Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်း အစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၁၀(ပဲခူး)

=======================

စက်တင်ဘာလ(၁၀)ရက်နေ့ ၊ နံနက်(၁၀) နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇)အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံမှ တက်ရောက်၍ အဖွင့်မှာစကားပြောကြားသည်။

အစည်းအဝေး၌ စိမ်းလန်းမြေ (Green Land) အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်း ဆောင်ရွက်မည့်အချက်များ၊ အစိမ်းရောင်မြို့တော်များ၏ အင်္ဂါရပ်များနှင့်အညီ ပြန်ပြည့်မြဲစွမ်းအင်ပြောင်းလဲအသုံး ပြုခြင်း၊ ရေကောင်းရေသန့် ရေရှည်တည်တံ့ကောင်းမွန်စေရေးထိန်းသိမ်းခြင်း၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေကို အထောက်အကူပြုသည့် ဆောင်ရွက်ချက် များအား အသေးစိတ် ညှိနှိုင်းဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ ဝန်ကြီး၊ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။