Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ ခုနှစ်သောင်းခွဲနီးပါး တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ ခုနှစ်သောင်းခွဲနီးပါး တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် စတင်ဖြေဆို

မတ် ၇ (ပဲခူး)
==================================

မတ်လ(၇)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန(၁၄၂)ခု၌ ကျောင်းသား/သူ(၇၄၃၁၃)ဦးဖြေဆိုရန်စာရင်းပေးသွင်းထားရှိပြီးမြန်မာစာဘာသာရပ်ကိုကောင်းမွန်စွာစတင်ဖြေဆိုလျှက်ရှိကြကြောင်းသိရသည်။
မတ်လ(၇)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် ပဲခူးအရှေ့ခြမ်းတွင် စာစစ်ဌာန (၈၉)ခု၌ ကျောင်းသား/သူ (၄၇၄၃၀)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပဲခူးအနောက်ခြမ်းတွင် စာစစ်ဌာန(၅၃)ခု၌ ဖြေဆိုမည့်သူ(၂၆၈၈၃)ဦး စုစုပေါင်းစာစစ်ဌာန (၁၄၂)ခုတွင် ဖြေဆိုမည့်သူ(၇၄၃၁၃)ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။
ထို့အတူ ပဲခူးမြို့နယ်အတွင်း၌လည်း ပဲခူးမြို့ပေါ်တွင် အထက(၁/၂/၃/၄/၅/၆) စာစစ်ဌာနများ၊ မြို့နယ်အတွင်းတွင် အထက-ဇောင်းတူစာစစ်ဌာန၊ အထက-ကျောက်တန်းစာစစ်ဌာန၊ အထက-ထန်းတောကြီးစာစစ်ဌာန၊ အထက-ထုံးကြီးစာစစ်ဌာန၊ အထက-ပျဉ်ပုံကြီးစာစစ်ဌာန၊ အထက-ဘုရားကြီးစာစစ်ဌာနနှင့် အထက-အင်းတကော်စာစစ်ဌာနဟူ၍ စာစစ်ဌာန(၁၃)ခုထားရှိပေးထားပြီး တက္ကသိုလ်ဝင်တန်း အတွဲ (၁/၂/၇)တို့တွင် အတွင်း/အပြင်မှ ဝင်ရောက်ဖြေဆိုရန် အထက(၁)စာစစ်ဌာနတွင် ကျောင်းသား/သူ(၁၁၈၆)ဦး၊ အထက(၂)စာစစ်ဌာနတွင် (၇၄၉)ဦး၊ အထက(၃)စာစစ်ဌာနတွင် (၁၀၁၄)ဦး၊ အထက(၄)စာစစ်ဌာနတွင် (၇၇၄)ဦး၊ အထက(၅)စာစစ်ဌာနတွင် (၉၄၆)ဦး၊ အထက(၆)စာစစ်ဌာနတွင် (၆၆၂)ဦး၊ အထက-ဇောင်းတူစာစစ်ဌာနတွင် (၁၀၇)ဦး၊ အထက-ကျောက်တန်းစာစစ်ဌာနတွင် (၂၉၈)ဦး၊ အထက-ထန်းတောကြီး စာစစ်ဌာနတွင်(၂၃၄)ဦး၊ အထက-ထုံးကြီး စာစစ်ဌာနတွင်(၂၅၅)ဦး၊ အထက-ပျဉ်ပုံကြီး စာစစ်ဌာနတွင်(၃၅၅)ဦး၊ အထက-ဘုရားကြီး စာစစ်ဌာနတွင်(၇၂၈)ဦး၊ အထက-အင်းတကော် စာစစ်ဌာနတွင်(၆၈၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၇၉၈၈)ဦးဖြေဆိုရန် စာရင်းသွင်းထားရှိသည်။ စာစစ်ဌာနအသီးသီးအား ပဲခူးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများမှ ကွင်းဆင်းကြီးကြပ်ကာ သက်ဆိုင်ရာစာစစ်ဌာနအလိုက် တာဝန်ပေးအပ်ခြင်းခံရသူများက ကြီးကြပ်ရေးမှူးများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခင်နှစ်က ပဲခူးမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခုသာ ထားရှိသော်လည်း ယခုနှစ်တွင် ဇောင်းတူကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား/သူများအတွက် အထက-ဇောင်းတူ စာစစ်ဌာနတစ်ခု တိုးချဲ့ထားရှိပေပြီး အဆိုပါစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ(၁၀၇)ဦးရှိကြောင်း သတင်းရရှိသည်။