Home / ပဲခူးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ

ပဲခူးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်များ

IMG_3129

တည်နေရာအကျယ်အဝန်း

၁။      ပဲခူးတိုင်းဒေသကြီးသည် ‌မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၄၇မိနစ် မှ ၁၉ဒီဂရီ ၂၀မိနစ်ကြား  အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ၃၅မိနစ်မှ ၉၇ဒီဂရီ၁၀မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၁၅၂၁၄.၁၃) စတုရန်းမိုင် ကျယ်ဝန်းပါ သည်။ အရှေ့မှအနောက်သို့ (၁၄၈.၂၃)မိုင်ရှိပြီး တောင်မှ မြောက်သို့ (၁၆၇.၂၆)မိုင် ရှည်လျားပါသည်။

စဉ် ခရိုင် ခရိုင်ဧရိယာစတုရန်းမိုင် ခရိုင်ရှိမြို့များ၏ဧရိယာစတုရန်းမိုင်ပေါင်း
ပဲခူး ၅၃၄၉.၃၅ ၉၅.၈၄၅
တောင်ငူ ၄၀၉၅.၀၃၃ ၂၇.၉၇၄
ပြည် ၂၉၆၆.၃၆ ၃၅.၅၈၈
သာယာဝတီ ၂၈၀၃.၃၆ ၁၆.၃၈၁
တိုင်းချုပ် ၁၅၂၁၄.၁ ၁၇၅.၇၈၈

 


ပင်လယ်ရေမျက်နှာပြင်အမြင့်

၂။      ပဲခူးတိုင်းဒေသကြီး၏ တိုင်းရုံးစိုက်ရာ ပဲခူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၃၁)ပေ အထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ပဲခူးရိုးမတောင်တန်းဖြစ်၍ ပဲခူးရိုးမတောင်သည် မြောက်မှတောင်သို့ မိုင်(၂၀၀)ကျော် ရှည်လျား ပါသည်။ အမြင့်မှာပေ(၂၀၀၀)ရှိပါသည်။

ရာသီဥတု

၃။      ပဲခူးတိုင်းဒေသကြီးသည် ပူအိုက်စွတ်စိုသည့် ရာသီဥတုဖြစ်ပြီး၊ အမြင့်ဆုံးအပူချိန်(၄၄°c)နှင့် အနိမ့်ဆုံး အပူချိန်မှာ (၉.၆°c) ဖြစ်ပါ သည်။

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၄။     ပဲခူးတိုင်းဒေသကြီး၏ အုပ်ချုပ်ရေးနယ်မြေ  ဖွဲ့စည်းမှု အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် ခရိုင် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
ပဲခူး ၁၆ ၁၁၂ ၄၆၈ ၁၄၅၄
တောင်ငူ ၁၃ ၈၆ ၂၅၈ ၁၃၉၅
ပြည် ၁၀ ၅၃ ၂၈၈ ၁၅၅၆
သာယာဝတီ ၁၂ ၇၄ ၃၉၆ ၂၀၃၆
တိုင်းချုပ် ၂၈ ၅၇ ၃၂၅ ၁၄၁၀ ၆၄၄၁

အုပ်ချုပ်ရေးမှူးရုံးများ

၅။      ပဲခူးတိုင်းဒေသကြီး၏ခရိုင်၊မြို့နယ်၊မြို့နှင့်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ခရိုင် ခရိုင်ရုံး မြို့နယ်ရုံး မြို့ရုံး ရပ်ကွက်ရုံးပေါင်း ကျေးရွာအုပ်စုရုံးပေါင်း
ပဲခူး ၁၁၁ ၄၃၈
တောင်ငူ ၇၇ ၂၄၉
ပြည် ၄၉ ၂၈၈
သာယာဝတီ ၇၄ ၃၉၆
တိုင်းချုပ် ၂၈ ၂၃ ၃၁၁ ၁၃၇၁

