ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် i-Land Park Myanmar Limited မှ တာဝန်ရှိသူများလာရောက်တွေ့ဆုံ

ပဲခူး သြဂုတ် ၁။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဧည့်ခန်းမ၌ သြဂုတ်လ(၁)ရက် နံနက်(၀၉: ၃၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းအား i-Land Park Myanmar Limited မှတာဝန်ရှိသူများက စက်မှုဥယျာဉ် မြို့တော်အတွင်းတွင် စက်မှုဇုန်များအပြင် Residential နှင့် Commercial Project များထပ်မံ ရင်းနှီးလုပ်ဆောင်ရန်အတွက် တင်ပြဆွေးနွေးရန်၊စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပေးနိုင်ပါရန်နှင့် ပဲခူးမြို့နယ်ဘောနတ်ကြီးကျေးရွာ အုပ်စု နောင်ကွမ်ကွင်း၊ကွင်းအမှတ်(၁၃၉၃)၊ဦးပိုင်အမှတ်(၃၉)၊ဧရိယာ(၃၄.၅၂)ဧကကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားနိုင်ရေးအတွက် မြေပုံကူးခွင့်လျှောက်ထားသည့်ကိစ္စရပ်များကိုလမ်းညွှန်မှုခံယူလိုပါသဖြင့်လာရောက် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးညွှန့်ရွှေ၊စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးသန်းဝင်း၊တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းဦးစီးဌာန အင်္ဂျီနီယာမှူးကြီး
ဦးလှဖုန်း၊စီမံကိန်းရေးဆွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ဝေတို့တက်ရောက်ဆွေးနွေးခဲ့သည်။

ပဲခူးခရိုင်ပြန်/ဆက်