Home / ပေါင်းတည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

ပေါင်းတည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

 ပေါင်းတည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

 

နိဒါန်း

sfa copy

၁။                ပဲခူးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ ပြုစုတင်ပြရာတွင် ထည့်သွင်းစာရင်း ပြုစုနိုင်ရေးအတွက် ပေါင်းတည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက် များအား ပြုစုတင်ပြရခြင်းဖြစ်ပါသည်။

တည်နေရာ နှင့်အကျယ်အဝန်း

၂။                ပေါင်းတည်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅ မိနစ် မှ  ၁၈ဒီဂရီ ၅၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၂၃ မိနစ် နှင့် ၉၅ ဒီဂရီ ၄၇ မိနစ်ကြားတွင် တည်ရှိပြီး မြို့နယ်၏အကျယ်အ၀န်း စတုရန်းမိုင်မှာ (၃၅၈.၆၅) ကျယ်၀န်းပါသည်။

မြေမျက်နှာသွင်ပြင်

၃။                ပေါင်းတည်မြို့နယ်သည် မြောက်ဘက်ခြမ်းတွင် ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၅၇၂)  ရှိ တောင်ကုန်း တောင်စွယ်များရှိပြီး တောင်ဘက်ခြမ်းတွင်  မြေပြန့်လွင်ပြင်များ ဖြစ်ပါသည်။

ရာသီဥတု

၄။      ပေါင်းတည်မြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၅ ံc) နှင့် အနိမ့်ဆုံးအပူချိန် (၃၅ ံc)  ရှိပါသည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ မိုးရွာရက် (၅၀) ရက်၊ မိုးရေချိန် (၃၉.၆၈) လက်မရွာသွန်းပါသည်။

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

၅။             ပေါင်းတည်မြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

                   (က)    မြို့နယ်                             –        (၁) မြို့နယ်

                   ( ခ )   ရပ်ကွက်                 –        (၁၂) ရပ်ကွက်

                   ( ဂ )   ကျေးရွာအုပ်စု           –        (၄၃) အုပ်စု

                   (ဃ)    ကျေးရွာ                  –        (၂၄၁) ရွာ

၆။                ပေါင်းတည်မြို့နယ်တွင် အိမ်ခြေ (၃၅၂၂၈)၊ အိမ်ထောင်စု (၃၆၅၃၁)၊ လူဦးရေ (၁၃၇၄၆၁) ဦးရှိပြီး ကရင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်ပြီး အများအားဖြင့်  ဗုဒ္ဓဘာသာကိုးကွယ်ကြပါသည်။

အုပ်ချုပ်ရေးမှူးရုံးများအခြေအနေ

၇။                ပေါင်တည်မြို့နယ်တွင် မြို့နယ်ရုံး (၁) ရုံး၊ ရပ်ကွက် (၁၂) ရုံး၊ ကျေးရွာအုပ်စု (၄၃) ရုံး၊ စုစုပေါင်း (၅၅) ရုံးဖြင့် ဖွဲ့စည်းထားရှိပါသည်။

ကာကွယ်ရေးနှင့် လုံခြုံရေး

၈။                ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုတွင် အမှတ် (၁၀) ခြေမြန်တပ်ရင်း (၁) ရင်း၊ ရဲတပ်ဖွဲ့မှူးရုံး (၁) ရုံး၊ စခန်း (၂) ခု၊ ရဲကင်း (၄) ကင်း၊ ရဲတပ်ဖွဲ့၀င် (၁၃၅) ဦးနှင့် မီးသတ်စခန်း (၁) ခု၊ သန္ဓေအင် အားနှင့်အရန်အင်အားစုစုပေါင်း (၇၉၁) ဦးရှိပြီး မီးသတ်ယာဉ် (၉) စီးရှိပါသည်။