မှတ်ချက်။    –       မြို့အုပ်ချုပ်ရေးမှူးရုံး(၂၀)အနက်(၁၃)ရုံးမှာ ရုံးဆောက်ပြီးရုံးဖွင့်လှစ်လျက်ရှိပါသည်။

စစ်ကွင်း၊ အိုးသည်ကုန်း၊ တာပွန်၊ကျွဲပွဲ၊ ကညွတ်ကွင်း၊ ဖဒို၊ ပိန်းဇလုပ် မြို့အုပ်ချုပ်ရေးမှူး ရုံး(၇)ရုံးမှ မြို့ရုံးဆောက်လုပ်ရန် ရန်ပုံငွေ ရရှိပြီးဖြစ်၍ ဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီး ယာယီရုံးဖွင့်လှစ်ထားရှိပါသည်။

  • ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် မြို့အဖြစ်ဖွဲ့စည်းခွင့်ရရှိခဲ့သည့် မြို့လှ၊ ရေနီ၊ အင်းမတို့မှာ ရုံးဖွဲ့စည်းပုံရရှိခြင်းမရှိ သေးပါ။             

စီပွားရေး

၆။      ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အောက်ပိုင်းတွင်တည်ရှိပြီး စီးပွားရေးအရ အချက်အခြာ ကျသော ဒေသတစ်ခုဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူလူထုသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို စီးပွားဖြစ်အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ပဲခူးတိုင်းဒေသကြီးသည် ကားလမ်း၊ မီးရထားလမ်းဆုံရာ/ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော ဒေသဖြစ်ပါသည်။ ပဲခူးတိုင်း ဒေသကြီး၏ အဓိကထွက်ကုန်မှာ ဆန်၊စပါး၊ပဲမျိုးစုံဖြစ်ပြီး ထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးနှင့် အထက်မြန်မာပြည် မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါသည်။

၇။      ပဲခူးတိုင်းဒေသကြီးရှိ ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာမှာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

စဉ် အကြောင်းအရာ ဆည်အမျိုးအစား စုစု ပေါင်း အကျိုးပြု ဧက
ရေလှောင်

တမံ

ကျောက်

စီ

ကွန်

ကရစ်

သစ်/ မြေသား လက် ရိုက် ရေလွဲ
အစိုးရဆည် ၂၉ ၄၈ ၁၂ ၁၀၀ ၁၄၃၈၉၉၁
ကိုယ့်အား ကိုယ်ကိုးဆည် ၁၀ ၂၀ ၁၁ ၄၁ ၁၉၁၇၁၇
တိုင်းချုပ် ၃၉ ၆၈ ၂၃ ၁၄၁ ၁၆၃၀၇၀၈

၈။      စက်ရုံများ

စဉ် အကြောင်းအရာ အရေအတွက် နိုင်ငံပိုင် ပုဂ္ဂလိကပိုင် လုပ်သားအင်အား
စက်ရုံများ ၂၇၅ ၂၄ ၂၅၁ ၂၃၂၅၈
အလုပ်ရုံ ၃၇၇ ၃၇၇ ၅၀၀၅
တိုင်းချုပ် ၆၅၂ ၂၄ ၆၂၈ ၂၈၂၆၃

၉။      အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ

စဉ် လုပ်ငန်းအမျိုးအစား
ယက္ကန်း စက်ချုပ် မုန့် ပန်း ထိမ် ပန်းပဲ ပန်းချီ ပန်းပု အိုး အခြား
 ၁ ၆၃ ၁၅၄၂ ၃၀၈ ၂၇၆ ၁၆၃ ၁၄၅ ၂၄၉

