ၏။ (၃)လစေ့သောအခါစန္ဒာသူရိယမင်းသည် မြတ်စွာဘုရားသခင် အား ကိုယ်စားတော်ပွားထားခဲ့ပါမည့်အကြောင်း ပင့်လျှောက် သည်တွင် မြတ်စွာဘုရား သခင်မှ ခွင့်ပြုသဖြင့် ကြေးသွန်းသမားများ ဖြင့် ရတနာအမျိုးပေါင်း(၁၂၆)မျိုး တင်းပေါင်း(၅၀)တို့ဖြင့် မုနိတော် များသွန်းလောင်းတော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားသခင်မှ မုနိ တော်များအား ရွှေရင်တော်ငွေ့ခုနှစ်လက်ပွေ့ကို ဦးခေါင်းတော်၌တည် တော်မူသောအခါ မုနိတော်မြတ်သည် ပလ္လင်တော်မှဆင်းသက်ပြီးလျှင် မြတ်စွာဘုရားအပါးတော်မှ လိုက်လိုကြောင်း ခွင့်တောင်း၏ မြတ်စွာ ဘုရားသည် ညီတော်မဟာမုနိ ငါ့၏ကိုယ်စား လူနတ်များ၏ စီးပွား ချမ်းသာ ဆောင်ရစ်ပါလော့ဟု မိန့်တော်မူ၏။ မဟာမုနိရုပ်ရှင်တော် ကို သွန်းလောင်းဖန်ဆင်း၍ ပိုလျှံသော ရတနာတို့အား အသို့ပြုရအံ့နည်း ဟုလျှောက်ထားသောအခါ မဟာမုနိ၏ ညီတော်များအဖြစ် သွန်းလုပ် ရန်ခွင့်ပြုသဖြင့် ၁။ရှင်ကျော်မုနိ(ရခိုင်ကျောက်တော်မြို့)၊ ၂။ရွှေဘုံသာမုနိ (ယခုမွမ်းမံပြုပြင်ပြီး ဆင်းတုတော်)၊   ၃။မာန်အောင်မြင်မုနိ (ပြည် တော်ပြန်ဘုရား၊ ဇလွန်မြို့) ဟူ၍   မဟာမုနိ(၃)ဆူ  နှင့်  ပထမ  သွန်း လောင်းသော မဟာမြတ်မုနိ(မန္တလေးမြို့) အပါအဝင်မုနိ(၄)ဆူ သွန်း လုပ်တော်မူပါသည်။ မဟာမြတ်မုနိ အစ မာန်အောင်မြေ အဆုံးရှိသော မုနိတော်(၄)ဆူ သွန်းလောင်းတိုင်း လွင့်စင်ကုန်သောရတနာများမှာ လည်း ပကတိအလို အလျှောက် မုနိငယ်များပွင့်ထွန်းပေါ်ပေါက်တော်မူကြပါသည်။  ၁၁၄၆ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၄)ရက်နေ့  စနေနေ့  ၌  အမရပူရပထမ  မြို့တည်  ဆင်ဖြူများသခင်  ဘဝရှင်မင်းတြားဘိုးတော်ဘုရားမင်းကြီးကအိမ်ရှေ့ဥပရာဇာသီရိမဟာဓမ္မာဘိဇယ ဘွဲ့တော်ခံ သားတော်သီဟသူရ အား ဓညဝတီ ရခိုင်ပြည်သို့ သိမ်းယူတော်မူ ရန်စေလွှတ်၍ အောင်မြင်တော်မူသောအခါ  အိမ်ရှေ့ ဥပရာဇာ သည် မုနိတော်များအားပင့်ဆောင်တော်မူလို၍ ၁၁၄၆ ခု ပြာသိုလပြည့်ကျော် (၁၁)ရက် အင်္ဂါနေ့၌အိမ်ရှေ့မင်းကိုယ်တော်တိုင် ာ လည်း ပကတိအလိုအလျှောက် မုနိငယ်များပွင့်ထွန်းပေါ်ပေါက်တော် မူကြပါသည်။ မဟာမုနိဘုရားများထံ သွားရောက်၍ ပင့်ဆောင်စေရာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပလ္လင်အောက်၌ ငါ၏ဆရာမုနိဘဂဝါကို မည်သို့သော မင်းအပေါင်း တို့မှပင့်ချီ၍မရစေသတည်းနောင်အခါဘုန်းကံကြီးမားငါကားဖြစ်ချေသော် ငါ သာ လျှင် ပင့်ဆောင်ကိုးကွယ်ခြင်းငှားရပါစေသတည်းဟု စန္ဒာသူရိယမင်း၏ ဆုတောင်း ရွှေပေချပ် ကိုတွေ့ရပါသည်။ ပင့်ဆောင်ကြည်ရာ ပင့်ဆောင်၍ရသဖြင့်  ရခိုင်ရိုးမအတိုင်း   (ပန်းတောင်း ဆိပ်)သို့ ပင့်ဆောင်တော်မူပါသည်။ အောင်မြင်စွာပင့်ဆောင်တော်မူနိုင်ခဲ့ပြီးပြည်မြို့ အနောက် ကမ်း ရွှေဘုံသာအရပ်တွင်စခန်းချစဉ် ရခိုင်လူမျိုးများ  ၏ တောင်းပန်ချက်အရ၄င်းတို့ တိုင်းနိုင်ငံ မှ လည်း လာရောက်ဖူးမြှော်နိုင် ရန် နှင့် ယခုပတ်ဝန်းကျင်နေရဟန်းရှင်လူအပေါင်းများပါ  ဖူးမြှော်နိုင်စေရန် ပြည်မြို့ အနောက်ဘက်ကမ်း ရွှေဘုံသာရွာတွင် ရွှေဘုံသာမုနိ ရုပ်ရှင်တော်မြတ်ကြီး အား ကိန်းဝပ်တော်မူစေ၍ စေတီပေါက်သော အုဋ် ကန္ဓကုဋီ တန်ဆောင်း တော်ကြီးဖြင့် ရွှေဘုံသာမုနိဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ ပါသည်။ ယခုအခါတွင် ၄င်းစေတီကြီးအား ပျက်စီးယိုယွင်းဟောင်းနွမ်းဆွေးမြေ့နေသည်ကို နိုင်ငံတော်အစိုးရမှ ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ခဲ့ရာ ၁၃၆၀-ခု၊ ကဆုန်လဆန်း (၁၀)ရက် နေ့တွင် ထီးတော်တင်လှူခဲ့ပါသည်။