ဌာနဆိုင်ရာရုံးများအခြေအနေ

၉။                အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်-

  • အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
  • မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
  • မြို့နယ်တရားရုံး
  • မြို့နယ်ဉပဒေရုံး
  • စာတိုက် (ကြေးနန်း)
  • ဆက်သွယ်ရေး
  • တိုင်းရင်းဆေးကုဌာန
  • မြို့မရဲစခန်း
  • အကျဉ်းဦးစီးဌာန
  • လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း
  • အားကစားနှင့်ကာယပညာဦးစီးဌာန
  • မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
  • မြို့နယ်စည်ပင်သာယာရေးအဖွဲ့
  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
  • မြို့နယ်ကျန်းမာရေးဦးစီးဌာန
  • လူ၀င်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
  • မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
  • မီးသတ်ဦးစီးဌာန
  • စာရင်းစစ်ရုံး
  • ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
  • လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
  • မျိုးသန့်ခြံ
  • ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
  • သစ်ထုတ်လုပ်ရေးဌာန
  • သစ်တောဦးစီးဌာန
  • ပြည်တွင်းအခွန်များဦးစီးဌာန
  • စီမံကိန်းရေးဆွဲရေးဦးစီးဌာန
  • မြို့နယ်ပညာရေးမှူးရုံး
  • မြန်မာ့စီးပွားရေးဘဏ်
  • လမ်းဦးစီးဌာန
  • စာသုံးသူရေးရာဦးစီးဌာန
  • သမဝါယမဦးစီးဌာန
  • လူမှုဖူလုံရေးရုံး
  • မြန်မာ့မီးရထား (ဘူတာ/သံလမ်း/အချက်ပြ)
  • မှတ်တိုင်လျှပ်စစ်
  • မှတ်တိုင်နယ်မြေရဲစခန်း
  • မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ

 

စီးပွားရေးဆိုင်ရာအချက်အလက်များ    

၁၀။              ပေါင်းတည်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်ပါ၀င်ပြီး စီးပွားရေးအချက်အခြာ ကျသောမြို့ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် ဆောင်ရွက်ပါသည်။ ပေါင်းတည်မြို့နယ်သည် ကားလမ်း၊ ရထားလမ်းဆုံရာ လမ်းမပေါ်တွင်တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်တစ်မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်၊ စပါးဖြစ်ပါသည်။

မြေအသုံးချမှု

၁၁။              ပေါင်းတည်မြို့နယ်၏ အသားတင်စိုက်ပျိုးနိုင်သောမြေမှာ (၉၈၆၁၀) ဧကရှိပြီး၊ သစ်တောကြိုးဝိုင်း ကြိုးပြင်ဧရိယာ (၇၈၈၅၄) ဧကရှိပါသည်။ တစ်မြို့နယ်လုံး၏ အကျယ်အ၀န်းမှာ (၂၂၉၅၃၉) ဧကရှိပါသည်။

ဆည်မြောင်းတည်ရှိမှု

၁၂။              ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည်မှာ မြေသားတမံအမျိုးအစားဖြစ်ပြီး ရေ၀င်ဆံ့မှု (၂၅၂၀၀၀) ကုဗပေရှိပြီး၊ ၄င်းဆည်မှ အကျိုးပြုဧက (၄၅၀၀၀) အား စိုက်ပျိုးရေပေးဝေနိုင်လျှက်ရှိပါသည်။

