Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ မြေယာပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ မြေယာပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

မေ ၁၄ (ပဲခူး)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

မေလ (၁၄) ရက်နေ့ နံနက် (၇) နာရီအချိန်ကပဲခူးမြို့နယ်၊ ထားဝယ်အင်းကျေးရွာအုပ်စု၊ ထားဝယ်အင်းကျေးရွာတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့မြေယာပေးအပ်လှူဒါန်း ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးနော်ပွယ်စေးမှ အမှာစကားပြောကြားရာတွင် တိုင်းအတွင်းရှိ တိုင်းရင်းသားအားလုံး တစ်နေရာတည်းရှိစေရန်ရည်ရွယ်ပြီး မြေကွက်များလှူဒါန်းပေးပါသော အလှူရှင်အား အထူးပင်ကျေးဇူးတင်ကြောင်း၊ လူမျိုးအလိုက် ရရှိသောမြေကွက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ညှိနိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(ငြိမ်း) ပဒိုစောဂျူဘလီစံလှ၊ တိုင်းစာပေးနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ ပါမောက္ခဒေါက်တာကြည်စိုးတို့မှ အမှာစကား ပြောကြားကြသည်။
ထို့နောက် အလှူရှင် မွန်တိုင်းရင်းသား မင်းသိန်းသန်းမှ မြေကွက်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြေနှင့်သက်ဆိုင်သော စာရွက်စာတန်းများအား တိုင်းရင်းသားများကိုယ်စား တိုင်းရင်းသားရေးရာဝန်ကြီးထံ ပေးအပ်လှူဒါန်းကာ ညီတူညီမျှရှိစေရန် တက်ရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်များက မြေယာကွက်အမှတ်များအား မဲနိုက်ရယူကြပြီး ၄င်းတို့ရရှိသော မြေကွက်များတွင် မှတ်တမ်းဓါတ်ပုံအသီးသီး ရိုက်ကူးခဲ့ကြသည်။
ပဲခူးတိုင်းအတွင်းရှိ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အကျိုးအတွက် ဆောင်ရွက်နိုင်ရန် တစ်ဖွဲ့လျှင် ပေ(၁၀၀x၂၀၀)မြေယာကွက်များ စုစုပေါင်း၃ဧက လှူဒါန်းပြီး ထပ်မံလိုအပ်လာလျှင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေ၊ တိုင်းရင်းသားလှူမျိုးများရေးရာဝန်ကြီး(ငြိမ်း) ပဒိုစောဂျူဘလီစံလှ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု ဒုဥက္ကဌ ပါမောက္ခဒေါက်တာကြည်စိုး၊ မွန်၊ ပအိုဝ်း၊ ကရင်၊ အရှိုချင်း၊ ရှမ်း၊ ကယား တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။