Home / ရေတာရှည်မြို့နယ် / ပိုင်ရှင်မဲ့သစ် ဖမ်းဆီးရရှိမှု

ပိုင်ရှင်မဲ့သစ် ဖမ်းဆီးရရှိမှု

စက်တင်ဘာ ၂၅ (ပဲခူး)

=========================

25-9-2017(2)

ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ – ဦးကျော်ဆန်းမိုး ဦးဆောင်ပြီး သစ်တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်(၆)ဦး တို့သည် (၂၅-၉-၂၀၁၇) ရက်နေ့ သာဂရမြို့ ငါးခုံးမချောင်းရပ်ကွက်အတွင်း သတင်းအရ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ (၀၁:၀၀) နာရီအချိန်တွင် ငါးခုံးမချောင်းရပ်ကွက်၊ အရှေ့ဘက်ကျောင်းဆောင်ပေါ်တွင် တရားမဝင် ကျွန်းခွဲသား (၅၄)ချောင်း၊ (၁.၇၀၆၂)တန်၊ လုံးပတ်(၃)ပေအောက် ကျွန်းသစ်လုံး(၁.၁၂)တန် စုစုပေါင်း (၁.၈၂၈၂) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။