ဆန်ဖူလုံမှုအခြေအနေ

၁၃။              အောက်ပါအတိုင်း တင်ပြအပ်ပါသည်-

                   (က)    လူဦးရေ                            –        ၁၃၇၄၆၁ ဦး

                   ( ခ )   ၀မ်းစာလိုအပ်ချက်              –        ၁၉၇၉၅၀၅ တင်း

                   ( ဂ )   စပါးစိုက်ဧက                     –        ၇၃၅၂၉ ဧက

                   (ဃ)    အသုံးပြုတင်း                    –        ၂၆၁၁၈၈၄ တင်း

                   ( င )   ပိုလျှံ/လိုအပ်မှု                    –        ၃၀၄၄၂၉၀ တင်း

                   ( စ )   ၀မ်းစာကျန်ရှိမှု                             –        ၃၀၄၄၂၉၀ တင်း

                   (ဆ)    ဆန်ဖူလုံမှု                         –        ၂၁၆.၅၆ %

ဆီဖူလုံမှုအခြေအနေ

၁၄။              အောက်ပါအတိုင်း တင်ပြအပ်ပါသည်-

                (က)    လူဦးရေ                            –        ၁၃၇၄၆၁ ဦး

                   ( ခ )   ဆီလိုအပ်ချက်                    –        ၁၃၄၇.၆၆ မ/တန်

                   ( ဂ )   ဆီထုတ်လုပ်မှု                    –        ၄၃၁၅.၄၉ မ/တန်

                   (ဃ)    ဆီဖူလုံမှု                           –        ၃၂၀.၂၂ %

မွေးမြူရေးဆောင်ရွက်ထားရှိမှု

၁၅။              ပေါင်းတည်မြို့နယ်၌  ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျွဲ (၄၈၂၇) ကောင်၊ နွား (၅၉၈၆၅) ကောင်၊ ၀က် (၂၇၀၂၇) ကောင်၊ သိုး/ဆိတ် (၃၉၆၃) ကောင်၊ ကြက် (၁၆၆၆၀၆၇) ကောင်၊ ဘဲ (၂၉၁၁) ကောင်တို့ မွေးမြူထားရှိ ပါသည်။

စက်မှုလက်မှုလုပ်ငန်း

၁၆။              ပေါင်းတည်မြို့နယ်တွင် ပုဂ္ဂလိကပိုင်စက်မှုလက်မှု လုပ်ငန်းအလုပ်ရုံ (၃၆) ရုံ၊ လုပ်သားအင်အား (၁၅၅၅) ဦးရှိပြီး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၈၅) ခု၊ လုပ်သားအင်အား (၃၂၉) ဦးရှိပါသည်။

ဓါတ်အားခွဲရုံများ

၁၇။              ပေါင်းတည်မြို့နယ်တွင် 33/11 EMVA နိုင်ငံပိုင်ဓါတ်အားခွဲရုံ (၂) ရုံရှိပြီး ဖြန့်ဖြူးသည့် ဓါတ်အား KV (၂၄၈၀၅) ဖြန့်ဖြူးပြီး ဌာနပိုင်ထရန်စဖော်မာ (၆၁) လုံးနှင့် ပုဂ္ဂလိကပိုင် (၂၁) လုံးရှိပါသည်။

ပွဲရုံများစျေးနှင့်ကုန်တိုက်များ

၁၈။              ပေါင်းတည်မြို့နယ်တွင် ပွဲရုံ (၁၅) ရုံရှိပြီး အဓိကရောင်း၀ယ်သည့်ပစ္စည်းများမှာ ဆန်စပါး၊ ပဲ၊ နှမ်း တို့ဖြစ်ပါသည်။ စျေးကြီး (၂) စျေးရှိပြီး၊ အစိုးရဘဏ် (၁) ခု၊ ပုဂ္ဂလိကဘဏ် (၂) ခုရှိပါသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး

၁၉။              ပေါင်းတည်မြို့နယ်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် အကြောင်းအရာ ၂၀၁၅၂၀၁၆ အသားတင် ထုတ်လုပ်မှု တန်ဖိုး ၂၀၁၆၂၀၁၇
ရည်မှန်းချက် တန်ဖိုး
၂၀၁၆၂၀၁၇ခုနှစ် ဆောင်ရွက်နိုင်မှု
တန်ဖိုး အကောင်

အထည်

ဖော်နိုင်မှု

 

တိုး

တက်မှု

%

ထုတ်လုပ်မှုတန်ဖိုး ၁၂၇၈၀၈.၃ ၁၂၇၈၀၈.၃ ၁၀၁၈၇.၃ ၆.၄ -၂၀.၃
ဝန်ဆောင်မှု ၃၁၁၄၈.၅ ၃၁၁၄၈.၅ ၉၃၀၇.၈ ၂၄.၂ ၂၀.၄
ကုန်သွယ်မှုတန်ဖိုး ၄၅၈၁၄.၆ ၄၅၈၁၄.၆ ၃၆၀၅.၉ ၈.၅ -၁.၀
အသားတင်ထုတ်လုပ်မှု နှင့်ဝန်ဆောင်မှုတန်ဖိုး ၂၀၄၇၇၁.၄ ၂၀၄၇၇၁.၄ ၂၃၁၀၁.၀ ၉.၆ -၃.၆