နိဂုံး

၅၀s။   ပန်းတောင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို ဌာန ဆိုင်ရာများမှပေးပို့သော  အချက်အလက်များ၊ ဒေသဆိုင်ရာ အချက် အလက်စာစောင်များ၊ မှတ်တမ်းများအပေါ်တွင် အခြေခံလျက် အကျဉ်းချုံးပြုစုထားခြင်းဖြစ်ပါသည်။ ဒေသဆိုင်ရာ အချက် အလက် များအားမှတ်တမ်း တင်စုစည်းတင်ပြခြင်းအားဖြင့် ပန်းတောင်း မြို့နယ် တစ်ခုလုံး၏ အချက်အလက်နှင့် ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို လေ့လာသိရှိနိုင်ပြီး မိမိတို့၏ လုပ်ငန်းများကို အထောက်အကူ ပြုမည် ဖြစ်ပါကြောင်း  တင်ပြ အပ်ပါသည်။

 

ကန့် သတ်

 

ကန့် သတ်

 

 

 

ပဲခူးတိုင်းဒေသကြီး

 

ပြည်ခရိုင်

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 

 

 

 

ပန်းတောင်းမြို့နယ်

ဒေသဆိုင်ရာအချက်အလက်များ

 

 

 

 

 

 

ရက်စွဲ၊ ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ  ၂  ရက်

 

 

ကန့် သတ်

 

လမ်းအရှည်(၄၂)မိုင်ရှည်လျားပြီး့ဓါတ်အား( )င် ဓါတ်ဆီ(၃၀၈၀