Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

သြဂုတ် ၈ (ပဲခူး)
============================

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများရှိ ပြည်သူများအသုံးပြုနိုင်ရန် သြဂုတ်လ(၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓဓမ္မဗိမာန်(ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံး)သို့ မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ တမိလ်ဟိန္ဒူဖောင်ဒေးရှင်းမှ အလှူငွေကျပ်သိန်း(၅၀)တန်ဖိုးရှိ ဆန်(၉၀)အိတ်၊ ဆီ (၅၀)ဖာ၊ ငါးသေတ္တာ(၄၀)ဖာတို့အား လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်ဖြန့်ဝေပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ အလှူရှင်မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံးရှိ အလှူငွေနှင့် ပစ္စည်းများအား မြို့နယ်အလိုက် ဖွင့်လှစ်ထားရှိသော ရေဘေးကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ်ပို့ဆောင် ပေးလျက်ရှိကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သြဂုတ်လ(၈)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်း (၁၇)ခု ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။