လူမှုရေး

၁၀။    ပညာရေးကဏ္ဍ

ပဲခူးတိုင်းဒေသကြီး၏ ပညာရေးကဏ္ဍဆိုင်ရာအချက်အလက်များ

စဉ် တက္ကသိုလ်/

ကောလိပ်/

သိပ္ပံကျောင်းပေါင်း

အထက အလက အမက မူလတန်းကြို ဘုန်းတော်ကြီးသင်

ပညာရေးကျောင်း

မှတ်ချက်
၁၂ ၂၁၂ ၂၇၇ ၄၁၉၃ ၄၃၃ ၁၄၄

၁၁။    သင်ကြားမှု၊သင်ယူမှု၊အထောက်အကူပြု စာသင်ခန်းများ ဖွင့်လှစ်နိုင်မှုအခြေအနေ

စဉ် အကြောင်းအရာ စာရင်းရှိ Media တပ်ပြီး 3PLT တပ်ပြီး 2PLT တပ်ပြီး 1PLT တပ်ပြီး ပေါင်း
အထကကျောင်း ၂၁၈ ၈၈ ၉၆ ၁၈၉
အလကကျောင်း ၃၁၄ ၁၄ ၁၃၇ ၇၉ ၅၂ ၂၈၂
အမကကျောင်း ၄၀၆၀ ၃၆ ၆၈၅ ၃၂၃၈ ၃၉၆၀
တိုင်းချုပ် ၄၅၉၂ ၁၀၃ ၂၆၉ ၇၆၉ ၃၂၉၀ ၄၄၃၁

၁၂။    စာကြည့်တိုက်များ ဖွင့်လှစ်နိုင်မှု

စဉ် အုပ်ချုပ်ရေး ပညာရေး ပြန်ဆက် ဘုန်းကြီးကျောင်း အခြား ပေါင်း
 ၁ ၄၈၂ ၉၃၀ ၃၆၀ ၁၈၃ ၆၇၄ ၂၆၂၉

၁၃။    ပဲခူးတိုင်းဒေသကြီး၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များ

စဉ် ဆေးရုံပေါင်း ကုတင် အရေအတွက် ဆေးပေးခန်း   ကျေးလက် ကျန်းမာရေး ဌာန ကျေးလက် ကျန်းမာ ရေးဌာနခွဲ
အစိုးရ ပုဂ္ဂ  လိက အစိုးရ ပုဂ္ဂလိက ပေါင်း
 ၁ ၉၅ ၁၄ ၃၅၉၁ ၄၁ ၁၃၉ ၁၈၀ ၁၉၃ ၈၄၇

 ၁၄။    ၂၀၁၄ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ပဲခူးတိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသည့် အသင်း များ-

စဉ် မြို့နယ် အသင်းအမည် မှတ်ချက်
တောင်ငူ မေတ္တာရှင်ပရဟိတ/ အခမဲ့နာရေးကူညီမှုအသင်း
ပဲခူး ဓမ္မဝိဟာရလူမှုကူညီရေးအသင်း
ပဲခူး သုခဒါယီနာမှုကူညီရေးအသင်း
တောင်ငူ ပဲခူးတိုင်းဒေသကြီးဆင်ပိုင်ရှင်များအသင်း

 ၁၅။    ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသည့်အသင်းများ-

စဉ် မြို့နယ် အသင်းအမည် မှတ်ချက်
တောင်ငူ မေတ္တာနှင့် စေတနာ လူမှုရေးကူညီမှုအသင်း
တောင်ငူ ရင်ခုန်သံနာရေးကူညီမှုအသင်း

၁၆။    ၂၀၁၄ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြု ထားသည့် အသင်းများ-