လူမှုရေးဆိုင်ရာအချက်အလက်များ

ပညာရေး

၂၀။              ပေါင်းတည်မြို့နယ်၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အထကကျောင်း (၅) ကျောင်း၌ ဆရာ/မ (၁၄၃၂) ဦး၊ ကျောင်းသားဦးရေ (၁၇၈၈၁) ဦး၊ အလကကျောင်း (၇) ကျောင်း၌ ဆရာ/မ (၃၄) ဦး၊ ကျောင်းသားဦးရေ (၅၆၈၈) ဦး၊ အမကကျောင်း (၁၃၄) ကျောင်း၌ ဆရာ/မ (၇၉၈) ဦး၊ ကျောင်းသားဦးရေ (၁၀၃၈၀) ဦးနှင့် ဘုန်းတော်ကြီးကျောင်းသင်ပညာရေးကျောင်း (၄) ကျောင်း၌ ဆရာ/မ (၁၀) ဦး၊ ကျောင်းသား ဦးရေ (၁၆၈) ဦးရှိပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်၀င်တန်းဖြေဆိုသူ (၁၁၅၆) ဦးအနက် အောင်မြင်သူ (၃၅၄) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း (၃၅.၅၇) ရှိပါသည်။

ကျန်းမာရေး

၂၁။              ပေါင်းတည်မြို့နယ်တွင် ကုတင် (၅၀) ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ (၁) ရုံ၊ (၁၆) ကုတင်ဆံ့တိုက်နယ် ဆေးရုံ (၂) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၆) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၉) ခု၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာန (၁) ခု၊ မြို့နယ်ကျန်းမာရေးဌာန (၁) ခု၊ ရောဂါတိုက်ဖျက်ရေး (၃) ခုရှိပြီး လက်ရှိဆရာ၀န်ဦးရေ (၉) ဦး၊ သူနာပြု (၂၃) ဦး၊ ကျန်းမာရေးမှူး (၈) ဦး၊ သားဖွား၀န်ထမ်း (၄၄) ဦး၊ ကျန်းမာရေး၀န်ထမ်း (၆) ဦး စုစုပေါင်း (၁၇၉) ဦးရှိပါသည်။

လူမှုရေးအသင်းအဖွဲ့

၂၂။              ပေါင်းတည်မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့၀င် (၁၅၃၁၈) ဦးနှင့် မိခင်နှင့်ကလေးအသင်း၀င် (၁၃၉၃၁)၊ စစ်မှုထမ်းဟောင်း (၂၉၇) ဦး၊ ကြက်ခြေနီအသင်း၀င် (၅၅၆) ဦး၊ အရန်မီးသတ်တပ်ဖွဲ့၀င် (၇၇၆) ဦးတို့ ရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၂၃။              ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကျေးရွာအုပ်စု၊ ပျဉ်စင် ကျေးရွာနှင့် ရေတွင်းမြောင်ကျေးရွာ ချောင်းကူးကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၅၀)၊ ပြည်သူထည့်၀င်ငွေ ကျပ်သိန်း (၂၀) တို့ဖြင့် ဆောင်ရွက်ရန် (၂၂.၇.၂၀၁၆) ရက်စွဲပါစာ အမှတ်  ၃ / ၅၁ – ၃ / ဦး ၅ ဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားရှိပြီးဖြစ်ပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၂၄။              ပေါင်းတည်မြို့နယ်တွင် ရှေ့ဟောင်း ယဉ်ကျေးမှုနယ်မြေများတင်ပြရန်မရှိပါ။

ဒေသသမိုင်းအကျဉ်း

၂၅။              ပေါင်းတည်မြို့နယ်သည် ဒွတ္တဘောင်မင်း(၁၀၁-၁၀၇) ခုနှစ်၌ သရေခေတ္တရာမြို့ကိုတည်ထားပြီး နောက် ကင်းမြို့ (၇) မြို့တည်ထားခဲ့ရာတွင် ကျွန်းပင်ချောင်း၊ ရွှေလေးချောင်း၊ လှေဆိုင်ချောင်း၊ တောင်ညို ချောင်း၊ စုစုပေါင်း (၄) ချောင်း ကိုမှီ၍ နေထိုင်ကြသော ပျူလူမျိုးတို့အပေါ်တွင် အကြီးအမှူးဦးစီးခေါင်းဆောင် ခန့်ထား၍  အုပ်ချုပ်သူများ  အတည်တကျနေနိုင်ရန်အတွက် ပျူအိမ်ထောင်စုများကို ခွဲထုတ်စုပေါင်းတည်ထားမှုကို အကြောင်းပြု၍ ပေါင်းတည်မြို့ဟုခေါ်တွင်ခဲ့ပါသည်။

