Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦ:စီးဌာန၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအား ဝန်ကြီးဦးညွန့်ရွှေ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦ:စီးဌာန၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအား ဝန်ကြီးဦးညွန့်ရွှေ ကြည့်ရှုစစ်ဆေး

စက်တင်ဘာ ၁၀(ပဲခူး)
===========================================

စက်တင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ပဲခူးမြို့၊ မဟာဗန္ဓုလလမ်း၊ လိပ်ပြာကန်ရပ်ကွက်၌ ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၄)ထပ်၊ အရှည်(၇၁)ပေ၊ အကျယ်(၂၈)ပေရှိ RCC တည်ဆောက်နေမှုအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီအောင်တည်ဆောက်ရန်နှင့် ဘတ်ဂျက်နှစ်အတွင်း အချိန်မီပြီးစီးအောင် ရွက်သွားရန်သွားရန် မှာကြားခဲ့သည်။
အဆိုပါအဆောက်အဦသည် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ခွင့်ပြုငွေကျပ်သန်း (၁၇၅.၅)သန်းဖြင့် Max Trust ကုမ္ပဏီမှ တည်ဆောက်နေကြောင်း သိရသည်။