စဉ် မြို့နယ် အသင်းအမည် မှတ်ချက်
တောင်ငူ ကေတုမတီဘိုးဘွားရိပ်သာအသင်း
တောင်ငူ ဇေယျာသီရိမိဘမဲ့အသင်း
တောင်ငူ အမှတ်(၆)ရပ်ကွက် နာရေးကူညီမှုအသင်း
တောင်ငူ မီးသတိပေးလှုံ့ဆော်ရေးပရဟိတအသင်း
ဖြူး အသောကံဇီဝိတဒါနကုသိုလ်တော်အသင်း
ဖြူး အခမဲ့နာရေးကူညီမှုအသင်း
ကျောက်ကြီး သရေ-ဒေါ့ဖဲပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း
ညောင်လေးပင် ကရုဏာလူမှုကူညီရေးအသင်း
ကျောက်ကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း
၁၀ ကျောက်ကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း
၁၁ သာယာဝတီ ကရုဏာရှင်(သုံးဆယ်)လူမှုကူညီရေးအသင်း
၁၂ သာယာဝတီ ကရုဏာသွေးအလှူရှင်များအသင်း
၁၃ သာယာဝတီ စိတ္တသုခနာရေးကူညီမှုပရဟိတအသင်း
၁၄ သာယာဝတီ အသံချဲ့စက်လုပ်ငန်းရှင်များအဖွဲ့
၁၅ သာယာဝတီ ရွက်သစ်ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးဆောင်ရွက်မှုအဖွဲ့
၁၆ သာယာဝတီ စေတနာလူမှုကူညီရေးအသင်း
၁၇ သာယာဝတီ ငြိမ်းချမ်းရေးနာရေးကူညီမှုအသင်း
၁၈ သာယာဝတီ မေတ္တာရှင်ပရဟိတလူမှုကူညီရေးအသင်း
၁၉ သာယာဝတီ စေတနာရှင်နာရေးကူညီမှုအသင်း
၂၀ သာယာဝတီ ကျေးဇူးသစ္စာပရဟိတအသင်း
၂၁ ကြို့ပင်ကောက် မြတ်မွန်စေတနာကလျာဏမိတ္တနာရေးကူညီမှုအသင်း
၂၂ ကြို့ပင်ကောက် ရွှေနှလု့းသားသွေးအလှူရှင်အသင်း
၂၃ ကြို့ပင်ကောက် မေတ္တာပန်းခင်းအစ္စလာမ်လူငယ်သာရေးနာရေး
၂၄ ကြို့ပင်ကောက် လူငယ်အားမာန်ပရဟိတနာရေးကူညီမှုအသင်း
၂၅ မိုးညို ရွေမိုးညိုလူမှုကူညီရေးအသင်း(မိုးညို)
၂၆ မိုးညို နှလုံးလှအောက်စီဂျင်အခမဲ့ကူညီမှုအသင်း
၂၇ သာယာဝတီ မွန်မြတ်ကရုဏာပရဟိတအသင်း
၂၈ သာယာဝတီ Bo Kyaw Than ပရဟိတဖောင်ဒေရှင်းအသင်း
၂၉ သာယာဝတီ ပရဟိတအဖွဲ့
၃၀ မိုးညို မြို့နယ်မျက်စိရောဂါကုသရေးကူညီမှုအသင်း
၃၁ မိုးညို နှလုံးလှအောက်စီဂျင်အခမဲ့ကူညီမှုအသင်း
၃၂ မိုးညို မြင့်မြတ်ဖြူစင်နာရေးကူညီမှုအသင်း
၃၃ မိုးညို မေတ္တာစမ်းရေပရဟိတအသင်း
၃၄ အုတ်ဖို သန္တိသုခလူမှုကူညီရေးအသင်း
၃၅ အုတ်ဖို ဇေယျသုခပရဟိတအသင်း
၃၆ အုတ်ဖို မေတ္တာနာရေးကူညီမှုအသင်း
၃၇ အုတ်ဖို စိတ္တသုခကျန်းမာရေးကူညီမှုအသင်း
၃၈ အုတ်ဖို တောင်ညိုလေးတောရလူငယ်ဖွံ့ဖြိုးရေးပရဟိတအသင်း

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၁၇။    ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြို့/ကျေးလက်၊ ကျေးရွာ ချင်းဆက်လမ်းများ၊ တံတားများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းများ၊ ကျေးလက်အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်အိမ်သာလုပ်ငန်းများအား မြို့နယ်များအလိုက်ဆောင်ရွက် လျက်ရှိပါ သည်။

၁၅။    အစိုးရပြည်သူဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မြို့နယ်များအလိုက် လမ်း လုပ်ငန်း၊ တံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများအား မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိပါသည်။  