အထင်ကရပွဲတော်များ

၂၆။              အောက်ပါအတိုင်းဖြစ်ပါသည်-

                   (က)    အထင်ကရပွဲတော်     –        ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲ

              (ခ )    ကျင်းပသည့်အချိန်     – နှစ်စဉ် တော်သလင်းလဆန်း (၁၂) ရက်နေ့မှ လပြည့်ကျော် (၁)  ရက်နေ့အထိ (၅) ရက်တိုင်တိုင်

FB_IMG_1472955256185FB_IMG_1472955351552IMG_0056

သမိုင်းကြောင်း

၂၇။              မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး တေဇောဓါတ် လောင်ကျွမ်းပြီးနောက်ကျန်ရှိသော ဓါတ်တော် များအနက် အသမ္ဘိန္နဓါတ်၊  စွယ်တော်မြတ်တစ်ဆူဖြစ်သော အောက်လက်ဝဲစွယ်တော်သည် ကလိင်္ဂရာဇ်ပြည်၊ ဒန္တပူရမြို့၌ တည်ထားပူဇော်ပြီး နောင်အခါတွင် သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) ၌ ယနေ့ထက်တိုင် ပူဇော်ထား လေ့ရှိပါသည်။

၂၈။              မြတ်စွာဘုရား၏ အသမ္ဘိန္နဓါတ်တော်ဖြစ်သော အောက်လက်ဝဲစွယ်တော်နှင့်အတူ (၁၅) ရက်တိုင် တိုင် ကိန်းဝပ်တော်မူပြီး (၁၂၅၉) ခုနှစ်၊ တော်သလင်းလဆန်း (၁၃) ရက်နေ့ နေ့လယ် (၂) နာရီခွဲအချိန်၊ အထူးမီးရထားဖြင့် ပေါင်းတည်မြို့သို့ပင့်ဆောင် ရောက်ရှိခဲ့ပြီး ရွှေကျောင်းကြီးတိုက်ဝန်း သကျမုနိမိုဃ်းကောင်း ဘုရားကြီးအတွင်းရှိ ရွှေဂန္ဓကုဋိတိုက်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျှက် နှစ်စဉ်မပျက်စည်ကား သိုက်မြိုက် စွာကျင်းပခဲ့ပါသည်။

၂၉။              ပေါင်းတည်မြို့သို့ ရောက်ရှိလာပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာမှ ဒုတိယကမ္ဘာစစ် အတွင်း (၁၃၀၄) ခု၊ (၁၃၀၅) ခု၊ (၁၃၀၆) ခုနှစ်များတွင် လှည့်လည်ပူဇော်ပွဲကြီးကို မကျင်းပ နိုင်ဘဲ (၃) နှစ်တိုင်တိုင် ရပ်နားခဲ့ရာမှ ပြန်လည်ကျင်းပခဲ့ရာ ယခု (၁၃၇၈) ခုနှစ်တွင် (၁၁၉) နှစ် တိတိရှိပြီးဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည် အပူဇော်ခံပွဲတော်အကြိမ်မြောက်ကို ရေတွက်ခဲ့ရာ ယခုနှစ်နှင့်ဆိုလျှင် (၁၁၆) ကြိမ်မြောက်ပင် ရှိခဲ့ပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 နိဂုံး

၃၀။              ‌ပေါင်းတည်မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနသည် အထက်အဖွဲ့ အစည်းအဆင့်ဆင့်၏ လမ်းညွှန်ချက်များနှင့်အညီ ‌ပေးအပ်‌သောလုပ်ငန်းတာဝန်များကို ‌အောင်မြင်‌အောင်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်လျှက်ရှိပါ‌ကြောင်းနှင့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုများကို သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါသည်။