Home / မီဒီယာ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေး

(၁၈-၈-၂၀၁၆) ရက်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့သည် ဝေါမြို့နယ် လေဘေးသင့်နေရာများသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင် ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါသည်။

13934635_1649320822049183_3442406589528612581_n

အဆိုပါအခမ်းအနား တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြော ကြားပြီး၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ ဌာန၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးပစ္စည်များ အချိန်မီထောက်ပံ့ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။