Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီး ချေးငွေအကြံပေးအဖွဲ့မှ ချေးငွေထုတ်ချေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ချေးငွေအကြံပေးအဖွဲ့မှ ချေးငွေထုတ်ချေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မေ ၁၆ (ပဲခူး)

===================================

မေလ (၁၆)ရက်၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ခုနှစ်၊ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ ကျင်းပသည်။

ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စိုက်ပျိုးစရိတ်ချေးငွေများအား စိုက်ပျိုးချိန်မီ ထုတ်ချေးပေးနိုင်ရေးနှင့် စာရင်းဇယားများ မှန်မှန်ကန်ကန် ဖြစ်စေရေး မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက စိုက်ပျိုးစရိတ်များထုတ်ချေးပေးရာတွင် သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် မြို့နယ်အဆင့်အထိ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် တင်ပြဆွေး နွေးခဲ့သည်။

          ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးရေး အကြံပေးကော်မတီဝင်များမှ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ရာ၊ ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          အခမ်းအနားသို့ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေမှူးနှင့် ပဲခူးတိုင်းဒေသကြီး ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးရေး အကြံပေးကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။