Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အား edotco Myanmar Limited မှလာရောက်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အား edotco Myanmar Limited မှလာရောက်တွေ့ဆုံ

ပဲခူး သြဂုတ် ၁
သြဂုတ်လ(၁)ရက်နေ့လယ်(၂းဝဝ)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဧည့်ခန်းမ၌ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းအား edotco Myanmar Limited မှတာဝန်ရှိသူများက မိမိတို့လုပ်ငန်းဖြစ်သည့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်သည့်လမ်းညွှန်မှုများပြုပေးနိုင်ရန် လာရောက်တွေ့ဆုံခဲ့သည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်မှအတည်ပြုပြီးစုံစမ်းရေး
အဖွဲ့ ဖွဲ့ပေးမည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။
ယင်းဆွေးနွေးပွဲသို့စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးသန်းဝင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်း၊တိုင်းဒေသကြီးဆက်သွယ်ရေးဦးစီးဌာနတိုင်းမန်နေဂျာဦးမြင့်နိုင်တို့တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပဲခူးခရိုင်ပြန်/ဆက်