ယဉ်ကျေးမှုနယ်မြေများ

၁၈။    ပဲခူးတိုင်းဒေသကြီး၊   ပဲခူးခရိုင်အတွင်း ယဉ်ကျေးမှုနယ်မြေအဖြစ် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်တွင် ကမ္ဘောဇသာဒီ နန်းတော်ရာ တည်ရှိပြီး အဆိုပါ နန်းတော်ကြီးကို သက္ကရာဇ်(၉၁၅)ခု၊ (အေဒီ ၁၅၅၃)၊ နတ်တော်လဆန်း(၁၃)ရက်၊ သောကြာနေ့တွင် တည်ဆောက်ခဲ့ပြီး နန်းတော်ရာမြေကို ကမ္ဘောဇသာဒီဟု ခေါ်တွင်စေခဲ့ပါသည်။

၁၉။    ပြည်ခရိုင်အတွင်း ယဉ်ကျေးမှုနယ်မြေအဖြစ် ပြည်မြို့၊ ၂၀၁၄ခုနှစ်၊ ဇွန်လ(၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံ ပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း၀င်အဖြစ် သတ်မှတ်ခဲ့ပါသည်။  ကမ္ဘာ့အမွေအနှစ်စာရင်း၀င် သရေခေတ္တရာ မြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ် ၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ မြို့ဟောင်း၏ အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိပါသည်။ ဧရိယာအကျယ် အ၀န်းအားဖြင့် (၁၃၀၂၆)ဧကကျယ်၀န်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါးရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာအုပ်စုတို့ ပါ၀င် လျှက်ရှိပါသည်။ သရေခေတ္တရာ မြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာ အုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျှက်ရှိပါသည်။ သရေခေတ္တရာ မြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ ရွာမြေ(၄၇၀)ဧက သာသနာမြေ(၁၅၇) ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆)ဧကရှိပါသည်။ သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့် ခရီးသွားဧည့်သည် များ၊ ဘုရားဖူးခရီးသည်များ လေ့လာဖူးမြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊ သာသနိက အဆောက်အဦများတည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦ ပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁)ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၂၄)ကုန်းတို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်ပါသည်။ သရေခေတ္တရာ မြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီးကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံးရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘောကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင် ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျှက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

၂၀။     ယခင်က ပဲခူးတိုင်းတွင် ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီခရိုင်၊ အင်းစိန်ခရိုင်၊ ပြည်ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ ခရိုင်(၆)ခု ပါဝင်ခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/ တိုင်းနှင့် ခရိုင်များသတ်မှတ် ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါခရိုင်(၆)ခရိုင် ဖြင့်ပင် ဆက်လက်တည်ရှိခဲ့ပါသည်။ ပြည်ထဲရေးဌာန၏ (၂၉.၉.၁၉၆၅)ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့တွင် ခရိုင်ရုံးစိုက်ခဲ့ပါသည်။

၂၁။    ပြည်ထဲရေးဌာန၏(၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း၊ (၄.၁၁.၁၉၆၅)ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆) မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကိုမြို့နယ်(၈) မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇) မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့် လည်းကောင်းဖွဲ့စည်း၍ ပဲခူးတိုင်းဟုသတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ် ပါဝင်ခဲ့ပါသည်။

၂၂။     (၂၀.၆.၁၉၇၂)ရက်စွဲဖြင့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန်တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နှင့် မြို့နယ်(၂၈)မြို့နယ် ကျန်ရှိခဲ့ပါသည်။ ထို့နောက်ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃.၈.၁၉၇၂) ရက်စွဲဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့ပါသည်။

၂၃။    နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်၏တိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် (၁၈.၁၀.၁၉၈၉)ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီ မြို့နယ်စုဟူ၍ မြို့နယ်စု(၄)စုပါဝင်ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စု များ၏ အမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ်(၂၈)မြို့နယ်၊ မြို့(၅၁)မြို့၊ ရပ်ကွက်(၃၂၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၀)အုပ်စု၊ ကျေးရွာ(၆၄၄၁) ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။