Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / စည်ပင်သာယာရေးအဖွဲ့ / ပဲခူးတိုင်ဒေသကြီးအတွင်းရှိ မြို့နယ်များ စည်ပင်သာယာရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စက်ယန္တရားများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်

ပဲခူးတိုင်ဒေသကြီးအတွင်းရှိ မြို့နယ်များ စည်ပင်သာယာရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် စက်ယန္တရားများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်

ဧပြီ ၁၁ (ပဲခူး)

==============

          ပဲခူးတိုင်းဒေသကြီးသည် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိရာ၊ မြို့နယ်တိုင်း မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွှတ်စေရန်အတွက် ပဲခူးတိုင်းဒေသကြီ အစိုးရအဖွဲ့မှ အဓိကဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

          ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် (5) Ton Back Hoe (အလတ်) (၂၈)စီး၊ အမှိုက်ကား Dump Truck(SKAT) (၉၆)စီး၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck (၁၄)စီး၊ အမှိုက်ကွန်တိန်နာပုံး (၄၀)လုံး၊ (၆၆၀)လီတာဆံ့ အမှိုက်ပုံး (၁၈၀)လုံးတို့အား ဝယ်ယူခဲ့သည်။

          အဆိုပါဝယ်ယူခဲ့သည့် စက်/ယာဉ်/ယန္တရားများနှင့်ပတ်သက်၍ (5)Ton Back Hoe ယာဉ်အား မြို့နယ်(၁)ခုလျှင် (၁)စီးနှုန်းဖြင့်လည်းကောင်း၊ အမှိုက်ကား Dump Truck (SKAT) ယာဉ်အား ကျောက်တံခါး၊ ညောင်လေးပင်၊ တောင်ငူ၊ ဒိုက်ဦး၊ ပဲခူး၊ ဖြူး၊ ရေတာရှည်၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း၊ သာယာဝတီ စသည့်မြို့နယ်တို့အား မြို့နယ်(၁)ခုလျှင် (၄)စီးနှုန်းဖြင့်လည်းကောင်း၊ ကဝ၊ ကျောက်ကြီး၊ ထန်းတပင်၊ ရွှေကျင်၊ ဝေါ၊ သနပ်ပင်၊ အုတ်တွင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ မင်းလှ၊ မိုးညို၊ လက်ပံတန်း၊ အုတ်ဖိုစသည့် မြို့နယ်တို့အား မြို့နယ်(၁)ခုလျှင် (၃)စီးနှုန်းဖြင့်လည်းကောင်း၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck ယာဉ်အား တောင်ငူ၊ ပဲခူး၊ ရေတာရှည်၊ ဖြူး၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ စသည့်မြို့နယ်တို့အား မြို့နယ်(၁)ခုလျှင် (၂)စီးနှုန်းဖြင့် လည်းကောင်း ၂၀၁၈ ခုနှစ်၊ မတ်လ၊ နောက်ဆုံးပတ်တွင် ဒုတိယအကြိမ်အဖြစ် လွဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။

          ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် (5)Ton Back Hoeယာဉ်(၁)စီး၊ (3)တန်ခွဲBack Hoeယာဉ်(၄)စီး၊ Dump Truckယာဉ်(၂၃)စီး၊ အမှိုက်သိမ်းယာဉ် Hydraulic Garbage Truck(၁၃)စီး၊ Tank(၅၂)လုံးတို့အား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့  ပထမအကြိမ် လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရှိရသည်။